၂၀၂၃၊ ဧပြီ ၁
ယမန်နေ့ (မတ် ၃၁)နံနက် ၃နာရီအချိန် ပခုက္ကူခရိုင် ရေစကြိုမြို့နယ် ၏အရှေ့တောင်ဘက် ၂ မိုင်ခန့်အကွာ ညောင်ဇောက်ကျေးရွာ၌ အခြေပြုလျက်ရှိသော ခလရ(၂၅၇)၊ မမစ(ရေစကြို)တိုမှ ပူးပေါင်းအဖွဲ သည် ညောင်ဇောက်ရွာ၏ အရှေ့ တောင်ဘက် ၂ မိုင်ခန့်အကွာ သမန္တပိုအလယ်ရွာ သို အကြမ်းဖက်ချေမှုန်းရေး ဆောင်ရွက်စဉ် သမန္တပိုတောင်ကျေးရွာရှိ ရစဖမှူးရုံ ၌ အခြေချ နေထိုင်သော အကြမ်းဖက်အုပ်စု PDF အဖွဲဝင် ဗိုလ်မုန်တိုင်း ဦးဆောင်သည့် အင်အား ၁၅ ဦးခန့်နှင့် ထိတွေ့မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထိုနောက် ယင်းနေ့ နံနက် ၆နာရီအကျော်တွင်ပစ်ခတ်မှုရပ်တန့်သွားကာ အကြမ်းဖက်အုပ်စု PDF အဖွဲသည် ချင်းတွင်းမြစ်အရှေ့ဘက်သို ဆုတ်ခွာသွားခဲ့ကြောင်း သိရပြီး ဖြစ်စဉ်တွင် အကြမ်းဖက်အုပ်စု PDF အလောင်း ၅ လောင်း၊ AK-47 သေနတ် ၂ လက်၊ M4 ကာဘိုင် ၁ လက်၊ အူဇီ ၁ လက်၊ လက်လုပ်သေနတ် ၁ လက်၊ ၇.၆၂ ကျည် ၁၆၃ တောင့်၊ ၅.၅၆ ကျည် ၈၃ တောင့်၊ ၉မမ ကျည် ၆ တောင့် သိမ်းဆည်းရမိခဲ့ပြီး လုံခြုံရေး အဖွဲမှ ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း သိရသည်။
ထိုနောက် ပူးပေါင်းအဖွဲသည် ရစဖမှူးရုံးအတွင်း ထပ်မံရှာဖွေစစ်ဆေးရာ AK-47 ကျည်အိမ် ၂ ခု၊ M-4 ကျည်အိမ် ၂ ခု၊ အူဇီကျည်အိမ် ၁ ခု၊ စကားပြောစက် ၃ လုံး၊ အားသွင်းခွက် ၆ ခု၊ လက်လုပ်မိုင်း ၉လုံး၊ ဒီတိုနေတာ ၂ ခု၊ ယမ်းကြိုး ၂ ချောင်း၊ ရီမု ၁ ခု၊ ဆားကစ်ပြား ၁၁ ခု၊ မီးတိတ် ခွေ ၄ ခွေ၊ နိုင်လွန်ကြိုးခွေ ၂ ခွေ၊ မောင်ဝင်းထွဋ် အမည်ပါမှတ်ပုံတင် ၁ ခု၊ မောင်ဝင်းထွဋ်အမည်ပါ ယာဉ်မောင်းလိုင်စင် ၁ ခု တိုအား သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။