ရန်ကုန်၊ အောက်တိုဘာ ၉
၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းကို အောက်တို ဘာ ၁ ရက်မှစ၍ နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့်ပြည်နယ်များအလိုက် စာရင်းစစ်/စာရင်းကောက် အဖွဲ့များဖြင့် စတင်ကောက်ယူလျက်ရှိရာ သန်းခေါင်စာရင်း ကောက်ယူမှုကို မလိုလားသူ အကြမ်းဖက်အဖွဲ့များက ၎င်းလုပ်ငန်းစဉ်တွင် ပါဝင်သူရှစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။
ဖြစ်စဉ်သတင်းများအရ တနင်္သာရီတိုင်းဒေသကြီး လောင်းလုံးမြို့နယ် ရေဖြူကျေးရွာအုပ်စု အောက်ရေဖြူကျေးရွာ နေထိုင်ကြသော ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက် ယူရေးလုပ်ငန်းတွင် စာရင်းစစ်၊ စာရင်းကောက်များအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသည့် အခြေခံပညာမူလတန်းလွန်ကျောင်း (ဂေါ့အင်း)မှ ကျောင်းဆရာမများဖြစ်သော ဒေါ်မေမီမိုး (ဘ) ဦးကျော်လင်း အသက်(၂၇) နှစ်နှင့် ဒေါ်ဥမ္မာထွန်း(ဘ)ဦးအောင်ထွန်း အသက်(၄၈)နှစ်၊ အခြေခံပညာအထက်တန်း ကျောင်း(ရေဖြူ)မှ ကျောင်းဆရာမများဖြစ်သည့် ဒေါ်ခင်အေးဆက် (ဘ) ဦးခင်လုံး အသက် (၄၇)နှစ်၊ ဒေါ်ရင်ရင်စိုး(ဘ) ဦးစိုးမြင့် အသက် (၆၀) နှစ်၊ ဒေါ်မြအေး(ဘ) ဦးအောင်ကျင် အသက် (၅၆) နှစ်၊ အခြေခံပညာမူလတန်းကျောင်း(ကဒက်ငယ်ထိန်)မှ ကျောင်းအုပ်ဆရာမဖြစ်သူ ဒေါ်ဖြူဖြူထွေး (ဘ)ဦးခင်သန်း အသက် (၄၄) နှစ်၊ ရေဖြူကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးရုံး စာရေးမဖြစ်သူ ဒေါ်သီတာ(ဘ)ဦးခင်သန်း အသက် (၅၇)နှစ်တို့သည် ထားဝယ်မြို့နယ်တွင် သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီး မိမိနေအိမ်များ၌ ပြန်လည်နေထိုင်နေစဉ် PDF အမည်ခံအကြမ်းဖက်သမားများက ၎င်းင်းတို့ခုနစ်ဦးအား အောက်တိုဘာလ ၆ ရက်ညနေပိုင်းတွင် လာရောက် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။
ထို့အပြင် အောက်တိုဘာ ၄ ရက်တွင်လည်း ချင်းပြည်နယ် တီးတိန်မြို့နယ်မှ သန်းခေါင်စာရင်း ကောက်ယူခြင်း လုပ်ငန်းများတွင် ပူးပေါင်းကူညီဆောင်ရွက်ပေးလျက် ရှိသည့် မြို့မိမြို့ဖဖြစ်သူ ဦး ကမ်လျန်ထန် (ဘ)ဦးခုပ်ဆဝုန် အသက် (၆၅) နှစ်သည် သန်းခေါင်စာရင်းကောက်ယူရာတွင် ပူး ပေါင်း ပါဝင်ဆောင်ရွက်ပြီး ၎င်းနေထိုင်သည့် လမ်းဇန်ကျေးရွာအနီးရှိ စိုက်ပျိုးမွေးမြူရေး ခြံသို့ သွားရောက်စဉ် အကြမ်းဖက်သမားများက ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။
အကြမ်းဖက်သမားများမှ သန်းခေါင်စာရင်းကောက်ယူနေသည့် အဖွဲ့များကို နည်းလမ်းမျိုး စုံဖြင့် နှောင့်ယှက်ဟန့်တားမှုများ ပြုလုပ်နေပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ တိုးမြှင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ ထူးမြတ်