Breaking

အရှေ့တောင်အာရှ ကာယဗလနှင့် ကာယကြံ့ခိုင်မှုပြိုင်ပွဲတွင် ရွှေတံဆိပ် သုံးခုနှင့် ငွေတံဆိပ်သုံးခုရရှိ

ရန်ကုန်၊ မေ ၂၁
    (၁၈)ကြိမ်မြောက် အရှေ့တောင်အာရှကာယဗလနှင့် ကာယကြံ့ခိုင်မှုအားကစားပြိုင်ပွဲကို မေ ၁၈ ရက်နှင့် ၁၉ ရက်က ကျင်းပခဲ့ရာ မြန်မာနိုင်ငံမှ အားကစား သမားများယှဉ်ပြိုင်ခဲ့ပြီး ရွှေတံဆိပ်သုံးခု၊‌ ငွေတံဆိပ်သုံးခု ဆွတ်ခူးရရှိခဲ့‌သည်။
    ပြိုင်ပွဲကို လာအိုနိုင်ငံ ဗီယန်ကျင်းမြို့၌ မေ ၁၆ ရက်မှ ၂၀ ရက်အထိ ကျင်းပခဲ့ပြီး မေ ၁၈ ရက်က ပြိုင်ပွဲ၌ Women's Athletic Physique ပြိုင်ပွဲတွင် ပထမသဲဝါ (မြန်မာ)က ရွှေတံဆိပ်၊ ဒုတိယ(ဗီယက်နမ်)က ငွေတံဆိပ်၊ တတိယ(လာအို)နိုင်ငံက ကြေးတံဆိပ်ဆုတို့ရရှိကြပြီး ကာယဗလ (၆၅)ကီလိုတန်းပြိုင်ပွဲ တွင် ပထမ(မလေးရှား)က ရွှေတံဆိပ်၊ ဒုတိယမုန်ဘန်အောင် (မြန်မာ)က ငွေတံဆိပ်၊ တတိယ (ဗီယက်နမ်) နိုင်ငံကကြေးတံဆိပ်ဆုတို့ ရရှိခဲ့သည်။
    မြန်မာနိုင်ငံမှ ကာယဗလ(၆၀) ကီလိုတန်းပြိုင်ပွဲတွင် ထွန်းမင်းနိုင်၊ (၇၀)ကီ လိုတန်းပြိုင်ပွဲတွင် နိုင်မင်းသိမ်း၊ (၇၅)ကီလို တန်းပြိုင်ပွဲတွင် အောင်မင်းဦးတို့က စတုတ္ထဆုနှင့် (၇၅)အထက် ကီလို တန်းပြိုင်ပွဲတွင် မျိုးနိုင်ထွန်းက ဆဋ္ဌမရရှိကြောင်း သိရသည်။
    မေ ၁၉ ရက်  Men's Athletic. Physique. up to 175 cm + 6kg  ပြိုင်ပွဲ၌ ကိုကိုကျော်ဖြိုးက ရွှေတစ်ခု၊ Men's Sports Physique up to 170 cm -2 kg  ပြိုင်ပွဲ၌ သန်းထိုက်ဦးကရွှေတစ်ခု၊ Women's Model Physique up to 160 cm ပြိုင်ပွဲ၌ ခင်နီလာစိုးနှင့် Women's Model Physique over 165 cm ပြိုင်ပွဲ၌ ဇူးဇူးသန့်တို့က‌ ငွေတစ်ခုစီ ဆွတ်ခူးရရှိကြောင်း သိရသည်။ 

Total Views ~ 350

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

45388

© 2022 - 2025 News. All Rights Reserved.