Breaking

ရန်ကုန်-ပုသိမ် လမ်းမကြီး တိုးချဲ့ရာတွင် မလွတ်ကင်းသော ဓာတ်အားလိုင်းများ ရွှေ့ပြောင်း တည်ဆောက်မည်

ရန်ကုန်၊ ဇွန် ၁၀
    လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်နှင့် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်များအတွင်းရှိ ရန်ကုန် - ပုသိမ်(အမှတ်-၅)လမ်းမ ကြီးတစ်လျှောက် လမ်းတိုးချဲ့ရာတွင် မလွတ်ကင်းသော ဓာတ်အားလိုင်းများ ရွှေ့ပြောင်းတည်ဆောက်မည်ဖြစ်ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ရန်ကုန်လျှပ်စစ်ဓာတ်အား ပေးရေးကော်ပိုရေးရှင်း(YESC) မှ သိရသည်။
    ယင်းသို့ ဓာတ်အားလိုင်းများရွှေ့ပြောင်း တည်ဆောက်မည့် အခြေအနေများ နှင့် ဓာတ်အားခွဲရုံများမှ ဓာတ်အားဖြန်ဖြူးထားမှု အခြေအနေများအား ဇွန် ၈ ရက်က ရန်ကုန်လျှပ်စစ်ဓာတ်အား ပေးရေးကော် ပိုရေးရှင်းဥက္ကဋ္ဌ ဦးအောင်ကျော်ဦးသည် ရုံးချုပ်မှ တာဝန်ရှိသူများ၊ ရန်ကုန်လျှပ်စစ်ဓာတ် အားပေးရေး ကော်ပိုရေးရှင်း မြောက်ပိုင်းခရိုင်လျှပ်စစ်အင်ဂျင်နီယာတို့နှင့်အတူ ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်း သိရသည်။
    ရန်ကုန်-ပုသိမ်လမ်း တိုးချဲ့ခြင်းနှင့် မလွတ်ကင်းသော ၁၁ ကေဗွီ မြို့တွင်း လိုင်းဟောင်းဖီဒါနှင့် စက်မှုဇုန်(၄)တိုးချဲ့ဖီဒါတို့အား မင်းကြီးမဟာမင်းခေါင်လမ်းအတိုင်း ပြောင်းရွှေ့တည်ဆောက်မည့် လမ်းအူကြောင်းတစ်လျှောက် အခြေအနေများနှင့် ၃၃ ကေဗွီ လှိုင်သာယာ-နဝဒေးဖီဒါနှင့် ရွှေသံလွင်ဖီဒါ နှစ်ထပ်ဓာတ်အားလိုင်းရွှေ့ပြောင်း တည်ဆောက်ရန် ရွှေသံလွင်စက်မှုဇုန်နှင့် ရွှေကမ်းသာယာအိမ်ရာ အတွင်းရှိ ဓာတ်အားလိုင်း အခြေအနေများအား YESC ဥက္ကဋ္ဌ ဦးအောင်ကျော်ဦးနှင့် အဖွဲ့ဝင်များက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
    ထို့နောက် လှိုင်သာယာစက်မှုဇုန် (၁၊ ၂၊ ၃၊ ၄)၊ ရွှေသံလွင်စက်မှုဇုန်၊ အနော်ရထာ စက်မှုဇုန်နှင့် မြစိမ်းရောင်စက်မှုဇုန်များသို့ ဓာတ်အား ဖြန့်ဖြူးပေးထားသည့် ၃၃ ကေဗွီဓာတ်အားလိုင်းများ၊ ၃၃/၁၁ ကေဗွီ ရွှေကမ်းသာယာဓာတ်အားခွဲရုံ၊ အနော်ရထာ ဓာတ်အားခွဲရုံ၊ မြစိမ်းရောင်ဓာတ်အားခွဲရုံတို့မှ ဓာတ်အား ဖြန့်ဖြူးပေးထားမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ခွဲရုံများအတွင်း ပျောက်ဆုံး ယူနစ်များ တွက်ချက်မှုမှန်ကန်စေရေးအတွက် ခွဲရုံများရှိ Analog မီတာများအား Digital မီတာများဖြင့် အစားထိုး လဲလှယ်တပ်ဆင်ရန်၊ စက်မှုဇုန်များသို့ ဓာတ်အားဖြန့်ဖြူးမှု ပိုမိုကောင်းမွန်စေရေးအတွက် ဒီပဲယင်းဝန်ထောက် ဦးမြဲလမ်းတစ်လျှောက် ၃၃ ကေဗွီ ဓာတ်အားလိုင်းအသစ်များ တိုးချဲ့တည် ဆောက်ရေးတို့ကို အဆိုပြုတင်ပြရန် YESC ဥက္ကဋ္ဌ ဦးအောင်ကျော်ဦးက လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။ နဒီ

Total Views ~ 13

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

45363

© 2022 - 2025 News. All Rights Reserved.