Breaking

ရန်ကုန်-မန္တလေးရထားလမ်း အဆင့်မြှင့်တင်ရေး စီမံကိန်းတွင် တည်ဆောက်ရေးလုပ်ငန်း ငါးခု ဆောင်ရွက်ရန် တင်ဒါခေါ်ယူ

ရန်ကုန်၊ ဇွန် ၄
    ရန်ကုန်-မန္တလေး ရထားလမ်း အဆင့်မြှင့်တင်ရေး စီမံကိန်းတွင် တည်ဆောက်ရေးလုပ်ငန်းငါးခု ဆောင်ရွက်ရန်အတွက် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ မြန်မာ့မီးရထားမှ အိတ်ဖွင့် တင်ဒါ ခေါ်ယူထားသည်။
    အဆိုပါ လုပ်ငန်းများတွင် ပဲခူး-ညောင်လေးပင်လမ်းပိုင်း၌ (ဘုရားကြီး၊ ပျဉ်ပုံကြီး၊ ကဒုတ်၊ ဖောင်တော်သီ၊ အိမ်ခြေလေးဆယ်၊ ဒိုက်ဦး၊ ပြွန်တန်ဆာ၊ ညောင်လေးပင်) နှစ်ခန်းတွဲ ဝန်ထမ်းနေအိမ်ရှစ်လုံး တည်ဆောက်ခြင်း(၄၄_၃၂)၊ RC Structure, Brick Walling, ကွန်ကရစ်ကြမ်းခင်း 4 Angle  အမိုး (ရေ၊မီး၊ မိလ္လာ အပါအဝင်) နှင့် ညောင်လေးပင်-တောင်ငူလမ်းပိုင်းတွင် နှစ်ခန်းတွဲ ဝန်ထမ်းနေအိမ်နှစ်လုံး တည် ဆောက်ခြင်း (၄၄_၃၂) (RC ရေ၊ မီး၊ မိလ္လာ အပါအဝင်)နှင့် လေးခန်းတွဲ ဂိတ်စောင့် နေအိမ်နှစ်လုံး တည်ဆောက်ခြင်း (၈၈_၃၂ ) (RC ရေ၊ မီး၊ မိလ္လာ အပါအဝင်) စသည့် လုပ်ငန်းနှစ်ခု ပါဝင်သည်။
    ထို့အပြင် ညောင်လေးပင်-တောင်ငူအပိုင်း၊ ညောင်လေးပင်-ဖြူးကြား သံကူကွန်ကရစ်တိုင်ဖြင့် Chain Link ခြံစည်းရိုးကာရံခြင်းလုပ်ငန်း ပေ ၂၅၀၀၀ ကိုလည်း Lot (1,2,3) ခွဲ၍ Lot အလိုက် တင်ဒါခေါ်ယူထားသည်။
    ရန်ကုန်-မန္တလေး ရထားလမ်း အဆင့်မြှင့်တင်ရေး စီမံကိန်းတွင် ယင်းလုပ်ငန်းများအား မြန်မာကျပ်ငွေဖြင့် ဆောင်ရွက်ရန်အတွက် အိတ်ဖွင့်တင်ဒါ ခေါ်ယူထားခြင်း ဖြစ်သည်။
    တင်ဒါပုံစံများကို ဗိုလ်တထောင် မြို့နယ်ရှိ မြန်မာ့မီးရထား၊ ထောက်ပံ့ဌာနတွင် ဇွန် ၂ ရက်မှ စတင်ကာ ရောင်းချပေးနေပြီး ဇူလိုင် ၂ ရက်တွင် တင်ဒါပိတ်မည်ဖြစ်ကြောင်း အသိပေးထားသည်။ နဒီ

Total Views ~ 37

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

45369

© 2022 - 2025 News. All Rights Reserved.