အင်္ဂပူမြို့နယ်တွင် အမျိုးသမီး ၁ ဦးအား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်

၂၀၂၃ ၊ မတ် ၂၀
ယမန်နေ့ (မတ်လ ၁၉)ညနေ ၄နာရီ မိနစ် ၂၀ ချိန် မြန်အောင်ခရိုင် အင်္ဂပူမြို့နယ် ရှမ်းရွာကျေးရွာနေ  မရွှေဇင်(ခ)နန်းနန်း(၃၄)နှစ်အား တိုင်တန်းချက်အရ ဖမ်းဆီးခဲ့ပြီး ၎င်းအား  မမစ(အင်္ဂပူ)(ပ)၃၇/၂၀၂၃၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည)/၅၂(က)ဖြင့် အမှုဖွင့်စစ်ဆေးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မတ်လ ၁ရက်နေ့ ညနေ ၄နာရီ ၁၀မိနစ်အချိန် မရွှေဇင်(ခ)နန်းနန်း သည် အကြမ်းဖက်အုပ်စု PDF အဖွဲများနှင့် ပတ်သက်နေကြောင်း သတင်းအရ မမစမှူး(အင်္ဂပူ))မီ ဦးစီးအဖွဲ့က မမစ(အင်္ဂပူ)သို ခေါ်ဆောင်စစ်ဆေးရာ ၎င်းကိုင်ဆောင်ဆောင်သည့် လက်ကိုင်ဖုန်းအတွင်းမှ လူမှုကွန်ရက်စာမျက်နှာမျက်နှာပေါ်တွင် မနန်းအမည်ဖြင့် Generation-yGuerill(GYG) အကြမ်းဖက်အဖွဲ့ဝင်များအား ငွေကြေးထောက်ပံခြင်း၊ Uri Nann Facebook Account ဖြင့် နိုင်ငံတော်အစိုရအား အကြည်အငြိုပျက်စေမည့်စာသားများ ရေသားထားသည်ကို စစ်ဆေးတွေ့ရှိရသဖြင့် အမှုဖွင့်တိုင်တန်းခြင်း ဖြစ်ကြောင်း သိရသည်။

Total Views ~ 286

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43379

© 2022 - 2025 News. All Rights Reserved.