၂၀၂၃ ၊မတ် ၁၀
လောင်းလုံးမြို့နယ် ကျောက်ဆင်ကျေးရွာနေ ဦးစိုးမြင့် (၅၇)နှစ်နှင့် ၎င်း၏ ဇနီးဖြစ်သူ ဒေါ်လှမူ(၅၃)နှစ်တို ၂ ဦးအား အကြမ်းဖက်အုပ်စု PDF အဖွဲက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားသည့် ဖြစ်စဉ် ဖြစ်ပွားခဲ့သည်။
အဆိုပါ သတင်းအရ သက်ဆိုင်ရာမှ ဖြစ်စဉ်အားစိစစ်ရာ ယမန်နေ့ (မတ် ၉)ညနေ ၆နာရီအချိန်တွင် ဦးစိုးမြင့်နှင့် ဒေါ်လှမူ တို ၂ ဦးသည် ၎င်းတို၏နေအိမ်မှ မောင်းမကန်ကျေးရွာသို ဈေးဝယ်ရန် နံပါတ်(စိစစ်ဆဲ) Vigo မော်တော်ယာဉ်ဖြင့် သွားရောက်ခဲ့ရာ၏ အနောက်မြောက်ဘက် ၂၃ မိုင်ခန့်၊ ကျောက်ဆင်ကျေးရွာအဝင် အရောက်၌ အကြမ်းဖက်အုပ်စု PDF ၃၀ ဦး ခန့်က မော်တော်ယာဉ်အားတားဆီးစစ်ဆေးကာ ဦးစိုးမြင့်နှင့် ဒေါ်လှမူတိုအား သေနတ်ဖြင့်ပစ်ခတ်သဖြင့် ဦးစိုးမြင့်တွင် ချိုစောင်း ကျည်ဖောက်ဝင် ဒဏ်ရာ ၁ ချက်၊ ဝဲရင်အုံကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ဝမ်းဗိုက်ကျည်ဖောက်ဝင်ဒဏ်ရာ ၂ ချက်၊ မေးရိုး ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ဆီးခုံကျည် ဖောက်ဝင်ဒဏ်ရာ ၁ ချက်(စုစုပေါင်းဒဏ်ရာ ၆ ချက်)ဖြင့်လည်းကောင်း ဒေါ်လှမူတွင် ဝဲပါး ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ယာရင်အုံ ကျည်ဖောက်ဝင် ဒဏ်ရာ ၁ ချက် (စုစုပေါင်း ဒဏ်ရာ ၂ ချက်) ဖြင့် လည်းကောင်း သေဆုံးသွားသည်ကို သိရှိခဲ့ကြောင်း သိရသည်။
ထိုနောက်အကြမ်းဖက်အုပ်စု PDF အဖွဲက ဦးစိုးမြင့် ပိုင်ဆိုင်သည့် မတယအား ယူဆောင်၍ သဘော့ဆိပ်ကျေးရွာဘက်သို မောင်းနှင်ထွက်ပြေးသွားကြောင်း သိရှိခဲ့ရ၍ အလောင်းများအား လူမှုကူညီရေးအသင်းယာဉ်ဖြင့် ပ ထားဝယ်မြိုနယ်ပြည်သူ့ဆေးရုံသို ပိုဆောင်စေခဲ့ပြီး။ နယ်မြေအခြေအနေအရ သက်ဆိုင်ရာမှ အခင်းဖြစ်နေရာသို သွားရောက်စစ်ဆေးနိုင်ခြင်းမရှိသေးသော်လည်း ကြောင်း နှင့် တရားခံများ ဖမ်းဆီးရမိရေး စုံစမ်း လျက်ရှိကြောင်း သိရသည်။