ရှမ်းနီ (S.S.P)အပါအဝင် နိုင်ငံရေးပါတီတည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့် လျှောက်ထားသည့်ပါတီ ၂၁ ပါတီ အထိရှိလာ

၂၀၂၃ ၊ မတ်လ ၁၄

ရှမ်းနီ(တိုင်းလျန်)သွေးစည်းညီညွတ်ရေးပါတီ [Shan-Ni Solidarity Party(S.S.P)]ပါတီအပါအဝင် ယခုမတ်လ ၁၃ ရက်နေ့အထိ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၃ အရ လျှောက်ထားသောပါတီ ၆ ပါတီ နှင့် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၂၅ အရ လျှောက်ထားသော ပါတီ၁၅ ပါတီ စုစုပေါင်း ၂၁ ပါတီ အထိ ရှိလာပြီ ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော် မရှင်(UEC)၏ ထုတ်ပြန်ချက်အရသိရသည်။

နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေနှင့် နိုင်ငံ ရေးပါတီများမှတ်ပုံတင်ခြင်း နည်းဥပဒေများကို ထုတ်ပြန်ပြီးနောက် ဖေဖော် ဝါရီလဆန်းပိုင်းမှ ပါတီတည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့် လျှောက်ထားသည့် ပါတီ ၅ ပါတီရှိပြီး ပါတီမှတ်ပုံတင်ရန် ပြင် ဆင်နေ သည့်ပါတီ တစ်ဖြည်းဖြည်းများပြားလာခဲ့သည်။နိုင်ငံရေးပါတီအဖြစ် ဆက်လက်တည်ထောင်လိုပါက နိုင်ငံရေးပါတီ ဆက်လက် တည်ထောင်ခွင့် နှင့် မှတ်ပုံတင်ခွင့် ကြေညာချက် ထုတ်ပြန်သည့်နေ့မှစ၍ နေပြည်တော်ရှိ ပြည်ထောင် စုရွေးကောက်ပွဲ ကော်မ ရှင်ရုံး သို့ လာရောက်လျှောက်ထားနိုင်ကြောင်း UEC အသိပေးထုတ်ပြန်ခဲ့ပြီးနောက် အင် အားကြီး ပါတီတစ်ခုဖြစ်သည့် ပြည် ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုး ရေးပါတီက နိုင်ငံရေးပါတီ အဖြစ် ဆက်လက်တည်ထောင်ခွင့်ပြုရန် ဖေဖော်ဝါရီ ၁ ရက်နေ့ကတွင် UEC လျှောက်ထားခဲ့သည်။

ဒီမိုကရက်တစ်ပါတီ(မြန်မာ)၏ အခွဲတစ်ခုဖြစ်သည့် ဖယ်ဒရယ်ဒီမိုကရက်တစ်ပါတီအမည်ဖြင့် ဖေဖော် ဝါရီ ၇ ရက်နေ့တွင် လည်း ကောင်း၊ မြန်မာပြည်သူ့ ဒီမိုကရက်တစ်ပါတီ(MPD)အမည်ဖြင့် ဖေဖော်ဝါရီ ၈ ရက်တွင် လည်းကောင်း၊ နှင်းဆီပါတီဟု လူသိ များသော ညီညွတ်သောဒီမိုကရက်တစ်ပါတီ ( UDP)ကလည်း ပြည်ထောင်စု ဒီမိုကရေစီပါတီ ( UDP)အဖြစ် အမည် ပြောင်းလဲ ကာ ဖေဖော်ဝါရီ ၉ ရက်နေ့တွင်လည်းကောင်း၊ တိုင်းရင်းသားပါတီတစ်ခုဖြစ်သည့် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ပါတီမှ ဖေဖော်ဝါရီ ၁၆ရက်တွင်လည်းကောင်း၊ ဒီမိုကရက်တစ်အင်အားစုလေဘာပါတီ၊ဒီမိုကရေစီပါတီသစ်(ကချင်) [New Democracy Party (Kachin)][N.D.P(Kachin)] နှင့် ပြည်သူ့အကျိုးပြုကျောင်းသားများပါတီတို့မှ ဖေဖော်ဝါရီ ၂၂ တွင်လည်းကောင်း၊ အမျိုးသားဒီမိုကရေစီပါတီသစ် (NEW NATIONAL DEMOCRACY PARTY) မှ ဖေဖော်ဝါရီ၂၃ရက်တွင်လည်းကောင်း၊ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီ မှ ဖေဖော်ဝါရီ ၂၄ ရက်တွင်လည်းကောင်း၊ရှမ်းနှင့် တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ နှင့် ရခိုင့်ဦးဆောင်ပါတီ [Arakan Front Party (AFP)]တို့မှ ဖေဖော်ဝါရီ ၂၇ ရက်တွင်လည်းကောင်းဥပဒေ၊ နည်းဥပဒေများနှင့်အညီ နိုင်ငံရေးပါတီတည်ထောင်ခွင့်၊ နိုင်ငံရေးပါတီအဖြစ် ဆက်လက်တည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့်တို့ကို UEC သို့ အသီးသီး လျှောက်ထားခဲ့ကြောင်း သိရသည်။

ထို့အပြင် ယခုမတ်လအတွင်း နိုင်ငံရေးပါတီတည် ထောင်ခွင့်၊ နိုင်ငံရေးပါတီအဖြစ် ဆက်လက်တည် ထောင်ခွင့်နှင့် မှတ်ပုံ တင် ခွင့်လျှောက်ထားမှုစာရင်းများအရ ပြည်သူ့အင်အားပါတီ မှ မတ်လ ၃ ရက်တွင်လည်းကောင်း၊ဝံသာနုပါတီ ၊ ဒီမိုကရက်တစ်ပါတီ၊ ကချင်ပြည်နယ်ပြည်သူ့ပါတီ [Kachin State People’s Party (KSPP)]တို့မှ မတ် ၇ ရက်တွင်လည်းကောင်း၊ လီဆူအမျိုးသားဖွံ့ ဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ) [LISU NATIONAL DEVELOPMENT PARTY (L.N.D.P)] နှင့် တိုင်းလိုင်(ရှမ်းနီ) အမျိုး သားများဖွံ့ဖြိုး တိုး တက်ရေးပါတီ [TAI-LENG NATIONALITIES DEVELOPMENT PARTY (T.N.D.P)]တို့မှ မတ်လ ၈ ရက်တွင်လည်းကောင်း၊ ရှမ်းနီ(တိုင်းလျန်)သွေး စည်းညီညွတ်ရေးပါတီ[Shan-Ni Solidarity Party(S.S.P)] နှင့် လူထုပါတီ (The Party for People) တို့မှ မတ်လ ၁၃ ရက် ရက်တွင်လည်း ကောင်းဥပဒေ၊ နည်းဥပဒေများနှင့်အညီ နိုင်ငံရေးပါတီတည် ထောင် ခွင့်၊ နိုင်ငံရေးပါတီအဖြစ် ဆက် လက်တည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့်တို့ကို UEC သို့ အသီးသီး လျှောက်ထားခဲ့ကြောင်း သိရသည်။

အဆိုပါ ၂၁ ပါတီတွင် ပြည်ထောင်စုတစ်ဝန်းလုံးစည်းရုံးမည့်ပါတီ ၅ ပါတီ နှင့် တိုင်းဒေသကြီး(သို့မ ဟုတ်)ပြည်နယ်တစ်ခုအတွင်း ၌သာ စည်းရုံးမည့်ပါတီ ၁၆ ပါတီဖြစ်ကြောင်းသိရပြီး ထိုသို့ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ နိုင်ငံရေးပါတီအဖြစ် ဆက် လက် တည် ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့်များ လျှောက်ထားလာသည့် ပါတီများအား မှတ်ပုံတင်ခွင့်ပြုနိုင်ရေး ဆက်လက်စိစစ်ဆောင် ရွက်လျက်ရှိကြောင်း ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင် က အသိပေးထုတ်ပြန်ထားသည်။

Total Views ~ 316

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43369

© 2022 - 2025 News. All Rights Reserved.