ရန်ကုန်ဘူတာကြီး၊ စင်္ကြံပလက်ဖောင်းများ အဆင့်မြှင့်တင်မည်

၂၀၂၃၊ စက်တင်ဘာ ၃
    ရန်ကုန်ဘူတာကြီး၊ စင်္ကြံပလက်ဖောင်း အမှတ်(၆)နှင့် (၇)တို့ကို အဆင့်မြှင့် တင်သွားမည်ဖြစ် ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့မီးရထား မှသိရသည်။
    လက်ရှိတွင် ရန်ကုန်မြို့ပတ်ရထားလမ်း အဆင့်မြှင့်တင်ရေးစီမံကိန်း၊ ရန်ကုန်ဘူတာကြီး စင်္ကြံပလက်ဖောင်း အမှတ်(၆) နှင့်(၇) အဆင့်မြှင့်တင်ခြင်း လုပ်ငန်းဆောင်ရွက်ရန်အတွက် အိတ်ဖွင့်တင်ဒါ (Open Tender) ခေါ်ယူထားပြီး တင်ဒါအတွက် ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ်ရှိ ကုန်သည် လမ်းနှင့် ၅၁ လမ်းထိပ်၊ မြန်မာ့မီးရထား၊ ထောက်ပံ့ဌာနတွင် မေးမြန်းစုံစမ်းနိုင် ကြောင်း အသိပေးထားသည်။
    ရန်ကုန် မြို့ပတ်ရထားလမ်း အဆင့်မြှင့်တင်ရေး စီမံကိန်းတွင် သံလမ်းများ အဆင့်မြှင့်တင်ခြင်း၊ ဘူတာရုံများအဆင့် မြှင့်တင်တည်ဆောက်ခြင်း၊ လူကူးခုံးကျော် တံတားများ တည်ဆောက်ခြင်း၊ သံလမ်းကူး နေရာ (Level Crossing)များ အဆင့်မြှင့်တင်ခြင်းနှင့် ရထားလမ်းဘေးဝဲယာတစ်လျှောက် ပြုပြင်ထိန်းသိမ်းခြင်း၊ အချက်ပြဆက်သွယ် ရေးစနစ်များ တပ်ဆင်ခြင်းစသည့် လုပ်ငန်းစဉ်များပါဝင် နေပြီး လက်ရှိတွင် လမ်းပိုင်းအဆင့်မြှင့်တင်ရေးအပါအဝင် လုပ်ငန်းစီမံ ကိန်းတော်တော်များများ ရာနှုန်းပြည့် ပြီးစီးနေပြီဖြစ်သည်။
    ပြီးခဲ့သည့် စက်တင်ဘာလအတွင်းကလည်း မြို့ပတ်ရထားလမ်းပိုင်း အဆင့်မြှင့် တင်ခြင်းစီမံ ကိန်းတွင် ပါဝင်သည့် ပုရွက်ဆိတ်ကုန်းဘူတာနှင့် ကျောက်ရေတွင်း ဘူတာကြား၊ ဘောက်ထော်ဘူ တာနှင့် တာမွေဘူတာကြား၊ ကျောက်ရေတွင်းဘူတာနှင့် တံတားကလေးဘူတာကြား၊ ရေကူးဘူတာ နှင့် တံတားကလေးဘူတာကြား နေရာလေးခုတွင် လူကူးခုံးကျော် တံတားတည်ဆောက်ရန် တင်ဒါခေါ်ယူခဲ့သည်။

Total Views ~ 291

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

48622

© 2022 - 2025 News. All Rights Reserved.