Breaking

ရှမ်းမြောက်ဒေသအတွက် အရေးပေါ် လူသားချင်းစာနာမှုအကူအညီ အမေရိကန်ဒေါ်လာ  တစ်သန်း အသုံးပြုမည်ဟု UNOCHA ထုတ်ပြန်

၂၀၂၃ နိုဝင်ဘာ ၁၃ ရက်
    ရှမ်းပြည်နယ်(မြောက်ပိုင်းရှိ) စစ်ဘေးရှောင်ပြည်သူများအတွက် အရေးပေါ် လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်များ တုံ့ပြန်ဆောင်ရွက်ရန်အတွက် အမေရိကန်ဒေါ်လာတစ်သန်း အသုံးပြုသွား မည်ဖြစ်ကြောင်း UNOCHA Myanmar ၏ နိုဝင်ဘာ ၁၀ ရက် သတင်းထုတ်ပြန်ချက်အရ သိရသည်။
    ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၉ ရက်အထိ အခြေအနေများအရ ထိတွေ့တိုက်ပွဲများကြောင့် ရှမ်းပြည်နယ် (မြောက်ပိုင်း)တွင် လူဦးရေ ၅၀၀၀၀ နီးပါး နေရပ်စွန့်ခွာကာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း UNOCHA Myanmar ၏ ထုတ်ပြန်ချက်အရသိရပြီး နိုဝင်ဘာလ အစောပိုင်းတွင်လည်း နိုင်ငံ၏ အနောက်မြောက်ပိုင်းတွင် လူဦးရေ ၄၀၀၀၀ နီးပါး နေရပ်စွန့်ခွာ ထွက်ပြေးနေကြရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ လိုအပ်ချက်များကို တုံ့ပြန်ဆောင်ရွက်နေသူများအား ကူညီပေးရန်အတွက် မြန်မာနိုင်ငံ လူသားချင်းစာနာမှု ရန်ပုံငွေမှ အမေရိကန်ဒေါ်လာတစ်သန်း ထုတ်ပေးမည်ဖြစ်ကြောင်း၊ သို့ရာတွင် ထိုအကူအညီသည် မြင့်မားလာနေသော လိုအပ်ချက်များကို ဖြည့်ဆည်း ပေးနိုင်ရန် လုံလောက်ခြင်း မရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြချက်အရ သိရသည်။
လူသားချင်းစာနာမှု လိုအပ်ချက်များမှာ စားနပ်ရိက္ခာ၊ အနွေးထည်၊ အိပ်ရာ၊ ခြင်ထောင်၊ ဆေးဝါး၊ ကျန်းမာရေး/တစ်ကိုယ် ရေသုံးပစ္စည်းများအပြင် အခြေခံကယ်ဆယ် ရေးပစ္စည်းများ၊ စိတ္တလူ မှုဆိုင်ရာ အကူအညီ များဖြစ်ပြီး လိုအပ်ချက်များရှိနေသော ပြည်သူများအနက် ရာခိုင်နှုန်း ၃၀ ခန့်သည် အကူအညီများ လက်ခံရရှိထားပြီးဖြစ်ကြောင်း ရှမ်းပြည်နယ် (မြောက်ပိုင်း) ရှိ လူသားချင်း စာနာ မှုဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းများမှ အစီရင်ခံထားကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။
ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ လားရှိုး၊ သိန္နီ၊ နမ့်တစ်၊ မူဆယ်၊ နမ့်ခမ်း၊ ကွတ်ခိုင်၊ ကျောက်မဲနှင့် နောင်ချိုမြို့နယ်များမှ စစ်ဘေးရှောင် ၅၀၀၀၀ နီးပါးအနက် ၃၄၀၀၀ ကျော်သို့ စားနပ်ရိက္ခာဝယ်ယူရန် ငွေကြေးအကူအညီ ထောက်ပံ့နိုင်ရေးအတွက် ကြိုးပမ်းနေပြီး နောက်ထပ်တုံ့ပြန် ရေးလုပ်ငန်းများကို စီစဉ်နေဆဲဖြစ်ကြောင်း လူသားချင်းစာနာမှုဆိုင်ရာ မိတ်ဖက်အဖွဲ့ အစည်းများမှ အစီရင်ခံထားသည်ကို ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Total Views ~ 203

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

45388

© 2022 - 2025 News. All Rights Reserved.