Breaking

လွိုင်ကော် ပြည်နယ်ပြည်သူ့ဆေးရုံကြီး ရာနှုန်းပြည့်ပြန်လည်ဖွင့်လှစ်နိုင်ရေး ပြင်ဆင်ဆောင်ရွက်

ရန်ကုန်၊ ဇွန် ၂၅
    ကယားပြည်နယ် လွိုင်ကော်မြို့ ပြည်နယ်ပြည်သူ့ဆေးရုံကြီး ရာနှုန်းပြည့် ပြန်လည် ဖွင့်လှစ်နိုင်ရေး ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
    ထို့ကြောင့် တာဝန်ရှိသူများသည် ပြန်လည်ဖွင့်လှစ်လျက်ရှိသည့် လွိုင်ကော်မြို့ ပြည်နယ် ပြည်သူ့ဆေးရုံကြီး ခုတင် ၅၀၀ ဆံ့သို့ သွားရောက်၍ ပုံမှန်အထွေထွေရောဂါကု ပြင်ပလူနာဌာန ဖွင့်လှစ်ခြင်းအတွက် ပြင်ပလူနာဆောင်အား ပြင်ဆင်နေမှုများ၊ ဆေးရုံသုံးစက်ပစ္စည်းကိရိယာများ ပြင်ဆင် ဆောင်ရွက်ထားရှိမှုများကို ဇွန် ၂၂ ရက်က သွားရောက်ကြည့်ရှု ညွှန်ကြားခဲ့ကြသည်။
    ထို့အပြင် ဆေးရုံလုံခြုံရေးအုတ် တံတိုင်းကာရံထားရှိမှုများနှင့် ပြည်သူ့ဆေးရုံကြီး သန့်ရှင်းသာယာလှပရေးအတွက် ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် စည်ပင်သာယာရေးအဖွဲ့များမှ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ပေးနေမှုများကို သွားရောက် ကြည့်ရှု အားပေးခဲ့ကြသည်။
    ပြည်နယ်ဝန်ကြီးချုပ်မှလည်း ဆေးရုံကြီးအား ယခင်ကကဲ့သို့ ဆေးရုံတစ်ရုံ ၏ရှိသင့်ရှိအပ်သော အင်္ဂါရပ်များနှင့် ပြည့်စုံ ကောင်းမွန်စေရေး၊ ဆေးပစ္စည်းကိရိယာများ စုံလင်မှုရှိစေရေး၊ ပြည်သူလူထု အားထားရသော ဆေးရုံကြီးဖြစ်စေရေးကြိုးပမ်းဆောင်ရွက်ရန် လမ်းညွန်မှာကြားခဲ့သည်။
    ထို့နောက် လွိုင်ကော်ခရိုင်အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ ဝန်ထမ်းအိမ် ရာများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုများကို ကယား ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (လွိုင်ကော်) ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ် အစိုးရအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ တာဝန် ရှိသူများလိုက်ပါ၍ သွားရောက်ကြည့်ရှုအား ပေးခဲ့ကြကြောင်း သိရသည်။

Total Views ~ 329

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

45388

© 2022 - 2025 News. All Rights Reserved.