Breaking

သက်သာသောအတိုးနှုန်းဖြင့် ချေးငွေများ ထုတ်ချေးနိုင်ရေး နိုင်ငံပိုင်ဘဏ်များအပါအဝင် ပုဂ္ဂလိကဘဏ် ၁၅ ဘဏ်နှင့် ငွေရေးကြေးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရန် သဘောတူ 

ရန်ကုန်၊ အောက်တိုဘာ ၉
    သက်သာသော အတိုးနှုန်းဖြင့် ချေးငွေများကို Participating Financial Institutions (PFI) ဘဏ်များမှတစ်ဆင့် စနစ်တကျ ထုတ်ချေးနိုင်ရေး နိုင်ငံပိုင်ဘဏ်များအပါအဝင် ပုဂ္ဂလိကဘဏ် ၁၅ ဘဏ်နှင့် ချေးငွေဆိုင်ရာလုပ်ငန်းတို့အကြား ပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ်များ လက် မှတ်ရေးထိုးထားကြောင်း သိရသည်။
    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ပြင်ဆင်ချမှတ်ခဲ့သည့် စီးပွားရေးဦး တည်ချက်များနှင့်အညီ အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ (MSME) ဖွံ့ဖြိုးတိုးတက်စေရန် နိုင်ငံတော်မှ ငွေကျပ် ဘီလီယံ ၁၅၀ မတည်ပြီး သက်သာသော အတိုးနှုန်းဖြင့် ချေးငွေများအား ထုတ်ချေးနိုင်ရေးအတွက် ငွေရေးကြေးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မည့် အဖွဲ့အစည်းများအဖြစ် နိုင်ငံပိုင်ဘဏ်များဖြစ်ကြသည့် မြန်မာ့စီးပွားရေးဘဏ်နှင့် မြန်မာ့လယ်ယာဖွံ့ဖြိုး ရေးဘဏ်တို့အပါအဝင် ပုဂ္ဂလိကဘဏ် ၁၅ ဘဏ်နှင့်ချေးငွေဆိုင်ရာ လုပ်ငန်းအဖွဲ့တို့အကြား ပူးပေါင်းဆောင်ရွက်မှု သဘောတူခဲ့ကြခြင်းဖြစ်သည်။
    နိုင်ငံပိုင်ဘဏ်များအပါအဝင် ပုဂ္ဂလိကဘဏ် ၁၅ ဘဏ်နှင့် ချေးငွေဆိုင်ရာလုပ် ငန်းတို့အကြား ပူးပေါင်းဆောင်ရွက်မှုသဘော တူစာချုပ်များ လက်မှတ်ရေးထိုးပွဲ အခမ်းအနားကိုလည်း အောက်တိုဘာ ၃ ရက်က နေပြည်တော်ရှိ မြန်မာ့စီးပွားရေးဘဏ် (ရုံးချုပ်)၌ ကျင်းပခဲ့ပြီး ချေးငွေဆိုင်ရာ လုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ မြန်မာ့စီးပွားရေးဘဏ် ဦးဆောင်ညွှန် ကြားရေးမှူးနှင့် PFI ဘဏ်များမှ တာဝန်ရှိပုဂ္ဂိုလ်များက ရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတို့၏ ရှေ့မှောက်တွင် ပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ် (Pa-rticipation Agreement)  များတွင်  လက်မှတ်ရေးထိုးခဲ့ကြသည်။
    အခမ်းအနားသို့ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေစီမံခန့်ခွဲမှု အဖွဲ့ဥက္ကဋ္ဌ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးမင်းထွဋ်၊ ဒုတိယဥက္ကဋ္ဌ စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်နှင့် အဖွဲ့ဝင်များ၊ ချေးငွေဆိုင်ရာ လုပ်ငန်းအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြန်မာ နိုင်ငံဘဏ်များအသင်းဥက္ကဋ္ဌနှင့် PFI ဘဏ်များမှ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ကြသည်။
    ဦးစွာအသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေစီ မံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတို့က အဖွင့်အမှာစကားများ ပြောကြားကြသည်။ ဆက်လက်၍ ချေးငွေဆိုင်ရာ လုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ မြန်မာ့စီးပွားရေးဘဏ် ဦးဆောင်ညွှန်ကြားရေးမှူးနှင့် PFI ဘဏ်များမှ တာဝန်ရှိပုဂ္ဂိုလ်များက ရန်ပုံငွေ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတို့၏ ရှေ့မှောက်တွင် ပူးပေါင်းဆောင်ရွက်မှုသဘော တူစာချုပ် (Participation Agreement) များ၌ လက်မှတ်ရေးထိုးကြသည်။
    အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်မှ ကျပ်ဘီလီယံ ၁၇၀ ကို MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေတွင် ထည့်သွင်းထားရှိပြီး အဆိုပါရန်ပုံငွေမှ ငွေကျပ်ဘီလီယံ ၁၅၀ ကို MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ချေးငွေထုတ်ချေးနိုင်ရန် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနနှင့် စက်မှုဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ နဒီ

Total Views ~ 218

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

45389

© 2022 - 2025 News. All Rights Reserved.