Breaking

ရွှေတိဂုံ(အနောက်ဘက်မုခ်နှင့် ပြည်သူ့ရင်ပြင်) မြေအောက်လမ်းကူး လူသွားဥမင် တည်ဆောက်ရေး ကာလ ၁၄ လ ခန့် ကြာမြင့်မည်

၂၀၂၃ အောက်တိုဘာ ၃၀
    ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့ နယ် ဦးဝိစာရလမ်း ရွှေတိဂုံစေတီတော် (အနောက်ဘက်မုခ်နှင့် ပြည်သူ့ရင်ပြင်) မြေအောက်လမ်းကူး လူသွားဥမင်(Underpass) တည်ဆောက်မှုနှင့် ပတ်သက်၍ စီမံကိန်း ကာလ ၁၄ လခန့် ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။
    အဆိုပါ မြေအောက်လမ်းကူး လူသွားဥမင်ကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ရန်ကုန်မြို့တော်စည် ပင်သာယာရေးကော်မတီမှ ကြီးကြပ်ကွပ်ကဲမှုဖြင့် တည်ဆောက်မည်ဖြစ်ပြီး တည်ဆောက်ရခြင်း ရည်ရွယ်ချက်မှာ ရွှေတိဂုံစေတီတော်နှင့် ပြည်သူ့ ရင်ပြင်သို့ ပြည်သူများသွားလာရာတွင် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းစေရေး၊ သက်သောင့် သက်သာ ဖြတ်သန်းသွားလာနိုင်ရန်နှင့် ခေတ်မီအခြေခံအဆောက်အအုံတစ်ခု ထပ်မံပေါ်ပေါက်လာ စေရန် ရည်ရွယ်၍ တည်ဆောက်ခြင်းဖြစ်ကြောင်း သိရသည်။
    မြေအောက်လမ်းကူး လူသွားဥမင် လူသွားလမ်းအကျယ် ၂၃ ပေ၊ အလျား ၄၆၁ ပေ ၉ လက်မ၊ ဝင်ထွက်ပေါက်လေးခု၊ ရွေ့လျားစက်လှေကားလေးစင်း၊ မသန်စွမ်း သူများ အသုံးပြုရန် ဓာတ်လှေကား ၁၀ ယောက်စီး နှစ်စင်းပါဝင်ကြောင်း သိရပြီး လူသွားဥမင် တည်ဆောက်ရန် မြေသန့် မင်္ဂလာ အခမ်းအနားကို အောက်တိုဘာ ၁၉ ရက်က ပြုလုပ်ခဲ့သည်။

Total Views ~ 280

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

45389

© 2022 - 2025 News. All Rights Reserved.