Breaking

အဆိုတော် ချမ်းချမ်း၏ ခိုင်းစေမှုဖြင့် တရားမဝင် လုပ်ငန်းဆောင်ရွက်သူများ ဖမ်းဆီးရမိ

ရန်ကုန်၊ ဇွန် ၄
    အွန်လိုင်းမှတစ်ဆင့် ကုန်ပစ္စည်းများအား တရားမဝင်တင်သွင်းရောင်းချ၍ အကြမ်းဖက်အဖွဲ့များအား ထောက်ပံ့ပေးလျက်ရှိသော ချမ်းမြငြိမ်း(ခ)ချမ်းချမ်း(အဆိုတော်)၏ ခိုင်းစေမှုဖြင့် တရားမဝင်လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်လျက်ရှိသူများအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
    ဖမ်းဆီးရမိမှု ဖြစ်စဉ်များမှာ ၂၀၂၅ ခုနှစ် ဧပြီ ၁၃ ရက်တွင် မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ် အောင်နန်းရိပ်သာ အရှေ့ရပ်ကွက် ၈၁x၈၂ လမ်း ကြား၊ ၃၃ လမ်းနေ Treasure Hnin Online Shop လုပ်ငန်းလုပ်ကိုင်သူ ဖြူဖြူနှင်းအား လည်းကောင်း၊ မေ ၈ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ် ၅၄ ရပ်ကွက် ချယ်ရီ ၁ လမ်းနှင့် ရွှေသပြေလမ်းထောင့် အမှတ်(၃/က) နေဘုန်းမြင့်အောင်အားလည်းကောင်း အသီးသီး ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။ 
    ဖမ်းဆီးရမိ တရားခံများအား စိစစ်ဖော်ထုတ်ချက်များအရ ၎င်းင်းတို့နှစ်ဦးသည် နိုင်ငံ့ဝန်ထမ်းများ (Disloyalty Civil Servant-DCS) လှုပ်ရှားမှုတွင် ပါဝင်ရန် လှုံ့ဆော်ခြင်း၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေရန်နှင့် ဆူပူအုံကြွမှုဖြစ်ပေါ်ရန် Social Media များမှတစ်ဆင့် Post တင် ရေးသားခဲ့ခြင်းတို့ကြောင့် ရာဇသတ်ကြီးပုဒ်မ ၅၀၅-ကဖြင့် အမှုဖွင့်လှစ်ခံခဲ့ရပြီး ပြည်ပသို့ ထွက်ပြေးတိမ်းရှောင်လျက်ရှိသည့် ချမ်းမြ ငြိမ်း(ခ)ချမ်းချမ်း (အဆိုတော်)၏ ခိုင်းစေချက်အရလည်းကောင်း ပြည်ပမှ တရားမဝင် တင်ပို့လိုက်သော နိုင်ငံခြားဖြစ်ပစ္စည်းများအား အခကြေးငွေဖြင့် ထပ်ဆင့်ဖြန့်ဝေရောင်းချခြင်း၊ ငွေကြေးကောက်ခံပေးခြင်းနှင့် ချမ်းမြငြိမ်း(ခ)ချမ်းချမ်း ပေးပို့စေလိုသော အကြမ်းဖက် အဖွဲ့အစည်းများအား ငွေကြေးထောက်ပံ့ပေးခြင်းများ ဆောင်ရွက်ရသူများ ဖြစ်ကြောင်း သိရသည်။ 
    ချမ်းမြငြိမ်း(ခ)ချမ်းချမ်း(အဆိုတော်)သည် Shop Me အမည်ဖြင့် Face book Page အား ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီတွင် စတင်ဖွင့်လှစ်ခဲ့ပြီး အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်း လုပ်ငန်းလိုင်စင်မရှိဘဲ နိုင်ငံ ခြားဖြစ် လက်ကိုင်အိတ်၊ နာရီ၊ ခါးပတ်နှင့် အင်္ကျီစသော အသုံးအဆောင် ပစ္စည်းများအား အွန်လိုင်းမှ တစ်ဆင့် ရောင်းချ၍ ပြည်တွင်းသို့ တရားမဝင်တင်သွင်းကာ ဖြန့်ဖြူးရောင်းချနေသူ ဖြစ်သည့်အပြင် ရရှိလာသော ငွေကြေးများအနက် အချို့အား ကိုယ်ကျိုးအတွက် သုံးစွဲခြင်း၊ အချို့အား အကြမ်းဖက်အဖွဲ့အစည်းများသို့ ထောက်ပံ့ပေးခြင်းများ ဆောင်ရွက်လျက်ရှိသူ ဖြစ်ကြောင်း သိရသည်။
    ထို့အပြင် NUG/PDF အကြမ်းဖက်အဖွဲ့အစည်းများအား ထောက်ပံ့မှုပြု လုပ်နိုင်ရန် လူမှုကွန် ရက်များပေါ်တွင် တရားမဝင် ဈေးရောင်းချနေသည့် ပန်ဆယ်လို အကောင့်ပိုင်ရှင် အိမ့်ပိုးဥ၊ Ma Irene အကောင့်ပိုင်ရှင် အိုင်ရင်း၊ ShweNadi အကောင့်ပိုင်ရှင် သင်းသင်းနွယ်၊ Zune Nilar Htay အကောင့်ပိုင်ရှင် ဇွန်နီလာဌေး၊ Aung Thaw အကောင့်ပိုင်ရှင် အောင်သော်၊ Khaing Su Lwin အကောင့်ပိုင်ရှင် DCS ဆရာမ ခိုင်စုလွင်၊ P&H Fashion အကောင့်ပိုင်ရှင် ထက်နီနီသန်း၊ Tr Chan Chan အကောင့်ပိုင်ရှင် ချမ်းမြမြသော် စသည့် လူ မှုကွန်ရက်အကောင့်များနှင့် ချိတ်ဆက်ခြင်း၊ ရောင်းချသည့် ပစ္စည်းများအား ဝယ်ယူခြင်း၊ တစ်ဆင့်ခံ ပြန်လည်ရောင်းချခြင်းနှင့် ထိုသို့ ဆောင်ရွက်နိုင်ရန် နည်းလမ်းတစ်ခုခုဖြင့် ကူညီဆောင်ရွက် နေသူများကိုလည်း အကြမ်းဖက်ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူ ဆောင်ရွက်နိုင်ရေး စိစစ် ဖော်ထုတ်မှုများ ဆောင်ရွက်နေကြောင်း သိရသည်။ ထူးမြတ်

Total Views ~ 43

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

45369

© 2022 - 2025 News. All Rights Reserved.