Breaking

သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေး ရန်ပုံငွေ ထောက်ပံ့နိုင်ရေး စီစဉ်ပြီးဖြစ်၍ လက်ဝယ်အရောက် ပေးအပ်တော့မည်

နေပြည်တော်၊ အောက်တိုဘာ ၁၇
    ရေဘေးသင့်ဒေသများ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး ဆောင်ရွက်မှုများတွင် နိုင်ငံတော်အဆင့် လှူဒါန်းမှု သုံးကြိမ်ရှိခဲ့ပြီဖြစ်ပြီး အလှူငွေရရှိမှုအနေဖြင့် ငွေကျပ် ၅၂ ဘီလီယံကျော် ထည့်ဝင်လှူဒါန်းခဲ့ကြကြောင်း အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်   ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောကြား သည်။ 
    "နိုင်ငံတော်အစိုးရနဲ့  ပြည်သူလူထုပူးပေါင်းပြီး ရှာဖွေ၊ ကယ်ဆယ်ရေး၊ အရေးပေါ် တုံ့ပြန်ရေးနဲ့ ကူညီထောက်ပံ့ရေး လုပ်ငန်းတွေ အချိန်နဲ့တစ်ပြေးညီ ဆောင်ရွက်ပေးခဲ့ရတယ်။ မိတ်ဆွေနိုင်ငံများ ပြည် တွင်းပြည်ပ စေတနာရှင်များကလည်း ရေဘေးသင့်ဒေသများ ကူညီကယ်ဆယ်ရေးနဲ့    ပြန်လည်ထူထောင်ရေး ဆောင်ရွက်မှုတွေ မှာ စေတနာ၊ သဒ္ဓါထက်သန်စွာ လှူဒါန်းမှု များနဲ့အတူ အထူးသဖြင့် စေတနာရှင်ပုဂ္ဂိုလ် တစ်ဦးချင်း၊ အဖွဲ့အစည်းတစ်ခုချင်းနဲ့ အ သင်းအဖွဲ့အလိုက် စုစည်းပြီး အလှူငွေများကို လှူဒါန်းရာမှာ ယနေ့အထိ နိုင်ငံတော်အဆင့် သုံးကြိမ်ဖြစ်ပြီး အလှူငွေရရှိမှုကတော့ ငွေကျပ် ၅၂ ဘီလီယံကျော် ထည့်ဝင် လှူဒါန်းကြတာ အံ့အားသင့်ဖွယ်ဖြစ်ပါတယ်။ အသက်ဆုံးရှုံးရသူများအတွက် ဦးစားပေးအဖြစ် ကျန်ရစ်သူမိသားစုများကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထား ရေးဝန်ကြီးဌာနက ပုံမှန်ထောက်ပံ့ပေးနေမှု အပြင် အမျိုးသားသဘာဝဘေး စီမံခန့်ခွဲမှု ရန်ပုံငွေနဲ့သက်ဆိုင်ရာတိုင်း‌ဒေသကြီး၊ ပြည်နယ်ရန်ပုံငွေများကပါ ထပ်ဆောင်းပြီး ပျမ်းမျှတစ်ဦးကို ၁၀ သိန်း ထောက်ပံ့ခဲ့ပြီးဖြစ်ပါ တယ်။ အိုးအိမ်ပျက်စီးမှုများအတွက်လည်း ပျက်စီးမှုပမာဏ အပေါ်မူတည်ပြီး သဘာ၀ ဘေးအန္တရာယ်စီမံခန့်ခွဲရေး ရန်ပုံငွေကနေ ထောက်ပံ့နိုင် ရေး စီစဉ်ပြီးဖြစ်လို့ လက်ဝယ်အရောက် ပေးအပ်တော့မှာဖြစ်ပါတယ်"ဟု ၎င်းက ပြောကြားသည်။ 
    ၂၀၂၄ ခုနှစ် အပြည်ပြည်ဆိုင်ရာ  သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေ    လျှော့ချရေးနေ့ အခမ်းအနားကို  အောက်တိုဘာ ၁၃ ရက်က နေပြည်တော်ရှိ မြန်မာအ ပြည်ပြည်ဆိုင်ရာ ကွန်ဗန်းရှင်းဗဟိုဌာန(၁)၌ ကျင်းပရာ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက်အမှာစကားခဲ့ခြင်း ဖြစ်သည်။ 
    ကမ္ဘာ့နိုင်ငံအများစုတွင် ရာသီဥတုပြောင်းလဲမှုဆိုးကျိုးကြောင့် မုန်တိုင်းဘေး၊ ရေဘေး၊ လေပြင်းဘေး၊ မြေငလျင်ဘေး စသည်များ ဖြစ်ပွားခံစားနေရသကဲ့သို့ မြား အားကောင်းခဲ့၍ လူသေဆုံးထိခိုက်မှုသည် ၂၀၀၈ ခုနှစ်က နာဂစ်မုန်တိုင်းနှင့်နှိုင်း ယှဉ်ပါကအလွန် လျော့နည်းခဲ့ကြောင်း နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှုနှင့် အမျိုး သားအဆင့်နှင့် တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဆင့် သဘာဝဘေးစီမံခန့်ခွဲမှု အဖွဲ့များ၏ ဟန်ချက်ညီညီ လုပ်ဆောင်မှုများကြောင့် မုန်တိုင်းသင့်ဒေသများ ပြန်လည်ထူထောင်ရေးကိုလည်း အချိန်တိုအတွင်း အရှိန်အဟုန်ဖြင့် ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။ကွန်းဈာန်

Total Views ~ 352

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

45389

© 2022 - 2025 News. All Rights Reserved.