Breaking

ရွှေနဲ့အဖိုးတန် ဓာတ်သတ္တုများထွက်ရှိရာ ကချင်အထူးဒေသ(၁)ကို စစ်ရေးချဲ့ထွင်လာတဲ့  KIA ၊ PDF ကို ဒေသခံများ လုံးဝလက်မခံ

နေပြည်တော်၊ အောက်တိုဘာ ၉
    စီးပွားရေးလမ်းကြောင်းကောင်းသည့် နေရာဒေသများကိုရယူရန် စစ်ရေးအရ နယ်မြေချဲ့ထွင်လာသည့် KIA ၊ PDF ကို ငြိမ်းချမ်းစွာနေထိုင်လိုသည့် ဒေသခံများက အလိုမရှိ လက်သင့်မခံကြောင်း ကချင်ပြည်နယ် ဒေသခံများထံမှ သိရသည်။ 
    ကချင်အထူးဒေသ(၁)တွင် စစ်ရေးနယ်ပယ်ချဲ့ထွင်လာသည့် KIA ၊ PDF ကို ဒေသခံများက အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြပြီး အဆိုပါဒေသသည် ရွှေနှင့်အဖိုးတန် ဓာတ်သတ္တုများ ထွက်ရှိရာနေရာ ဖြစ်ကြောင်း ကချင်ပြည်နယ် ဒေသခံတစ်ဦး ကပြောသည်။ 
    "ဒေသမှာ တိုက်ပွဲတွေ ဖြစ်လာလို့ ဆန္ဒပြကြတာ။ KIA က စတိုက်လာပြီ ကချင်အထူးဒေသ (၁)မှာ။ အဲဒီမှာက တပ်မတော်ဘက်က နယ်ခြားစောင့်တပ်တွေရှိတယ်။ ၁၀၀၁ နဲ့ ၁၀၀၂ ရှိတယ်။ KIA က စီးပွားရေးအရ လမ်းကြောင်းကောင်းတဲ့ နေရာဒေသတွေကို အရင်တိုက်နေတာ။ အဲဒီ နေရာမှာက ရွှေတို့၊ ခဲတို့၊ သတ္တုတို့ထွက်တယ်။ အခုဆိုရင် ကချင်ပြည်နယ်မှာ ဘယ်လိုဖြစ်နေလဲဆိုတော့ ကလေးတွေလည်း ကျောင်းကောင်းကောင်း မတတ်ရဘူး။ KIA က ပေါ်တာဆွဲတယ်။ လက်ဖက် ရည်ဆိုင်ထဲအထိ ဝင်ဆွဲတာမျိုးတွေ လုပ်လာကြတယ်။ အခုဆန္ဒပြကြတာက အထူးဒေသထဲက လူတွေပြကြတာ"ဟု ၎င်းကပြောသည်။ 
    အောက်တိုဘာ ၇ ရက်က ကချင် အထူးဒေသ(၁) နယ်မြေများအတွင်းသို စစ်ပွဲများဖော်ဆောင် ဝင်ရောက်ကျူးကျော်သူ KIA၊ PDF အဖွဲ့အား အလိုမရှိကြောင်း ချန်းမောခုန်း၊ နိုဇွန်ဘော်၊ ဂန့်ခွင်း၊ ထွန်းရှိန်၊ ဗွေ လပ် စသည့်ကျေးရွာများမှ ဒေသခံပြည်သူ သုံးရာကျော်တို့ ဆန္ဒပြခဲ့ကြောင်း သိရသည်။ 
    ဆန္ဒပြတောင်းဆိုမှုတွင် ပညာ ရေးအဖွဲ့အစည်းများ၊ ဒေသခံရပ်မိရပ်ဖများ၊ ကလေးသူငယ်များ ပါဝင်ကြပြီး ငြိမ်းချမ်းရေးကို ဖျက်ဆီးနေသည့် KIA ၊ PDF အား အလိုမရှိကြောင်း၊ လူမျိုးသုဉ်းသတ်ဖြတ်နေမှုအား ဝိုင်းဝန်းကာကွယ်ပေးကြရန်စသည့် ကြွေးကြော်စာသားများဖြင့် ဆန္ဒပြတောင်းဆိုခဲ့သည်။ ကွန်းဈာန်

Total Views ~ 252

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

45389

© 2022 - 2025 News. All Rights Reserved.