Breaking

အကြမ်းဖက်လက်နက်ကိုင်များ အညာဒေသတွင် စစ်ရေးစတင်မည်ဆိုသည့်ကိစ္စ ပြည်သူလူထု လုံး၀လက်မခံ

နေပြည်တော်၊ နိုဝင်ဘာ ၆ 
    လက်နက်ကိုင်များ အညာဒေသတွင် စစ်ရေးထပ်မံစတင်ပါက ပြည်သူလူထု အသက်အိုးအိမ် ထိခိုက်ပျက်စီးမှုများမည်ဖြစ်ပြီး  ပြည်သူလူထုကို လူသားဒိုင်း မလုပ်သင့်ကြောင်း ပအိုဝ်းအမျိုးသား အဖွဲ့ချုပ်ပါတီ (PNO) အတွင်းရေးမှူး (၂) စောခွန်ကျော်ဝင်းက ပြောသည်။ 
    "စစ်ဆင်ရေး ပြုလုပ်ပြီဆိုရင် အထိခိုက်ဆုံးကတော့ အဲ့ဒီမှာရှိတဲ့ ဒေသခံလူတွေရဲ့ ကျေးရွာတွေ ပျက်စီးမယ်။ ကျွန်တော်တို့ အတွေ့အကြုံအရ တိုက်ပွဲဖြစ်တဲ့နေရာမှာ ထိခိုက်မှုက အများဆုံးပဲ။ လက်နက်ကိုင်တဲ့သူက ကိုယ့်ဧရိယာ ဟုတ်မဟုတ် ရှိသမျှ လူထုပိုင်ပစ္စည်းကအစ သူတို့စားဖို့သောက်ဖို့ ရိက္ခာအဖြစ်ယူကြတယ်။ နောက်ဆုံး ခြေရာလက်ရာဖျောက် မီးတွေရှို့ကြတယ်။ တကယ်လို့ ဒေသတစ်ခုမှာ လက်ခံဖြစ်မယ်ဆို ရင်တော့ သူတို့ခေါ်တဲ့နေရာမှာ ထိခိုက်မှုများလိမ့်မယ်။ အဓိက လူထုကို ထိခိုက်မယ်။ တော်လှန်ရေး လုပ်တယ်ဆိုတာ ကျွန်တော်တို့ တိုင်းရင်းသားဒေသတွေမှာလည်း နှစ်ပေါင်းများစွာရှိခဲ့ပြီ။ လက်နက်ကိုင်ပြီး တော်လှန်တာ ဘယ်သူ့ကိုမှ ဆိုးသည်ကောင်းသည် မပြောလိုဘူး။ ကိုယ့်ခံယူချက်နဲ့ကိုယ် လုပ်ကြတာဖြစ်တဲ့အတွက်ကြောင့်။ ဒါပေမဲ့ တော်လှန်ရေးသမား စစ်စစ်ဆိုတာ ကျွန်တော်မြင် တာကတော့ ကျေးရွာတွေကို အကာအကွယ်ပြုပြီး လူထုကို လူသားဒိုင်း မလုပ်သင့်ဘူး။ လက်နက်ကိုင်အချင်းချင်း တည်ရှိတဲ့နေရာ ဘယ်စခန်း၊ ဘယ်တပ်စသဖြင့် ချေမှုန်းဖို့လိုတယ်။ အခုဖြစ်နေတာက လက်နက်ကိုင် တော်တော်များများ ကျေးရွာကို အကာအကွယ်ယူ အခြေပြု ပြီးတော့ လုပ်ကြတယ်။ တစ်ဖက်နဲ့တစ်ဖက် ရန်သူအဖြစ် ချေမှုန်းကြတဲ့အခါ အဲဒီကျေးရွာတွေပျက်စီး ရတယ်"ဟု ၎င်းကပြောသည်။
    လက်နက်ကိုင်များအနေဖြင့် မိမိတို့ အညာဒေသများသို့ စစ်ရေးစတင်ရန် ဝင်ရောက်လာပါက ပြည်သူလူထုအနေဖြင့် စစ်ရေးမစတင်ရန် မေတ္တာ ရပ်ခံစေချင်ကြောင်း စောခွန်ကျော်ဝင်းက ထပ်မံပြောဆိုသည်။ 
    "ဖြစ်လာခဲ့ရင်လည်း ဒေသခံတွေအနေနဲ့ မေတ္တာရပ်ခံစေချင်တယ်။ လက်ခံတဲ့သူ ရှိခဲ့ရင်တောင် ကျွန်တော်တို့ ရပ်ရွာကို မလုပ်ပါနဲ့ ရှောင်ပါလို့။ တိုက်ပွဲလုပ်ရင် ရွာပြင်ထွက်လုပ်ပေါ့။ အညာဒေသမှာ လက်ခံမှု၊ ထောက်ခံမှု လုပ်မိရင်တော့ တပ်မတော် ဘက်ကလည်း ချေမှုန်းရမယ့် တာဝန်ရှိနေ တယ်။ အဲဒီလိုဆိုတော့ တိုက်ပွဲဖြစ်တဲ့နေရာ တွေကတော့ ပျက်စီးဖို့သေချာပါတယ်။ ကျွန်တော်တို့ ဘက်မှာလည်း စစ်ရှောင်တွေအများ ကြီးရှိတယ်။ စကားပြောကြည့်တော့ စစ်ဘေးစစ်ဒဏ် ခံရဖူးတဲ့သူက ပြေးလွှားပြီးတော့ ဒုက္ခရောက်၊ သူများဆီမှာ ခိုလှုံကြရတယ်။ လေယာဉ်သံ ကြားရင်တောင် ကြောက်စိတ်ဝင်နေကြတာမျိုး။ ခံစားချက်တွေ ရှိကြတယ်။ မကြုံဖူးတဲ့သူတွေကတော့ ဖိတ်ခေါ်ကြတယ်။ ရတယ်၊ လုပ်မယ်ဆိုပြီး။ တကယ်ဖြစ်လာတော့ သက်ကြီးရွယ်အိုတွေ၊ ကလေးငယ်တွေ အရမ်း ဒုက္ခရောက်တယ်"ဟု ၎င်းကဆိုသည်။ 
    ရှမ်းမြောက်ဒေသတွင် အခြေချလှုပ်ရှားရန် အခြေအနေမဟန်တော့သည့် BPLA တပ်များ အညာဒေသသို့ ရွှေ့တော့မည့်အကြောင်းကို အစိုးရအား ဆန့်ကျင်သည့် မီဒီယာများတွင် ပြီးခဲ့သည့် ရက်သတ္တပတ်က ဖော်ပြထားပြီး BPLA ခေါင်းဆောင် မောင်ဆောင်းခက မြန်မာပြည်အလယ်ပိုင်း သို့ စစ်ရေး လှုပ်ရှားတော့မည်ဖြစ်ကြောင်း ပြောထားသည်။
    စစ်ရေးစတင်မည့်ကိစ္စအား အေးချမ်းစွာ နေထိုင်လိုသည့် ပြည်သူများက လက်မခံကြောင်း မုံရွာမြို့ဒေသခံပြည်သူ တစ်ဦးက ပြောသည်။ 
    "မောင်ဆောင်းခတို့ ကျွန်တော်တို့ အညာကို လာမယ်ဆိုတော့ ဘူမသိ၊ ကိုးမသိ အနီထောက်ခံ သူတွေ ဝမ်းသာကြတယ်လို့ သိရတယ်။ အေးအေးဆေးဆေး လုပ်ကိုင်စားသောက်ချင်သူတွေကတော့ ဒုက္ခလာပေးတယ်လို့ မြင်ကြတယ်။ ရှေ့မှာ မြင်နေရတာပဲ။ ဒီကောင်တွေ လုပ်ရပ်ကြောင့် ဘယ်မြို့၊ ဘယ်ရွာ အေးချမ်းခဲ့လဲ။ ဘယ်ပြည်သူတွေ လုံခြုံလဲ။ အမှန်အတိုင်းပြောရရင် သူတို့ မလာခင်ကတည်းက စစ်ကိုင်းက သူ့ဒုက္ခနဲ့ သူဖြစ်နေတာ။ ထပ်ပြီး ဒုက္ခမပေးပါနဲ့လို့ပဲ ပြောချင်တယ်"ဟု ၎င်း ကပြောသည်။ 
    ထိုသို့ စစ်ရေးစတင်ဖြန့်ကြက်မည် ဆိုပါက စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းက ဖြစ်နိုင်ခြေ ရှိသော်လည်း အခြားသောဒေသများတွင် ဖြစ်နိုင်ခြေနည်းပါးကြောင်း လူထုအနေဖြင့်လည်း လက်ခံမည် မဟုတ်ကြောင်း  မြင်းခြံမြို့ ဒေသခံတစ်ဦးက ပြောသည်။ 
    "သတင်းတွေကြားတယ်။ ကျွန်တော်တို့ အထင်ကတော့ စစ်ကိုင်းနဲ့ မကွေး ဖြစ်ဖို့များတယ်။ TNLA နဲ့တွဲ တဲ့ မောင်ဆောင်းခတို့ ဆင်းလာမယ်ဆိုတာ။ သူတို့က စစ်ကိုင်းတိုင်း၊ မကွေးတိုင်းဘက်ကို ဆင်းလာမယ်လို့ ကြားတာပဲ။ ဖြစ်လာရင်တော့လည်း သိရမှာပါ။ လောလောလတ်လတ်တော့ မဖြစ်နိုင်ပါဘူး။ မဖြစ်နိုင်ဘူးလို့လည်း မပြောနိုင်ဘူး။ ကျွန်တော်တို့ မြို့ကတော့ အခြေအနေကောင်းပါတယ်။ သွားလို့လာလို့ကတော့ မိုးချုပ်ရင် မကောင်းဘူး။ အစစ်ဆေး၊ အမေးအမြန်းတွေ ရှိတယ်။ ည ၈ နာရီ နောက်ပိုင်း သွားလာလို့မကောင်းဘူး။ မြို့ပြင်ဘက်တွေ မသွားတာကောင်းတယ်။ တိုက် ပွဲဖြစ်တဲ့ ရွာတွေလည်းရှိတော့။ သတင်းတွေကတော့ ကျွန်တော်တို့လည်း မျက်ခြည်မပြတ် စောင့်ကြည့်နေပါတယ်။ မစဉ်းစားမဆင်ခြင်ဘဲနဲ့ အဲဒီအဖွဲ့တွေ လက်ခံထားတဲ့ ဒေသကတော့ အခြေအနေ မကောင်းနိုင်ဘူး၊ ပျက်စီးဆုံးရှုံးမှာကို သိသိနဲ့တော့ ဘယ်သူမှ လက်ခံမှာမဟုတ်ဘူး။ ကျွန်တော်တို့ ဒေသအနေနဲ့လည်း လက်မခံဘူး"ဟု ၎င်းက ပြောသည်။ အလားတူ ရမည်းသင်းဒေသတွင်လည်း စစ်ရေးစတင်ရန် ဖြစ်နိုင်ခြေနည်းပါးပြီး အဆိုပါဒေသတွင် PDF ကဲ့သို့ အကြမ်းဖက်လက်နက်ကိုင်အဖွဲ့များ အမာခံမရှိကြောင်း ဒေသခံတစ်ဦးက ပြောသည်။
    "လောလောဆယ် အနေအထားအရ ကျွန်တော်တို့ ခန့်မှန်းရသလောက် ကျွန်တော်တို့ဘက်တော့ မဖြစ်နိုင်ဘူး။ မဖြစ်နိုင်ဘူးဆိုတာက သူတို့လုပ်ချင်ရင် စစ်ကိုင်းတို့၊ ဘာတို့မှာပဲ ရမယ်၊ အမာခံမရှိဘူး။ ကျွန်တော်တို့ဒေသက ပြောက်ကျားလည်း မရှိဘူး။ မောင်ဆောင်းခ သူအကောင့်မှာ တင် ထားတာတွေ့ပါတယ်။ ကျွန်တော်တို့ဒေသမှာက နိုင်ငံရေးအပြောင်းအလဲ စဖြစ်တော့ တချို့တလေ တောခိုသွားကြတာတွေတော့ ရှိတယ်။ ကျွန်တော်တို့ဒေသမှာ တိုက်ပွဲလာ မဖော်ဖို့ပါဘဲ။ တိုက်ပွဲ ဖော်ဖို့ဆိုတာကလည်း ဖြစ်နိုင်ခြေ နည်းပါတယ်။ အမြောက်တပ် လည်းရှိတယ်။ မိထ္ထီလာဆိုရင် နည်းတဲ့တပ်ရင်းတွေမှမဟုတ်တာ အများကြီးရှိတယ်။ ဒီဘက်ကကျတော့ နေပြည်တော်ရှိမယ်။ ရမည်းသင်းပြီးရင် တပ်ကုန်း၊ တပ်ကုန်းပြီးရင် နေပြည်တော်ပဲကိုး။ ဘယ်လိုပဲ ဖော်ဆောင် ဖော်ဆောင် ဒီကောင်တွေ အဝိုင်းခံရမှာပဲ။ လောလော ဆယ်အနေအထားအရ မဖြစ်နိုင်ပါဘူး။ မိတ္ထီလာမှာ လေတပ်၊ အမြောက် တပ်၊ ခြေလျင်တပ် အများကြီး ရှိတယ်။ တော်တော်များတယ်။ ရမည်းသင်းမှာက စစ်မှုထမ်းဥပဒေနဲ့ခေါ်တဲ့ သင်တန်းကျောင်းတွေ လည်းရှိတယ်။ ရမည်းသင်းကတော့ စိုးရိမ် စရာ မရှိပါဘူး"ဟု ၎င်းကပြောသည်။ 
    မကွေးတိုင်းဒေသကြီး နတ်မောက် ဒေသခံတစ်ဦးက "အညာဒေသဆိုရင်တော့ မုံရွာဘက်ကိုပဲ စိုးရိမ်ရမယ်။ ပုလဲတို့၊ စစ်ကိုင်းတို့ အဲဒီဘက်တွေ ခေါ်တယ်။ မကွေးကျတော့ မြန်မာပြည်အလယ်ပိုင်း ဖြစ်တယ်။ ဖြစ်နိုင်ခြေကတော့ အကုန်လုံးရှိနေတာပဲ။ ဒါပေမဲ့ သူက အညာဒေသ ဗိုလ်နဂါးတို့ဘက် သွားဖို့များတယ်။ မကွေးတိုင်းဘက်ကတော့ ဒီလောက်ကြီး အခြေအနေ မတွေ့ရဘူး။ အင်အားလည်း မရှိဘူး။ ဖြစ်တာများတာက ဒီပဲယင်း၊ မုံရွာ အဲဒီဘက်တွေ ဖြစ်တာများတယ်။ မကွေးက ကြိုးကြား ကြိုးကြားလောက်ပဲ။ စလင်းတို့၊ ဘာတို့ ဘက်ကတော့ရှိတယ်။ နာမည်ကြီးတဲ့ သူတွေတောင် သိပ်မတွေ့ရပါ ဘူး"ဟု ပြောသည်။ 
    မောင်ဆောင်းခ၏ BPLA သည် ရှမ်းပြည်နယ်(မြောက်ပိုင်း) ၁၀၂၇ စစ်ဆင်ရေးအတွင်း အကြမ်းဖက်လက်နက်ကိုင်များ နှင့် ပူးတွဲတိုက်ပွဲဝင်ခဲ့ကြောင်း၊ ကရင်ပြည်နယ်နှင့် ပဲခူးတိုင်းအရှေ့ခြမ်း တိုက်ပွဲများတွင်လည်း ပါဝင်တိုက်ခိုက်နေကြောင်း မီဒီယာများတွင် ဖော်ပြထားသည်။ 
    လတ်တလောတွင် ကရင်ပြည်နယ်၌ ၁၀၇ စစ်ဒေသ၊ ရှမ်းပြည်(မြောက်ပိုင်း) ၂၀၃ စစ်ဒေသဟူ၍ ဖွဲစည်းလှုပ်ရှားနေပြီး မြန်မာနိုင်ငံအလယ်ပိုင်းတွင်လည်း စစ်ဒေသ သစ် ဖွဲ့စည်းမည်ဖြစ်ကြောင်း သိရသည်။ 
    မြန်မာ့နိုင်ငံရေးဖြစ်စဉ်တွင် တချို့သော EAOs များအနေဖြင့် NCA ကတိ ကဝတ်များကို ဖောက်ဖျက်၍ NUG? CRPH  အမည်ခံ အကြမ်းဖက်အဖွဲများကို ထောက် ခံခဲ့ပြီး ၎င်းင်းတို့လက်အောက်ခံ PDF များကို ထောက်ပံ့မှု မျိုးစုံပေးခဲ့၍ အားပေးအားမြှောက်ပြုခဲ့ခြင်းကြောင့် နိုင်ငံတစ်ဝန်း တည်ငြိမ် အေးချမ်းမှုအားနည်းခဲ့ရသည်။
    ၂၀၂၁ ခုနှစ်မှာ မမျှော်လင့်ဘဲဖြစ် ပေါ်ခဲ့ရသည့် မြန်မာ့နိုင်ငံရေးအပြောင်းအလဲဖြစ်စဉ်တွင် တချို့သော EAO များအနေ ဖြင့် NCA တွင် လက်မှတ်ရေးထိုးထားရှိခဲ့သည့် ကတိကဝတ်များကို ဖောက်ဖျက်ပြီး NUG ? CRPH အမည်ခံ အကြမ်းဖက်အဖွဲ့များကို တစ်ဖက်လှည့်နည်းနှင့် ထောက်ခံ အားပေးခဲ့သည်။ အဆိုပါ အကြမ်းဖက်အဖွဲ့များ၏ လက်အောက်ခံ PDF အမည်ခံအကြမ်းဖက်အဖွဲ့ များကိုလည်း ထောက်ပံ့မှုမျိုး စုံပေး၍ အားပေးအားမြှောက်ပြုခဲ့ကြသည်။ 
    ၂၀၂၃ ခုနှစ် အောက်တိုဘာတွင် စတင်ခဲ့သည့် MNDAA? TNLA? AA  အကြမ်းဖက်သောင်းကျန်းသူ ပူးပေါင်းအဖွဲ့များ၏ လုပ်ဆောင်ချက်များက ပြည်သူများ၏ လူမှုစီးပွားအခြေအနေများကို ပိုမိုဆိုးရွားစေခဲ့သည်။ အဆိုပါ ဖြစ်စဉ် မတိုင်မီ KNPP? KNDF ? PNLO? KIA  နှင့် KNU လက်နက်ကိုင် သောင်း ကျန်းသူများက နယ်မြေဒေသအသီး သီးတွင် အဖျက်အမှောင့် လုပ်ရပ်များစွာကို ဆောင်ရွက်ခဲ့ကြခြင်းကြောင့် အကျိုးဆက်အနေဖြင့် အပြစ်မဲ့ပြည်သူပေါင်းများစွာ ဆင်းရဲဒုက္ခရောက်ခဲ့ကြရသည်။ 
    ရှမ်းမြောက်ဒေသတွင် ၁၀၂၇စစ် ဆင်ရေးဟုဆိုကာ အကြမ်းဖက်လက်နက် ကိုင်အဖွဲ့များက စစ်ရေးလှုပ်ရှားခဲ့ခြင်းကြောင့် ပြည်သူလူထု အသက်အိုးအိမ်များစွာ ပျက်စီးဆုံးရှုံးခဲ့ရပြီး ယခုတစ်ဖန် အညာဒေသနှင့် မြန်မာပြည်အလယ်ပိုင်းတွင် စစ်ရေးလှုပ်ရှားမည်ဟု ပြောဆိုလာခြင်းကြောင့် ရှမ်း မြောက်ဒေသကဲ့သို့ ပျက်စီးဆုံးရှုံးရမည့်အရေးကို ပြည်သူလူထုက စိုးရိမ်ပူပန်လျက်ရှိပြီး လက်မခံနိုင် ကြောင်း သိရသည်။  ကွန်းဈာန်

Total Views ~ 274

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

45389

© 2022 - 2025 News. All Rights Reserved.