ရန်ကုန်၊ ဇွန် ၁၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)ရှိ ခရိုင်ငါးခုနှင့် ရှမ်းပြည်နယ်(တောင်ပိုင်း)ရှိ ခရိုင် ခြောက်ခုတို့အတွင်း လမ်း၊ တံတားလုပ်ငန်း တည်ဆောက်ရေး လုပ်ငန်းများကို တင်ဒါစနစ်ဖြင့် ဆောင်ရွက်ရန် စီစဉ်နေကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာန၏ အိတ်ဖွင့်တင်ဒါ ခေါ်ယူနေမှုများအရ သိရသည်။
ရှမ်းပြည်နယ်(အရှေ့ပိုင်း)ရှိ တာချီလိတ်ခရိုင်၊ ကျိုင်းတုံခရိုင်၊ မိုင်းတုံခရိုင်၊ မိုင်းဆတ်ခရိုင်နှင့် မက်မန်းခရိုင် စသည့် ခရိုင်ငါးခုတို့တွင် ၂၀၂၅-၂၆ ဘဏ္ဍာရေး နှစ်အတွက် ပြည်နယ်ရန်ပုံငွေဖြင့် လမ်းအထူးအဖွဲ့(၃)နှင့် မြို့နယ်များမှ ဆောင်ရွက်လျက်ရှိသော လမ်းများပေါ်ရှိ လမ်း၊ တံတား လုပ်ငန်းများကို တင်ဒါစနစ်ဖြင့် ဆောင်ရွက်ရန် မြန်မာနိုင်ငံသား တိုင်းရင်းသားလုပ်ငန်းရှင်များအား တင်ဒါတင်သွင်းနိုင်ရန် ရှမ်းပြည် နယ်(အရှေ့ပိုင်း)၊ လမ်းဦးစီးဌာနမှ အိတ်ဖွင့်တင်ဒါ ဖိတ်ခေါ်ထားခြင်း ဖြစ်သည်။
တင်ဒါလျှောက်လွှာများကို တာချီ လိတ်မြို့၊ ကျိုင်းတုံမြို့၊ မိုင်းတုံမြို့၊ မိုင်းဆတ် မြို့၊ မက်မန်း မြို့များရှိ လမ်းဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး (မြို့ပြ)ရုံးများတွင် ဇွန် ၂ ရက်မှ စတင်ကာ ဇွန် ၁၆ ရက်အထိ ဝယ်နိုင်ကြောင်း သက်ဆိုင်ရာခရိုင်များရှိ တင်ဒါလက်ခံရေးနှင့် စိစစ်ရေးကော်မတီအသီးသီးမှ အသိပေးထားသည်။
တင်ဒါလျှောက်လွှာပိတ်ရက်ကို ဇွန် ၁၇ အဖြစ် သတ်မှတ်ထားပြီး ဇွန် ၂၀ ရက်တွင် ရှမ်းပြည်နယ် တောင်ကြီးမြို့ရှိ လမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး(မြို့ပြ)ရုံး၌ တင်ဒါဖွင့်လှစ်မည်ဟု တင်ဒါလက်ခံရေးနှင့် စိစစ်ရေး ကော်မတီများမှ အသိပေးထားသည်။
ထို့အပြင် ရှမ်းပြည်နယ်(တောင် ပိုင်း)ရှိ ခရိုင်ခြောက်ခုအတွင်း လမ်း၊ တံတားလုပ်ငန်းများ ဆောင်ရွက်ရန် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လမ်းဦးစီးဌာနမှ တင်ဒါခေါ် ယူထားသည်။
တောင်ကြီးခရိုင်၊ လွိုင်လင်ခရိုင်၊ နမ့်စန်ခရိုင်၊ ကလောခရိုင်၊ လင်းခေးခရိုင်၊ မိုင်းရှူးခရိုင်တို့တွင် ၂၀၂၅-၂၆ ဘဏ္ဍာရေး နှစ်အတွင်း ပြည်နယ်ရန်ပုံငွေဖြင့် မြို့နယ်၊ မြို့၊ လမ်းအထူးအဖွဲ့များမှ တာဝန်ယူ ဆောင်ရွက်လျက်ရှိသောလမ်းများပေါ်ရှိ လမ်း၊ တံတားလုပ်ငန်းများအတွက် လုပ်ငန်းဒါခေါ်ယူ ထားခြင်းဖြစ်သည်။
တင်ဒါလျှောက်လွှာများကို တောင်ကြီး၊ လွိုင်လင်၊ နမ့်စန်၊ ကလော၊ လင်းခေး၊ မိုင်းရှူး စသည့် မြို့များရှိ လမ်းဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး (မြို့ ပြ)ရုံးများတွင် ဇွန် ၂ ရက်မှ စတင်ကာ ဇွန် ၁၆ ရက်အထိ ဝယ်နိုင်ကြောင်း သက်ဆိုင်ရာ ခရိုင်များရှိ တင်ဒါလက်ခံရေးနှင့် စိစစ်ရေး ကော်မတီ အသီးသီးမှ အသိပေးထားသည်။
တင်ဒါလျှောက်လွှာပိတ်ရက်ကို ဇွန် ၁၇ ရက်အဖြစ် သတ်မှတ်ထားပြီး အဆိုပါ တင်ဒါများကို ဇွန် ၁၉ ရက်တွင် ရှမ်းပြည်နယ်တောင်ကြီးမြို့ရှိ လမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး(မြို့ပြ)ရုံး၌ ဖွင့် လှစ်မည်ဟု တင်ဒါလက်ခံရေးနှင့် စိစစ်ရေး ကော်မတီများမှ အသိပေးထားသည်။ နဒီ