Breaking

အပြည်ပြည်ဆိုင်ရာ တရားစီရင်ရေး အလွဲသုံးစားပြုလုပ်၍ တရားစီရင်ခြင်းမှ အပြန်အလှန် အကာအကွယ်ပေးရေးဆိုင်ရာ သဘောတူစာချုပ်ကို မြန်မာ-ရုရှား လက်မှတ်ရေးထိုး

ရန်ကုန် မေ ၂၇
    (၁၃) ကြိမ်မြောက် စိန့်ပီတာစ ဘတ် အပြည်ပြည်ဆိုင်ရာ ဥပဒေရေးရာဖိုရမ်ကျင်းပနေစဉ်အတွင်း နိုင်ငံသားများအား အပြည်ပြည်ဆိုင်ရာ တရားစီရင်ရေး အလွဲသုံးစားပြုလုပ်၍ တရားစီရင်ခြင်းမှ အပြန်အလှန်အကာအကွယ်ပေးရေးဆိုင်ရာ သဘောတူစာချုပ်ကို ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ တရားရေးဝန်ကြီးဌာနမှဝန်ကြီး H.E. Mr. Kostantin Chuychenko တို့ တက်ရောက်၍ စာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
    ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ တရားရေးဝန်ကြီးဌာန ဝန်ကြီး H.E. Mr. Kostantin Chuychenko ၏ ဖိတ်ကြားချက်အရ မေ ၁၉ ရက်မှ ၂၁ ရက်အထိ ရုရှားဖက်ဒရေး ရှင်းနိုင်ငံ စိန့်ပီတာစဘတ်မြို့၌ ရုရှားဖက်ဒရေးရှင်းနိုင်ငံ တရားရေးဝန်ကြီးဌာနမှ ကျင်းပသည့် (၁၃) ကြိမ်မြောက် စိန့်ပီတာစဘတ် အပြည်ပြည်ဆိုင်ရာ ဥပဒေရေးရာဖိုရမ်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့၌ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရှေ့နေချုပ်ရုံးမှ ကျင်းပသည့် နှစ်နိုင်ငံအစည်းအဝေးကို တက်ရောက်ခဲ့ခြင်း ဖြစ်သည်။
    အပြည်ပြည်ဆိုင်ရာ ဥပဒေရေးရာဖိုရမ်၏ အပြည်ပြည်ဆိုင်ရာ ဆိုက်ဘာပြစ်မှုများအား တိုက်ဖျက်ခြင်း ခေါင်းစဉ်ဖြင့်ကျင်းပသော ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စု ရှေ့နေချုပ်ဒေါက်တာသီတာဦးက ဆိုက်ဘာပြစ်မှုများ၊ ဒစ်ဂျစ်တယ် နည်းပညာကိုအသုံးပြု၍ ကျူးလွန် သောပြစ်မှုများ၊ အွန်လိုင်းလိမ်လည်မှုများနှင့် လူကုန်ကူးမှုကျူးလွန်သည့် ပြစ်မှုများသည် နိုင်ငံဖြတ်ကျော်သည့် ပြစ်မှုများဖြစ်ပြီး ကမ္ဘာပေါ်တွင် လူ့အသိုင်းအဝိုင်းကို ခြိမ်းခြောက်မှုတစ်ခုအဖြစ် အမှုဖြစ်စဉ်များ နေ့စဉ်နှင့်အမျှ မြင့်တက်လျက်ရှိကြောင်း၊ အဆိုပါ ပြစ်မှုများကို နိုင်ငံတစ်နိုင်ငံတည်းက ဖြေရှင်း၍မရနိုင်ဘဲ နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ဖြေရှင်းရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည် အာဆီယံအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံဖြစ်ပြီး အာဆီယံပဋိညာဉ်စာချုပ်နှင့်အညီ အခြားသော အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့်အတူ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံဖြတ်ကျော်ဥပဒေရေးရာ ဝန်ဆောင်မှုလုပ်ငန်းနှင့် ဥပဒေရေးရာကိစ္စရပ်များ ဆောင်ရွက်ရာတွင် ဉာဏ်ရည်တုနည်းပညာ ဖြစ်သော AI နည်းပညာကိုလည်း ထည့်သွင်းစဉ်းစားသင့်ပါကြောင်း ပြောကြားခဲ့သည်။ ထူးမြတ်

Total Views ~ 45

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

45366

© 2022 - 2025 News. All Rights Reserved.