အားလုံးပါဝင်သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲပေါ်ပေါက်ရေးအပါအဝင် အချက် ၁၀ ချက်ကို နစက၏ NSPNC ကော်မတီနှင့် EAO ၇ဖွဲ့တို့ နှစ်ဖက်သဘောထားစုစည်းချက်များကို မှတ်တမ်းတင်နိုင်ခဲ့

၂၀၂၃ ၊ မတ် ၂၉

အားလုံးပါဝင်သည့် ငြိမ်းချမ်းရေးဆွေးနွေးမှု အခင်းအကျင်း တစ်ရပ်ပေါ်ပေါက်ရေးကိစ္စအပါအဝင် အချက် ၁၀ ချက်ကို နစက၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ (NSPNC)နှင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် လက်မှတ်ရေး ထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ(NCA-S EAO) (၇)ဖွဲ့၏ အလွတ်သဘောဆွေးနွေး ညှိနှိုင်းရေးအဖွဲ့တို့ နှစ်ဖက်သဘောထားစုစည်းချက်များကို မှတ် တမ်းတင်နိုင်ခဲ့ကြောင်း သိရသည်။

NSPNC ကော်မတီနှင့်NCA-S EAO) (၇)ဖွဲ့တို့ နှစ်ဖက်သဘောထားများ အပြန် အလှန် ဖော်ထုတ်ဆွေးနွေးသည့် အ လွတ်သဘောအစည်းအဝေး တစ်ရပ်ကို အမျိုးသားစည်း လုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန (နေပြည်တော်)၌ မတ်လ (၂၈) နှင့် (၂၉)နေ့ရက်များတွင် နှစ်ရက်တာ ကျင်းပခဲ့ပြီး ယင်းသို့ နှစ်ဖက်သဘောထားစုစည်းချက်များကို မှတ်တမ်းတင်နိုင်ခဲ့ခြင်းဖြစ် သည်။ ယင်းအစည်းအဝေးများသို့ NSPNC ကော်မ တီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိန် ဦးဆောင်သော ကိုယ်စားလှယ် (၇)ဦးအဖွဲ့ တက်ရောက်ခဲ့ကြပြီး NCA-S-EAO (၇)ဖွဲ့ အလွတ်သဘောဆွေးနွေးညှိနှိုင်းရေး အ ဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီးစိုင်းငင်း(RCSS) ၊ ဒုတိယအဖွဲ့ခေါင်းဆောင်များဖြစ်ကြသည့် စောမြရာဇာလင်း (ALP)နှင့် နိုင်အောင်မငေး (NMSP)၊ အဖွဲ့ဝင်များဖြစ်ကြသည့် ဗိုလ်မှူး ကြီးစောကျော်သန်းဌေး (DKBA)၊ ဗိုလ်မှူး ကြီး စောကျော်ညွန့် (KNU/KNLA-PC)၊ကျာဖူး(LDU)၊ ဗိုလ်မှူးခွန်မင်းသိန်း(PNLO) နှင့် အထောက်အကူပြုကိုယ်စားလှယ် (၅)ဦး၊ စုစုပေါင်း(၁၂)ဦး တက်ရောက်ခဲ့ကြကြောင်းသိရသည်။

အဆိုပါဆွေးနွေးပွဲတွင် အားလုံးပါဝင်သည့် ငြိမ်းချမ်းရေးဆွေးနွေးမှု အခင်းအကျင်း တစ် ရပ်ပေါ်ပေါက်ရေးကိစ္စ၊ ငြိမ်းချမ်းရေးလုပ် ငန်းစဉ် အဆင့်ဆင့်ဆိုင်ရာကိစ္စ၊ ဖက်ဒရယ်အခြေခံမူများကိစ္စ၊ အရပ်သားများကာကွယ်ပေးရေးဆိုင်ရာကိစ္စ၊ နှစ်ဖက်ဘုံသဘောတူညီချက်များ ရရှိနိုင်ရေးကိစ္စ၊ ဒေသတည်ငြိမ်ရေးကိစ္စ၊ ရွေးကောက်ပွဲကျင်းပရေးကိစ္စ၊ ငြိမ်း ချမ်းရေးညီလာခံ ကျင်းပရေးကိစ္စ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)မှ အခြေခံကျသော ပုဒ်မများကို ပြင်ဆင်နိုင်ရေးကိစ္စရပ်များနှင့် အထွေ ထွေကိစ္စရပ်များကိုနှစ်ဖက်အပြန်အလှန် ဆွေးနွေးညှိနှိုင်းခဲ့ကြပြီး နှစ်ဖက်သဘောထားစုစည်းချက်များကို မှတ် တမ်းတင်နိုင်ခဲ့ကြကြောင်းNCA-S EAO (၇) ဖွဲ့၏ အလွတ်သဘောဆွေးနွေးညှိနှိုင်းရေးအဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။

Total Views ~ 280

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43426

© 2022 - 2025 News. All Rights Reserved.