Breaking

အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ၊ နစက ဒုဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းဝန်ကြီးဌာနများ၊ ဝန်ထမ်းအိမ်ရာများနှင့် အဆောင်များ ပြန်လည်ပြုပြင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများ လိုက်လံကြည့်ရှုစစ်ဆေး

ရန်ကုန်၊ မေ ၂၇
    အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် အဖွဲ့ဝင်များ လိုက်ပါ၍ မေ ၂၆ ရက် ညနေပိုင်းတွင် ဝန်ကြီးဌာနများ၊ ဝန်ထမ်းအိမ်ရာများနှင့် အဆောင်များ ပြန်လည်ပြုပြင်ခြင်း လုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများကို လိုက်လံကြည့်ရှု စစ်ဆေးခဲ့သည်။
    ဦးစွာ နစက ဒုတိယဥက္ကဋ္ဌ ဒုတိ ယဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် စွမ်းအင်ဝန်ကြီးဌာနသို့ ရောက်ရှိကြပြီး အစည်းအဝေးခန်းမ၌ တာဝန်ရှိသူများက ငလျင်ဒဏ်ကြောင့် ရုံးအဆောက်အအုံများ ထိခိုက်ပျက်စီးခဲ့မှု၊ Prefabricated Office များဖြင့် ယာယီရုံးခန်းများ ဖွင့်လှစ်၍ ရုံးလုပ်ငန်းများ ဆောင်ရွက်နေမှု၊ ဝန်ထမ်းများ ယာယီနေထိုင်ရန် Modular House များ တပ်ဆင်ပြီးစီးမှုအခြေအနေများကို ရှင်းလင်း တင်ပြရာ  ဒုတိယဝန်ကြီးချုပ်က လိုအပ်သည်များကို မှာကြားခဲ့သည်။
    ထို့နောက် ပြည်ထောင်စုဝန်ကြီးရုံးနှင့် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း ရုံးအဆောက်အအုံတို့၌ ထိခိုက်ပျက်စီးခဲ့မှု အခြေအနေများ ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနရုံး ပင်မအဆောက်အအုံနှင့် အခြား ရုံးအဆောက်အအုံများ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှု အခြေအနေများနှင့် ပြန်လည်ပြုပြင်ခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို လိုက်လံကြည့်ရှု စစ်ဆေးခဲ့ပြီး လိုအပ်သည်များကို တာဝန်ရှိများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
    ယင်းနောက် ဇမ္ဗူသီရိမြို့နယ် သုခသိဒ္ဓိရပ်ကွက်ရှိ ပြန်လည်နေထိုင်ရန်သင့် သည့် (အပြာရောင် အမှတ်အသားရ) တိုက် အမှတ် ၆၂၀၉ သို့ ရောက်ရှိကြပြီး အဆိုပါ တိုက်အတွင်း ငလျင်ဒဏ်ကြောင့် အနည်းငယ် ထိခိုက်ပျက်စီးခဲ့မှုများကို မြန်မာနိုင်ငံလိုင်စင်ရ ကန်ထရိုက်တာများ အသင်းမှ ပြန်လည် ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု၊ နိုင်ငံ့ဝန်ထမ်းများ ပြန်လည်နေထိုင်လျက်ရှိမှု အခြေအနေတို့ကို လိုက်လံကြည့် ရှုစစ်ဆေးပြီး ဝန်ထမ်းများ၏ နေထိုင်စား သောက်မှုအခြေအနေ၊ နိုင်ငံတော်က ထောက်ပံ့သည့် အခြေခံစားသောက်ကုန်ငါးမျိုး ရရှိမှုအခြေအနေများအား မေးမြန်းပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
    ဆက်လက်၍  နစကဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ဇမ္ဗူသီရိမြို့နယ် ဉာဏသိဒ္ဓိရပ်ကွက်ရှိ တိုက်အမှတ် ၃၁၀၇ သို့ ရောက်ရှိကြပြီး မြန်မာနိုင်ငံ အဆောက်အအုံဖွံ့ဖြိုးမှု အသင်းမှ ငလျင်ကြောင့်ပျက်စီးခဲ့သည့် အဆောက်အအုံနှင့် အခန်းများတွင် Stitching Method ဖြင့် ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုကို လိုက်လံကြည့်ရှုစစ်ဆေးခြင်း၊ သဇင် (၂) အပျို ဆောင်အဆောင်(၁)နှင့် သဇင် (၅) လူပျိုဆောင်အဆောင်( ၁၁)တို့၌ ငလျင်ဒဏ်ကြောင့် အနည်းငယ်ထိခိုက်ခဲ့သည့်နံရံများကို ဆောက်လုပ်ရေး လုပ်ငန်းရှင်များအသင်းမှ ဝန်ထမ်းများက Sikalatex ဆေးရည်၊ ကျုံ့ခြင်းမရှိသော ဘိလပ်မြေအခြေခံ ဘက်စုံသုံး ဆေးမှုန့် (SikaGrout) နှင့် ဘိလပ်မြေများ ရောစပ်၍ ကွဲအက်ခဲ့သည့်နေရာများအား ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုကို လိုက်လံ ကြည့်ရှု စစ်ဆေးခြင်းများပြုလုပ်ခဲ့ပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။   နဒီ 

Total Views ~ 43

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

45366

© 2022 - 2025 News. All Rights Reserved.