ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးအား လေးလမ်းသွား နိုင်လွန်ကတ္တရာခင်း၍ အဆင့်မြှင့်တင်ခြင်းလုပ် ငန်းများဆောင်ရွက်မည်

ရန်ကုန်၊ သြဂုတ် ၆
    ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးအား လေးလမ်းသွား နိုင်လွန်ကတ္တရာခင်း၍ အဆင့်မြှင့်တင် ခြင်းလုပ်ငန်းများ ဆောင်ရွက်သွားနိုင်ရေး စီမံချက်ရေးဆွဲသွားရန် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။
    ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတစ်လျှောက် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများအား နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီတွဲဖက်အမှု ဆောင်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် ခရီးစဉ်တွင် လိုက်ပါလာသည့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများလိုက်ပါ၍ အမြန်လမ်းမကြီး ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှု ဖြစ်ပေါ်ခဲ့သည့် လမ်းပိုင်းအခြေအနေများအား စစ်ဆေးရာတွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
    စစ်ဆေးမှုတွင် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး တစ်လျှောက်ရှိ လမ်းနယ် ပေ ၂၀၀ အတွင်း အမြဲစိမ်းသစ်ပင်များ စိုက်ပျိုးသွားရန်လိုကြောင်း၊ လမ်းနယ်အတွင်း လေကာပင်များကို လမ်းဖြင့် ၁၀ ပေခြား၍ နှစ်တန်း (သို့မ ဟုတ်) သုံးတန်း စိုက်ပျိုးသွားရန် လိုကြောင်း၊ အလားတူ လမ်းဘေးဝဲယာရှိ သစ်တောကြိုးဝိုင်း ကြိုးပြင်တောများကိုလည်း ယခုနှစ်မိုးရာသီအတွင်းသစ်ပင်များ စိုက်ပျိုးသွားရန်နှင့် ငါးဧက၊ ၁၀ ဧကခန့်ရှိသော သစ်တောငယ်များ ထူထောင်စိုက်ပျိုးသွားရန်လိုကြောင်း ပြောကြားသည်။
    ထို့အပြင် အမြန်လမ်းမကြီးဘေး တစ်လျှောက်ရှိ တရားမဝင်ဖွင့်လှစ်ထားသည့် စားသောက်ဆိုင်များနှင့် အခြား တရားမဝင်ဆောက်လုပ်ထားသည့် အဆောက်အအုံများကိုလည်း အမြန်လမ်းမကြီး ဥပဒေနှင့်အညီ ထိန်းသိမ်းဆောင်ရွက်သွားရန် လိုကြောင်း၊ အလားတူ အမြန်လမ်းပေါ်သို့ တက်ရောက် ရန်အတွက် တရားမဝင်လမ်းများ ဖောက်လုပ်ထားရှိမှု မရှိစေရေးနှင့် အမြန်လမ်းမပေါ် တက်ရောက်မည့် သတ်မှတ်ထားသည့် လမ်းများကိုလည်း အမြန်လမ်းမကြီးဥပဒေ၊ သတ်မှတ်စည်းမျဉ်းစည်းကမ်းများအတိုင်း ဖောက်လုပ်ရေးအတွက်လည်း ထိန်းသိမ်းကြပ်မတ် ဆောင်ရွက်သွားရန် လိုကြောင်း ပြောကြား ခဲ့သည်။
    ဆက်လက်၍ ဆွာချောင်းတံတား  ပြန်လည်တည်ဆောက်နေမှု အခြေအနေကို စစ်ဆေးပြီး တံတားတည်ဆောက်ရေးလုပ်ငန်းများကို စနစ် တကျ ဆောင်ရွက်ရန်၊ ဆွာချောင်း ကမ်းထိန်းလုပ်ငန်းများနှင့် ရေလမ်းကြောင်း ကောင်းမွန်ရေး ဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရသည်။(ထူးမြတ်)

Total Views ~ 4

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

48912

© 2022 - 2025 News. All Rights Reserved.