ရန်ကုန်၊ ဇွန် ၁၂
သန်လျင်တံတားအမှတ်(၃)ဖွင့်ပွဲကို ရှော့ခ်တိုက်ဒုံးဖြင့် ပစ်ခတ်ရန်စီစဉ်ခဲ့သူ ကိုးဦးအား ရှော့ခ်တိုက်ဒုံး သုံးလုံးအပါအဝင် ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
သတင်းထုတ်ပြန်ချက်အရ NUG လက်အောက်ခံ ရန်ကုန် UG အဖွဲ့ဝင်များ သည် ဇွန် ၈ ရက်တွင် သန်လျင်တံတားအ မှတ်(၃) ဖွင့်ပွဲအခမ်းအနားကျင်းပစဉ် ၁၀၇ မမ ရှော့ခ်တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ရန် စီစဉ်လျက်ရှိကြောင်း သတင်းပို့ချက်အရ ၎င်းင်းတို့အား ဖမ်းဆီးရမိနိုင်ရေး ဆောင်ရွက်ခဲ့ရာ ဇွန် ၈ ရက် နံနက်ပိုင်းတွင် ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ် (၆၁) ရပ်ကွက် သင်္ဘောကျင်း ဝန်ထမ်းအိမ်ရာဝန်းအတွင်းရှိ သစ်သားလိုင်းခန်းအဟောင်း၌ ရန်ကုန် UG အဖွဲ့ဝင်များဖြစ်သော စိန်ကြီး(ခ)အောင်ထွေး အသက် (၂၆)၊ ချိုကြီး (ခ)ဟိန်းထက်အောင် အသက် (၁၈)၊ မင်းသူ အသက်(၃၀)၊ မောင်ဟိန်းအသက် (၂၄)၊ အောင်သူရထွန်း အသက် (၂၅)၊ ပြည့်ဖြိုးဇော် အသက်(၁၈)နှင့် ထက်အာကာလင်း အသက်(၂၆)နှစ်တို့ ခုနစ်ဦးအား ၁၀၇ မမ ရှော့ခ်တိုက်ဒုံး နှစ်လုံး၊ ဖျူ့နှစ်ခု၊ လက်ပစ်ဗုံးနှစ်လုံး၊ ဘက္ထရီအိုး နှစ်လုံး၊ ဝိုင်ယာကြိုးခွေ လေးခွေ၊ အခြား ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ ကြောင်း သိရသည်။
ဖမ်းဆီးရမိသူများ၏ ထွက်ဆိုချက်အရ ဇွန် ၉ ရက် နံနက်ပိုင်းတွင် ရှော့ခ်တိုက်ဒုံးပစ်ခတ်ရန် ပူးပေါင်းပါဝင်သူများဖြစ်သော ချစ်ကေခိုင် အသက် (၃၈)နှစ်အား ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် (၇၂) ရပ်ကွက် သဇင်လမ်း အမှတ် (၉၃)နေအိမ်မှ လည်းကောင်း၊ ဇာနည်အောင်(ခ)ကိုဇာ အသက်(၃၂) နှစ်အား ဒဂုံမြို့သစ် (တောင် ပိုင်း) မြို့နယ် (၇၂)ရပ်ကွက် ဗန္ဓုလလမ်း အမှတ်(၁၁၁)နေအိမ်မှ ၁၀၇ မမ ရှော့ခ်တိုက်ဒုံးတစ်လုံး၊ ဖျူ့တစ်ခုတို့ဖြင့်လည်းကောင်း ဖမ်း ဆီးရမိခဲ့ပြီး ဖြစ်စဉ်တွင် အမျိုးသား ရှစ်ဦး၊ အမျိုးသမီးတစ်ဦး၊ စုစုပေါင်း ကိုးဦးတို့အား ၁၀၇ မမ ရှော့ခ်တိုက်ဒုံး သုံးလုံး၊ ဖျူ့သုံးခု၊ လက်ပစ်ဗုံး နှစ်လုံး၊ ဘက္ထရီအိုးနှစ်လုံး၊ ဝိုင်ယာကြိုးခွေ လေးခွေ၊ အခြားဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ ကြောင်း သိရသည်။
ဆက်လက်၍ထွက်ဆိုချက်အရ Brigate Drone Force PDF အဖွဲ့ဝင် ဖမ်းဆီးရန်ကျန် အာကာမင်းက ဧပြီတတိယပတ်တွင် Instagram မှတစ်ဆင့် ရှော့ခ်တိုက်ဒုံး ချိန်ရွယ်နည်းနှင့် ပစ်ခတ်နည်းများအား သင် ကြားပေးခဲ့ကြောင်း၊ သန်လျင်တံတားအမှတ် (၃) ဖွင့်ပွဲအခမ်းအနား ကျင်းပစဉ် လုပ်ကြံ ပစ်ခတ်ရန်အ တွက် မေ ၁၉ ရက်တွင် ရန်ကုန် UG အဖွဲ့ဝင် ဖမ်းဆီးရန်ကျန် ဖြူနှင်းအေး (ခ)မီးအိမ်ရှင်က စိန်ကြီး(ခ)အောင်ထွေးအား ဆက်သွယ်၍ ၁၀၇ မမ ရှော့ခ် တိုက်ဒုံး သုံးလုံး၊ လက်ပစ်ဗုံးနှစ်လုံးတို့အား ချိတ်ဆက်ပို့ဆောင်ပေးခဲ့သဖြင့် စိန်ကြီး(ခ)အောင်ထွေး၊ ဇာနည်အောင်(ခ)ကိုဇာနှင့် ချစ်ကေခိုင်တို့ သုံးဦးမှ ပုဇွန်တောင်မြို့နယ်၊ Ocean Center အနီးရှိ ကားမှတ်တိုင်တွင် ရန်ကုန် UG အဖွဲ့ဝင် (စိစစ်ဆဲ) အမျိုးသား နှစ်ဦးထံမှ သွားရောက်ယူဆောင်ခဲ့ပြီး သို ဝှက်သိမ်းဆည်းထားခဲ့ကြောင်း သိရသည်။
ဖမ်းဆီးရမိသူများ၏ ထွက်ဆိုချက်အရ စိန်ကြီး(ခ)အောင်ထွေး၊ ချိုကြီး(ခ)ဟိန်းထက်အောင်၊ မောင်ဟိန်း၊ ပြည့်ဖြိုးဇော်၊ ထက်အာကာလင်း၊ ဇာနည်အောင်(ခ)ကိုဇာနှင့် ချစ်ကေခိုင်တို့ ခုနှစ်ဦးသည် ဇွန် ၄ ရက် မှ ဇွန် ၈ ရက်အထိ သန်လျင်တံတား၏ အခြေအနေ၊ သန်လျင်တံတားအဆင်း တိုးဂိတ် အနီးနေရာနှင့် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့ နယ်၊ မြနန္ဒာအိမ်ရာအနီးတစ်ဝိုက်ရှိ လုံခြုံ ရေးတပ်ဖွဲ့ဝင်များ၏ အခြေအနေတို့အား ငါးကြိမ်သွားရောက် ကြည့်ရှု့ခဲ့ကြောင်း၊ ထို့နောက် ၁၀၇ မမ ရှော့ခ်တိုက်ဒုံး ပစ်ခတ်မည့် နေရာအား ဆိပ်ကမ်းသာလမ်းအောက်ဘက် 'ဘုရင်ကြီး' သဲကျောက်ရောင်းဝယ်ရေးလုပ် ငန်း၏ အရှေ့ဘက် မီတာ ၁၀၀၀ ခန့်အကွာ သဲကွင်းပြင်နေရာကို ရွေးချယ်သတ်မှတ်ခဲ့ပြီး ဇွန် ၈ ရက် တံတားဖွင့်ပွဲအခမ်းအနား ကျင်းပမည့်အချိန်တွင် ပစ်ခတ်ဖောက်ခွဲရန် စီစဉ်ခဲ့ကြကြောင်း သိရသည်။