Breaking

ရွေးကောက်ပွဲကျင်းပလျှင် ကရင်ပြည်နယ် ဒေသအချို့ လုံခြုံရေးအရ ချန်လှပ်ထားခံရနိုင်

နေပြည်တော်၊ ဇွန် ၁၀
    ရွေးကောက်ပွဲကျင်းပလျှင် ကရင် ပြည်နယ်အတွင်း ဒေသအချို့ ချန်လှပ်ထားခြင်းရခံနိုင်ကြောင်း ကရင်အမျိုးသားဒီမိုက ရက်တစ်ပါတီဥက္ကဋ္ဌ မန်းအောင်ပြည်စိုးက ပြောသည်။ 
    "ရွေးကောက်ပွဲမှာ ချန်လှပ်ထားခံရနိုင်တဲ့ နေရာတွေရှိတယ်။ ရှိနိုင်တယ်။ လောလောဆယ်အခြေအနေအရ ကော့ကရိတ်၊ သံတောင်၊ ကြာအင်းဆိပ်ကြီး၊ မြဝတီဆိုရင်တော့ ရကောင်း ရနိုင်တယ်။ လုပ်နိုင်တဲ့ အခြေအနေက ဘားအံ၊ လှိုင်းဘွဲနဲ့ မြဝတီမြို့ပေါ်လောက်ပဲရှိတယ်။ ကျန်တာတွေက လက်ရှိအခြေအနေအရ မလွယ်ဘူး။ ချန်လှပ်ထားခံရနိုင်တယ်။ ကျွန်တော်ပြောတာက လုပ်လို့ ရနိုင်တဲ့နေရာ။ သူတို့ကတော့ ဘယ်လိုလုပ်မလဲ မသိသေးဘူး။ သူတို့ဆုံးဖြတ်တဲ့အပေါ်မှာ ကျွန်တော်တို့ လှုပ်ရှားရမှာ။ အခုကတော့ တရားဝင်ညွှန်ကြားချက် ဘာမှမလာသေးတော့ ဘာမှလုပ်လို့မရဘူး ဖြစ်နေတယ်။ အကြံပြုချင်တာက ဒီရွေးကောက်ပွဲက လွတ်လပ်မျှတ သမာသမတ်ကျတဲ့ ရွေး ကောက်ပွဲ လုပ်ဖို့အတွက် ငြိမ်းချမ်းရေး လိုအပ်တယ်။ ငြိမ်းချမ်းရေး ရနိုင်ဖို့အတွက် စည်းလုံးညီညွတ်မှု ရှိဖို့လိုတယ်။ အဲဒါကြောင့် စည်းလုံးညီညွတ်မှု ရှိနိုင်ဖို့ တွေ့ဆုံဆွေးနွေးပွဲတွေ၊ ဖိုရမ်တွေ အခါအားလျော်စွာ တွေ့ဆုံကြပြီးတော့ နိုင်ငံတော် ငြိမ်းချမ်းရေး၊ အေးချမ်းသာယာရေး၊ တည်ငြိမ်ရေးအတွက် လုပ်ဖို့လို တယ်။ အဲဒါမှ ရွေးကောက်ပွဲကို အောင်အောင်မြင်မြင်နဲ့ လုပ်နိုင်မယ်"ဟု ၎င်းကပြောသည်။ 
    ကရင်ပြည်နယ်အတွင်း မြို့နယ်တချို့တွင်သာ ရွေးကောက်ပွဲ ကျင်းပနိုင်မည်ဆိုလျှင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် အနည်းအကျဉ်းသာ ရှိမည်ဖြစ်ကြောင်း မန်းအောင်ပြည်စိုးက ပြောသည်။ 
    "ပြည်ထောင်စုအဆင့်မှာ အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ ပြည်ထောင်စုလွှတ်တော် အစရှိသဖြင့် ဖွဲ့နိုင်မယ်။ ကျွန်တော်တို့ပြည်နယ်မှာ ဘယ်လိုလုပ်မလဲဆိုတာ စဉ်းစားမရဘူး။ နှစ်မြို့နယ်ပဲဆိုရင် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် နည်းနည်းပဲရှိမယ်။ အဲဒီပြည်နယ်လွှတ်တော် ကိုယ်စားလှယ်နည်းနည်းနဲ့ အစိုးရဘယ်လို ဖွဲ့မလဲ၊ ဘယ်ပုံစံ ဖွဲ့မလဲ၊ ဖွဲ့ရော ဖွဲ့မလား၊ ကြားဖြတ် ခန့်အပ်တဲ့ နည်းနဲ့ပဲလုပ်မလား။ အဲဒါတွေကတော့ ရွေးကောက်ပွဲ နည်းဥပဒေထွက်လာမှပဲ ပြောလို့ရမယ်။ နည်းဥပဒေ ကိုလည်း မျှော်နေတယ်"ဟု ၎င်းကပြောသည်။ 
    မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာလနှင့် ၂၀၂၆ ခုနှစ် ဇန်နဝါရီလတို့တွင် အပိုင်းလိုက်ခွဲ၍ ကျင်းပသွားမည်ဖြစ်ကြောင်း နိုင်ငံတော်ဝန်ကြီးချုပ်က ပြောကြားထားသည်။
    ရွေးကောက်ပွဲကျင်းပမည့်ရက် ထုတ်ပြန်ကြေညာပြီးသည့်အချိန်တွင် ဖြစ်ပေါ်လျက်ရှိသည့် နယ်မြေဒေသလုံခြုံရေး အခြေအနေအရ ရွေးကောက်ပွဲ ကျင်းပနိုင်သည့်မြို့နယ်များတွင် ဆောင်ရွက်သွားမည်ဖြစ်ပြီး မကျင်းပနိုင်သည့် နယ်မြေများကိုလည်း ထုတ်ပြန်ကြေညာပေးမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ လက်ရှိ စာရင်းဇယားများအရ မြို့နယ်ပေါင်း ၂၆၇ မြို့နယ် တွင် ကျင်းပရန်ရှိကြောင်း သိရသည်။ ကွန်းဈာန်

Total Views ~ 26

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

45362

© 2022 - 2025 News. All Rights Reserved.