Breaking

ရွှေပိုး၊ တောင်ပိုင်းအမည်ရ နာမည်ကြီး မီးပုံးပျံများ တောင်ကြီးတန်ဆောင်တိုင်ပွဲတော် ဝင်ရောက်ယှဉ်ပြိုင်

၂၀၂၃ အောက်တိုဘာ ၃၀
    ၂၀၂၃ ခုနှစ် တောင်ကြီးမြို့ တန်ဆောင်တိုင်ပွဲတော်တွင် ရွှေပိုး၊ တောင်ပိုင်း အမည်ရနာ မည်ကြီးမီးပုံပျံများ ပြိုင်ပွဲဝင် ရောက် ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း ရှမ်းပြည်တောင်ပိုင်း ရိုးရာ မီးပုံးပျံပညာရှင်များအသင်းမှ သိရသည်။
    ကိုဗစ်ရောဂါ ပြန့်ပွားမှုကြောင့် ၂၀၂၀ ပြည့်နှစ်မှ စတင်၍ ပွဲတော်ကျင်းပမှုကို ရပ်နားထားခဲ့ပြီး ယခုနှစ်တွင် ပြန်လည် ကျင်းပသွားမည်ဖြစ်ကြောင်း ပွဲတော်ရက်ကို နိုဝင်ဘာလ ၂၁ ရက်မှ ၂၇ ရက်အထိ ခုနစ် ညတိုင်တိုင် ကျင်းပသွားမည်ဖြစ်ပြီး ထပ်မံ ပြိုင်ပွဲဝင်လိုသည့် မီးပုံးပျံများအနေဖြင့် နိုဝင် ဘာလ ၁၀ ရက်အထိ စာရင်းပေးသွင်းနိုင် ကြောင်း ပညာရှင်များအသင်းမှ ထုတ်ပြန် ထားသည်။
    မီးပုံးပျံပွဲတော်ကျင်းပရေး လုပ်ငန်းကော်မတီမှ နေ့လွှတ်အရုပ်မီးပုံးပျံပြိုင်ပွဲ ဝင်အသင်းအဖွဲ့များ ဖိတ်ခေါ်ထားပြီး နေ့ လွှတ်အရုပ်ခြေ နှစ်ချောင်း၊ နေ့လွှတ်အရုပ် ခြေလေးချောင်း အရုပ်အုပ်စုများ ပါဝင်ဆင် နွှဲယှဉ်ပြိုင်လိုသည့် နေ့လွှတ် အရုပ်မီးပုံးပျံ အသင်းအဖွဲ့များ ရှမ်းပြည်နယ်တောင်ပိုင်း ရိုးရာမီးပုံးပျံပညာရှင်အသင်းသို့ လာရောက် စုံစမ်းနိုင်ပါကြောင်း အသိပေးနှိုးဆော်ထား သည်။
    ယခုနှစ် တန်ဆောင်တိုင်ပွဲတော် တွင် ညလွှတ်မီးပုံးပျံများအဖြစ် ညမီးကြီး မီးပုံးပျံ ၂၅ ပေ x ၁၅ လုံး၊ ညမီးကြီးမီးပုံးပျံ ၂၂ ပေ x ၂၃ လုံး၊ စိန်နားပန်မီးပုံးပျံ ၁၈ ပေx၂၅ လုံး၊ ညလွှတ်မီးပုံးပျံ အလုံးရေစုစု ပေါင်း ၆၃ လုံး လွှတ်တင်သွားမည်ဖြစ်ကာ တန်ဆောင်တိုင် ရိုးရာမီးပုံးပျံပွဲတော်ကို အဝေရာမီးပုံးပျံကွင်း တွင် နိုဝင်ဘာလ ၂၁ ရက်မှ ၂၇ ရက်အထိ ခုနစ်ရက်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွား မည် ဖြစ်သည်။
    ၂၀၂၃ ခုနှစ် တောင်ကြီးမြို့တန် ဆောင်တိုင်ပွဲတော် ရိုးရာမီးပုံးပျံပွဲတော်ည လွှတ်မီးပုံးပျံ နေ့ရက်အလိုက် ပွဲစဉ်ဇယားများ အရ နာမည်ကြီး မီးပုံပျံအဖွဲ့ဖြစ်သည့် ရွှေပိုး မီးပုံပျံကို နိုဝင်ဘာလ ၂၃ ရက်တွင်လည်းကောင်း၊ တောင်ပိုင်းမီးပုံးပျံကို နိုဝင်ဘာလ  ၂၅ ရက်တွင်လည်းကောင်း တစ်ညလျှင် မီးပုံးပျံ ပျမ်းမျှ ရှစ်လုံးမှ ၁၀ လုံးအထိ လွှတ် တင်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။

Total Views ~ 272

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

45389

© 2022 - 2025 News. All Rights Reserved.