၂၀၂၃ အောက်တိုဘာ ၃၀
ပြည်တွင်း အိမ်ခြံမြေဈေးကွက်သည် အောက်တိုဘာလဆန်းပိုင်းအတွင်း အရောင်းအဝယ် တန့်သွားသည့်အတွက် သီ တင်းကျွတ်ကာလပြီးမှသာလျှင် အိမ်ခြံမြေဈေးကွက် အရောင်းအဝယ် ပြန်လည်ပတ် လာမည်ဖြစ်ကြောင်း မြန်မာနိုင်ငံအိမ်ခြံမြေ လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအသင်း ဒုဥက္ကဋ္ဌ ဦးဝဏ္ဏစိုးက ပြောကြားခဲ့သည်။
"စက်တင်ဘာ လကုန်ထိတော့ အိမ်ခြံမြေဈေးကွက်က မရပ်မနား အရောင်းအဝယ်ဖြစ်တယ်။ အောက်တိုဘာလထဲမှာတော့ အရောင်းအဝယ် နည်းနည်းတန့်သွားတာကို တွေ့ရပါတယ်။ သီတင်းကျွတ်ကာလ ပြီးလို့ရှိရင်တော့ အိမ်ခြံမြေဈေးကွက် ပြန်ပြီး လည်ပတ်လာမယ်လို့ ထင်မြင်မိပါ တယ်။ ဒီလထဲမှာတော့ မြန်မာတို့ရဲ့ ရိုးရာဓလေ့ထုံးစံ အတိုင်း နေရပ်ဒေသတွေကို ပြန်ကြတယ်။ လူကြီးမိဘတွေကို ကန်တော့ကြတယ်။ ဒါ့ကြောင့်မို့ အိမ်၊ ခြံ၊ မြေ ရောင်းဝယ်ငှား ဈေးကွက်မှာတော့ နည်းနည်းလေး ရပ်တန့် သွားတယ်လို့ ထင်မြင်ယူဆမိပါတယ်"ဟု ၎င်းက ပြောကြားခဲ့သည်။
ပြီးခဲ့သည့် ဇူလိုင်၊ သြဂုတ်၊ စက်တင်ဘာလအတွင်း ကျပ်နှစ်သောင်းတန် ဂယက်ရိုက်သည့် အချိန်တွင် အိမ်ခြံမြေမှာ ခိုင်မာသည်ဆိုသည့် ယူဆချက်များကြောင့် အရောင်းအဝယ် သွက်လာခဲ့ကာ ရင်းနှီးမြှုပ်နှံမှု ပိုမိုများပြားလာကြောင်း၊ ထို့အပြင် အငှားဈေးကွက်မှာလည်း ထိုနည်းတူစွာ အနည်းငယ် ရပ်တန့်သွားကြောင်းသိရသည်။
"မြေဆိုတာကကျတော့ ခိုင်မာတယ်၊ တည်ငြိမ်တယ်၊ အတက်အကျမကြမ်းဘူး။ အဲဒီတော့ အိမ်ခြံမြေကို ဝယ်ယူပြီးတော့ ရင်းနှီးမြှုပ်နှံမှု ပိုများလာတဲ့ သဘောပါ၊ ငွေကြေးဖောင်းပွမှုကို စိုးရိမ်စရာ မရှိဘူးဆိုတဲ့ အနေအထားမှာ အရောင်းအဝယ်လေး ပါးပြီးရပ်တန့်သွားတဲ့ သဘော လည်း တွေ့ရပါတယ်။ အငှားဈေးကွက်ကတော့ ရှေ့လတွေတုန်းကတော့ ဒဂုံမြို့သစ် (မြောက်ပိုင်း)၊ ဒဂုံမြို့သစ်(တောင်ပိုင်း)၊ ဒဂုံ မြို့သစ်(အရှေ့ပိုင်း)နဲ့ ဒဂုံမြို့သစ်ဆိပ်ကမ်း တို့မှာလည်း အရောင်းအဝယ် ဖြစ်ထွန်းပါ တယ်။ မနက်ဝယ် နေ့လယ်ရောင်း၊ နေ့လယ် ဝယ် ညရောင်းအထိပေါ့ ဖြစ်ထွန်းပါတယ်။ မြို့ထဲပိုင်းလည်း မြို့ထဲပိုင်းအလျောက် ဖြစ်ထွန်းပါတယ်။ အဲဒီအချိန်ကာလတုန်းက တော့ ရန်ကုန်တင်မဟုတ်ပါဘူး။ မန္တလေး၊ နေပြည်တော်၊ ပြင်ဦးလွင်၊ တောင်ကြီးစတဲ့မြို့ တွေမှာလည်း ရောင်းဝယ်ငှား ဈေးကွက် တော်တော်လေး ဖြစ်ထွန်းခဲ့တာကို ကြားသိ ရပါတယ်။ ဝင်ဒါမီယာ၊ ရွှေတောင်ကြား ခြံကြီးဝင်းကြီးတွေလည်း ဖြစ်ထွန်းနေတာ တွေ့ရပါတယ်။ ရန်ကင်း၊ တောင်ဥက္ကလာ၊ ဘောက်ထော်၊ တာမွေတို့မှာလည်း မြေကွက်လေးတွေ အရောင်းအဝယ်ဖြစ်သလို တိုက်ခန်းတွေလည်း အလွှာအလိုက် အရောင်းအ ဝယ်ဖြစ်ထွန်းခဲ့ပါတယ်။ ဈေးတန်းအနေနဲ့ကတော့ မြို့သစ်ဆိုလည်း သိန်းတစ်ထောင်ဝန်းကျင် မြေကွက်လေးတွေ အရောင်းအဝယ် ဖြစ်ထွန်းတယ်။ မြို့ထဲတိုက်ခန်း တွေဆိုလည်း သိန်းတစ်ထောင်ဝန်းကျင် အခန်းတွေ ဖြစ်တယ်။အရောင်းအဝယ်ဖြစ် ထွန်းတာကတော့ ကျပ်သိန်းတစ်ထောင်နဲ့ သုံးထောင်ကြားမှာ ရှိပါတယ်"ဟု ၎င်းက ဆက်လက်ပြော ကြားခဲ့သည်။
ထို့အပြင် ရင်းနှှီးမြှုပ်နှံမှုများသည့် အခြေအနေနှင့် ပတ်သက်၍လည်း အိမ်ခြံမြေအကျိုး ဆောင်တစ်ဦးက "အိမ်ခြံမြေကတော့ ဝယ်နိုင်လေ အကျိုးရှိလေ၊ စောင့်နိုင်လေ ခံစားရလေပါပဲ၊ ဝယ်ဖို့ပဲ တိုက်တွန်းချင်ပါတယ်။ အဓိက ဝယ်ဖို့တိုက်တွန်းတယ်ဆိုပေမယ့် ရောင်းမှားဝယ်မှား မဖြစ်ရအောင် ဝယ်ရမှာပေါ့လေ၊ ခိုင်ခိုင်မာမာ သေသေချာချာ အကျိုးဆောင်၊ အာမခံနိုင်တဲ့ အကျိုး ဆောင်၊ နာမည်ဂုဏ်သတင်းရှိတဲ့ အကျိုး ဆောင်တွေနဲ့ ချိတ်ဆက်ပြီးတော့ အိမ်ခြံမြေ ကတော့ ဝယ်ယူရင်းနှီးမြှုပ်နှံသင့်ပါတယ်"ဟု ပြောကြားခဲ့သည်။
အိမ်ခြံမြေ ရာဖြတ်နှုန်းထားသစ်သတ်မှတ်ချက်မှာလည်း လက်ရှိအခြေအနေတွင် ထူးခြားမှု မတွေ့ရသေးကြောင်း၊ အိမ် ခြံမြေဈေးကွက်သည် သြဂုတ်လနှင့် စက်တင်ဘာလတွင် ဈေးကွက် အပြောင်းအလဲ မြန်ဆန်သောကြောင့် တစ်ခါတလေဈေး ပြောင်းသွားခြင်းများ ရှိသည့်အတွက် အရောင်း ပိတ်ခြင်းများလည်း ဖြစ်ပေါ်ခဲ့ကြောင်း၊ ထို့ကြောင့် အကျိုးဆောင်များအနေဖြင့် ဈေး ကွက်တည်တည်ငြိမ်ငြိမ်နှင့် အရောင်းအဝယ် ပုံမှန်ဖြစ်ထွန်းစေသည့် ဈေးကွက်ကိုမျှော်လင့်ကြောင်း ၎င်းင်းက ဆက်လက်ပြောကြားခဲ့သည်။