Breaking

အင်ဒိုနီးရှားမှ တန်ချိန် ၅၃၀၀ တင်သွင်းလာသည့် စားအုန်းဆီတင်သင်္ဘော ရန်ကုန်မြို့သို့ ဆိုက်ကပ်

ရန်ကုန်၊ ဇွန် ၂၅
    အင်ဒိုနီးရှားနိုင်ငံမှ တန်ချိန် ၅၃၀၀ ထပ်မံတင်သွင်းလာသည့်  စားအုန်းဆီတင်သင်္ဘောသည် ဇွန် ၁၉ ရက်တွင် ရန်ကုန်မြို့သို့ ရောက်ရှိကြောင်း သိရသည်။
    ရောက်ရှိပြီးနောက် ရန်ကုန်မြို့ ကြည့်မြင်တိုင်မြို့နယ်ရှိ ကြည့်မြင်တိုင် အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းတွင်  ဆိုက်ကပ်ထားကြောင်း ဆိုသည်။
    စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန မြန်မာနိုင်ငံ ဆီကုန်သည်နှင့်  ဆီလုပ်ငန်းရှင်များအသင်းတို့၏ စီစဉ်ဆောင်ရွက်တင်သွင်းမှုဖြင့် ထပ်မံရောက်ရှိ လာခြင်းဖြစ်ကြောင်း သိရသည်။
    ထို့ကြောင့် ယခုအချိန်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဆီသိုလှောင်ကန်များတွင် စားအုန်းဆီ သိုလှောင်ထားသည့် ပမာဏမှာ တန်ချိန် ၄၀၀၀၀ ကျော် စုစည်းသိုလှောင်ထားပြီးဖြစ်ကြောင်း ဝန်ကြီးဌာနမှဆိုသည်။
    ယင်း ဆီသိုလှောင်ကန်များမှ စားသုံးဆီများကို စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနမှ သတ်မှတ်နှုန်းများဖြင့်သာ ပြည်သူများ၏ လက်ဝယ်သို့ ဖြန့်ဖြူး ရောင်းချမည်ဖြစ်ကြောင်း ပြောသည်။
    စားအုန်းဆီများကို ကုမ္ပဏီ ၂၆ခု ဖြင့် ပြည်ပမှ လစဉ်တန်ချိန် သုံးသောင်းကျော် တင်သွင်းလျက်ရှိကာ  ရန်ကုန်တိုင်းအတွင်း လက်လီဆိုင်ပေါင်း ၅၈၀၀ ကျော်အား မြို့နယ်အလိုက် တစ်ရက်လျှင် ဆီပီပါ ၂၆၆၀ ကျော် ဖြန့်ချိပေးနေသည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှဆို ထားသည်။
    မြန်မာနိုင်ငံတွင်းရှိ စားသုံးသူ ပြည်သူများ ပြတ်လပ်မှုမရှိစေဘဲ ပိုလျှံစွာသုံး စွဲနိုင်ရန်အတွက် ဆီတင်သင်္ဘောကြီးများ အဆက်မပြတ် ဝင်ရောက်နိုင်ရန် တာဝန်ရှိသူများက စီစဉ်ဆောင်ရွက်ထားရှိ ကြောင်း လည်း မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ ပြောသည်။

Total Views ~ 283

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

45389

© 2022 - 2025 News. All Rights Reserved.