ရန်ကုန်၊ နိုဝင်ဘာ ၂၀
မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံကြား ခရီးသွားကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်လျက်ရှိမှုအခြေအနေများနှင့် တိုက်ရိုက်လေကြောင်းပျံသန်းမှုများ တိုးချဲ့ဆောင်ရွက်ရေးကိစ္စရပ်များကို နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဘူရားတီးရားပြည်နယ်အကြီးအကဲ၊ ဘူရားတီးရားပြည်နယ်အစိုးရဥက္ကဋ္ဌ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား နိုဝင်ဘာ ၁၅ ရက်က လက်ခံတွေ့ဆုံရာတွင် ဆွေးနွေးပြောကြားခဲ့သည်။
တွေ့ဆုံဆွေးနွေးမှုတွင် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်ကောင်းမွန်လျက်ရှိမှု အခြေအနေများ၊ ချစ်ကြည်ရေး ခရီးစဉ်များ အပြန်အလှန် လည်ပတ်လျက်ရှိမှုအခြေအနေများ၊ မြန်မာနိုင်ငံတွင် စပါး၊ ဆီထွက်သီးနှံနှင့် ပဲများကို အဓိကထား စိုက်ပျိုး လျက်ရှိပြီး စိုက်ပျိုးရေးလုပ်ငန်းများအတွက် လိုအပ်သည့်သဘာဝမြေသြဇာများ ထုတ်လုပ်နိုင်ရေး စက်ရုံများတည်ဆောက်လျက်ရှိမှုအခြေအနေများ၊ ဆီထွက်သီးနှံဖြစ်သည့် နေကြာစိုက်ပျိုးမှုတိုးတက်စေရေး ပူးပေါင်းဆောင်ရွက်နိုင်သည့် အခြေအနေများ၊ မြန်မာနိုင်ငံမှ ထွက်ရှိသည့် သစ်တောထွက် ပစ္စည်းများဖြင့် သစ်ပါးလွှာနှင့် ပျော့ဖတ်များ ထုတ်လုပ်နိုင်သည့်အခြေအနေများ၊ ရော်ဘာစိုက်ပျိုးထုတ်လုပ်မှုနှင့် ဝါစိုက်ပျိုးမှုတိုး တက် ထုတ်လုပ်နိုင်ရေးနှင့် ကုန်ကြမ်းများကို ကုန်ချောအဖြစ် ထုတ်လုပ်နိုင်ရေး ပူးပေါင်းဆောင်ရွက်နိုင်သည့် အခြေအနေများ ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့အပြင် စက်မှုကုန်ထုတ်လုပ်ငန်းများတွင် နည်းပညာမြှင့်တင်မှုများ ပူးပေါင်းဆောင်ရွက်နိုင်သည့် အခြေအနေများ၊ တွင်းထွက်ပစ္စည်း ထုတ်လုပ်မှုလုပ်ငန်း၊ ပို့ဆောင်ရေးလုပ်ငန်းများတွင် နည်းပညာပူး ပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ခရီးသွားကဏ္ဍများ ဖွံ့ဖြိုးတိုး တက်ရေး ပူးပေါင်းဆောင်ရွက်လျက်ရှိမှု အခြေအနေများနှင့် တိုက်ရိုက်လေကြောင်းပျံ သန်းမှုများ တိုးချဲ့ဆောင်ရွက်ရေးကိစ္စရပ် များ၊ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာတော်သင်များစေလွှတ်ရေးနှင့် ပညာရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးကိစ္စရပ်များ၊ ကျန်းမာရေးကဏ္ဍတွင် ပူးပေါင်း ဆောင်ရွက်မှုများ ပိုမို မြှင့်တင် ဆောင်ရွက်နိုင်သည့် ကိစ္စရပ်များ ဆွေးနွေးခဲ့ကြောင်း သိရသည်။ ထူးမြတ်