ရန်ကုန်၊ ဇွန် ၄
ရှမ်းပြည်နယ်(တောင်ပိုင်း)ရှိ ပင်းတယ၊ ဟိုပုံး၊ ကလော၊ တောင်ကြီး စသည့် မြို့နယ်လေးခုတွင် ဓာတ်အားခွဲရုံ/ဓာတ်အားလိုင်း တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရန် စီစဉ်နေကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားဖြန့် ဖြူးရေးလုပ်ငန်းမှ သိရသည်။
ပင်းတယမြို့၊ သိမ်ကုန်းတွင် တည်ဆောက်မည့် ၃၃/၁၁ေ ကဗွီ ၁၀ အမ်ဗွီအေ သိမ်ကုန်း ဓာတ်အားခွဲရုံ တည်ဆောက်ခြင်းလုပ်ငန်း၊ ဟိုပုံးမြို့တွင် ၆၆/၃၃ ကေဗွီ ၃၀ အမ်ဗွီအေဓာတ်အား ခွဲရုံ Switch Yard (66 kV & 33 kV Outgoing Bays) မြို့ပြနှင့် လျှပ်စစ်ပိုင်းဆိုင်ရာ တပ်ဆင်တည်ဆောက်ခြင်းလုပ်ငန်း၊ ၁၃၂^၆၆ ကေဗွီ ကလော ပင်မဓာတ်အားခွဲရုံမှ နောင်တယားသို့ ၆၆ ကေဗွီလိုင်း၂၇ ဒသမ ၂၃မိုင် တည်ဆောက် ခြင်း (ှုညျအေူူအေငသည သီးသန့်)လုပ်ငန်းနှင့် ၁၃၂/၆၆ ကေဗွီ တောင်ကြီး ပင်မဓာတ်အားခွဲရုံမှ ဟိုပုံးသို့ ၆၆ ကေဗွီလိုင်း ၁၁ ဒသမ ၃ မိုင် တည်ဆောက်ခြင်း (Installation သီးသန့်) လုပ်ငန်းများဆောက်ရန် စီစဉ်နေခြင်း ဖြစ်သည်။
လက်ရှိတွင် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းက ပင်းတယမြို့ သိမ်ကုန်းတွင် တည်ဆောက်မည့် သိမ်ကုန်းဓာတ် အားခွဲရုံ တည်ဆောက်ခြင်းလုပ်ငန်းနှင့် ဟို ပုံးမြို့တွင် ၆၆/၃၃ ကေဗွီ ၃၀ အမ်ဗွီအေ ဓာတ်အားခွဲရုံမြို့ပြနှင့် လျှပ်စစ်ပိုင်းဆိုင်ရာ တပ်ဆင် တည်ဆောက်ခြင်း လုပ်ငန်းတို့ကို Turnkey စနစ်ဖြင့် လုပ်ငန်းအပ်နှံခြင်းဆောင် ရွက်ရန်၊ ကလောနှင့် တောင်ကြီးတို့တွင် တည်ဆောက်မည့် ဓာတ်အားလိုင်းများအတွက် လုပ်ငန်းအပ်နှံခြင်း ဆောင်ရွက်ရန်တို့ကို အိတ်ဖွင့်တင်ဒါ ခေါ်ယူထားသည်။
တင်ဒါများအား(မြန်မာကျပ်ငွေ)ဖြင့် လုပ်ငန်းအပ်နှံမည်ဖြစ်၍ ဇွန် ၄ ရက်မှ စ၍ တင်ဒါများ စတင်ရောင်းချပေးပြီး တင်ဒါပိတ်မည့်ရက်ကို ဇွန်လ ၁၈ ရက်အဖြစ် သတ်မှတ်ထားကြောင်း တင်ဒါ ကော်မတီမှ အသိပေးထားသည်။