ရွှေဘိုမြို့နယ်တွင်  အကြမ်းဖက်အုပ်စု PDF အဖွဲ့ ထောင်ထားသော မိုင်း ပေါက်ကွဲ၍ အမျိုးသား ၂ ဦး၊ အမျိုးသမီး ၁ ဦး ဒဏ်ရာရရှိကာ  မော်တော်ယာဉ် ၁ စီး ပျက်စီး

၂၀၂၃ ၊ မေ ၁

ယမန်နေ့ (ဧပြီ ၃၀)နံနက် ၉နာရီခွဲအချိန်က  မုံရွာခရိုင် မုံရွာမြိုါနယ်ပြည်သူ့ဆေးရုံ၌ မိုင်းစထိမှန်ဒဏ်ရာများဖြင့် အမျိုးသား ၂ ဦး၊ အမျိုးသမီး ၁ ဦး ရောက်ရှိနေကြောင်း သတင်းအရ တာ၀န်ရှိသူများက  သွားရောက်စစ်ဆေးခဲ့ရာ ဦးထွန်းထွန်းဝင်း(၄၇)နှစ် စမ်းမြိုရပ်ကွက် ကလေးမြိုနေသူတွင် ယာလက်ဖမိုး မိုင်းစထိမှန်ဒဏ်ရာ ၁ ချက် (မစိုးရိမ်ရ)၊ ၎င်း၏သားဖြစ်သူ ထွန်းမြတ်သော်(၁၈)နှစ် ဗမာ/ဗုဒ္ဓ မှီခို တွင် နဖူး/ဦးခေါင်း မိုင်းစ ထိမှန်ဒဏ်ရာ  ၂ ချက်(မစိုးရိမ်ရ)နှင့်  ဦးထွန်းထွန်းဝင်း၏ ဇနီးဖြစ်သူ ဒေါ်ဝင်းဝင်းကြူ(၄၆)နှစ်တွင် ဝဲလက်မောင်း/တံတောင်ဆစ်မိုင်းစထိမှန်ဒဏ်ရာ ၂ ချက်(မစိုးရိမ်ရ) ရရှိ ထားသည်ကို တွေ့ရှိခဲ့ကြောင်း သိရသည်။


ဖြစ်စဉ်အား မေးမြန်းခဲ့ရာ ယင်းနေ့ နံနက် ၉ နာရီခန့်တွင် ဦးထွန်းထွန်းဝင်း မောင်းနှင်ပြီး  ဒေါ်ဝင်းဝင်းကြူနှင့် ထွန်းမြတ်သော် တို လိုက်ပါလာသော MDY 9P/ 6777 Nissan ၁၂ ဘီး ယာဉ်သည် မန္တလေးမှ ရွှေဘိုသို မန္တလေး-ရွှေဘိုကားလမ်းအတိုင်း မောင်းနှင်လာစဉ် ၏ တောင်ဘက် ၆ မိုင် ၅ ဖာလုံခန့်အကွာ ရွှေဘိုမြိုနယ် ဘုန်းဘွဲကျေးရွာအနီး ခယအရောက်၌ လမ်း၏ယာဘက်ခြမ်းမှ အကြမ်းဖက်အုပ်စု PDF အဖွဲ ထောင်ထားသော မိုင်း ၂ လုံး (စိစစ်ဆဲ)  ပေါက်ကွဲခဲ့၍ ဒဏ်ရာများအသီးသီး ရရှိခဲ့ပြီး ယာဉ်၏ရှေ့လေကာမှန်နှင့် ဘေးတံခါးမှန် ၂ ချပ် ကွဲအက်ခဲ့၍ တန်ဖိုးငွေ ၁၅ သိန်းကျပ်ခန့် ပျက်စီးဆုံးရှုးခဲ့သဖြင့် ယာဉ်အား အခင်းဖြစ်နေရာတွင် ထားရှိကာ လူမူကူညီရေးအသင်းယာဉ်ဖြင့် မုံရွာမြိုနယ်ပြည်သူ့ဆေးရုံသို ပိုဆောင်ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

Total Views ~ 185

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43432

© 2022 - 2025 News. All Rights Reserved.