၂၀၂၃ ၊ ဒီဇင်ဘာ ၂၇
မြန်မာနိုင်ငံ၏ အထင်ကရဖြစ်သည့် မကွေးတိုင်း၊ မင်းဘူး(စကု)မြို့နယ်ရှိ မန်းရွှေစက်တော်ဘုရားပွဲအား ပုံမှန် ဇန်နဝါ ရီ(တပို့တွဲလဆန်း ၅ ရက်)မှ ဧပြီ မြန် မာနှစ်ဆန်း ၁ ရက်အထိ ရက်ပေါင်း ၈၀ ကြာကျင်းပလေ့ရှိသော်လည်း ယခုနှစ်တွင် ဝါထပ်သည့်အတွက် ရက်ပေါင်း ၆၀ ကျော် သာကျင်းပမည်ဟု ဂေါပကအဖွဲ့မှ ပြောသည်။
မြန်မာ သက္ကရာဇ်အရ ပွဲတော်အား နှစ်စဉ်တပို့တွဲလဆန်း ၅ ရက်တွင်စ တင်ကျင်းပပြီး ယခုနှစ် မြန်မာလ ဝါထပ် သည့်အတွက် ဇန်နဝါရီလမှ နောက်ရွှေ့ ကာ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၄ ရက် (တပို့ တွဲလဆန်း ၅ ရက်)မှသာ စတင်ဖွင့်လှစ် ကျင်းပမည်ဖြစ်သည့်အတွက် မြန်မာနှစ်ဆန်း ၁ ရက်ထိ ရက်ပေါင်း ၆၄ ရက်ကြာ ကျင်းပ သွားမည်ဖြစ်သည်။
လက်ရှိတွင် ပွဲတော်ရက်အတွင်း အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာ ရောက် ကြသူများ အဆင်ပြေချောမွေ့စွာ သွားလာ နိုင်စေရန်အတွက် မန်းရွှေစက် တော်ဘုရား အဝင် (၃)မိုင်လမ်း၌ (Box Culvert) တံတား နှစ်စင်းကို ဘုရားပွဲတော် ဖွင့်ပွဲရက်မတိုင်မီ အပြီးတည်ဆောက်လျက် ရှိသည်။
ထို့အတူ မြေထိန်းနံရံ၊ လမ်းတာ ပေါင်မြှင့်တင်ခြင်း (၂ ပေ x ပေ ၈၀၀)၊ ကတ္တရာလမ်းသစ်ခင်းခြင်း လုပ်ငန်းများအား လုံးကို မန်းရွှေစက်တော်ဘုရား ဘဏ္ဍာရန်ပုံ ငွေမှ ခွင့်ပြုငွေကျပ် သန်း ၃၀၀ ဒသမ ၈၉၀ ဖြင့် ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၃ ရက်မှ စတင်ကာ တည်ဆောက်လျက်ရှိသည်။
အလားတူ ပွဲတော်ကျင်းပမည့် မန်းချောင်းသဲသောင်ပြင် ပြုပြင်ခြင်းလုပ် ငန်းကို နိုဝင်ဘာမှ စတင်ဆောင်ရွက် လျက်ရှိပြီး လက်ရှိတွင် လုပ်ငန်း ရာခိုင်နှုန်း ၃၀ ကျော် ပြီးစီးနေပြီဖြစ်ကာ သောင်ပြင်ပေါ်တွင် ဆိုင်ခန်းပေါင်း ၄၀၀ ခန့်နှင့် တည်းခို ဆောင်အခန်းပေါင်း ၈၀၀ ကျော် ဆောက် လုပ်သွားမည်ဖြစ်ပြီး ဘုရားဖူးရဟန်းရှင်လူ မိဘပြည်သူများကို စိတ်အေးချမ်းသာစွာ ညအိပ်တည်းခိုခွင့်ပြုမည် ဖြစ်ကြောင်း သိရ သည်။
ထို့အပြင် အောက်စက်တော်ရာသို့ ဘုရားဖူးများ အဆင်ပြေစွာ သွားရောက် ဖူးမြော်နိုင်စေရန် အရှည်ပေ ၁၀၀ ရှိ ယာယီ သံပေါင်ဘေလီတံတားကိုလည်း ၂၀၂၄ ခု နှစ် ဇန်နဝါရီ ပထမအပတ်အတွင်း တပ် ဆင်သွားမည် ဖြစ်ကြောင်း သိရသည်။
ယခုနှစ်အတွင်း မိုခါမုန်တိုင်း ကြောင့် ပျက်စီးခဲ့သည့်ဘုရားပရဝဏ်အတွင်း တည်ဆောက်ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများအားလုံးကိုလည်း ယခုနှစ် မန်းရွှေစက်တော် ဘုရားပွဲတော်ဖွင့်ပွဲမတိုင်မီ အပြီး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မန်းရွှေ စက်တော်ဘုရား ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးဝင်း ဌေးက ပြောသည်။