Breaking

အောင်ဘာလေး အွန်လိုင်းသိန်းဆုထီစနစ်တွင် အက္ခရာ ၁၀လုံးထိ တိုးမြှင့်ရောင်းချ

၂၀၂၃ စက်တင်ဘာ ၅

ယခု ၂၀၂၃ ခုနှစ် စက်တင်ဘာလမှစတင်၍ (၅၅) ကြိမ်မြောက် ကျပ် ၁၀၀၀ တန် အောင်ဘာလေ အွန်လိုင်းသိန်းဆုထီအတွက်  ‘ က’  အက္ခရာမှ ‘ ည’ အက္ခရာအထိ တိုးမြှင့်ရောင်းချပေးနေကြောင်း သိရသည်၊

အောင်ဘာလေ အွန်လိုင်းသိန်းဆုထီစနစ်ကို ဇွန်လ မှ စတင်အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်ပြီး (၅၂) ကြိမ်မြောက်တွင် ထီဆုများ စတင်ပေးခဲ့ခြင်းဖြစ်သည်။ ယခင်က အောင်ဘာလေအွန်လိုင်းသိန်းဆုထီစနစ်တွင် ‘ဆ’ အက္ခရာမှ ‘ဌ’ အထိ အက္ခရာခြောက်လုံးသာ ရောင်းချပေးခဲ့ခြင်းဖြစ်ပြီး ယခုအခါ ၂၀၂၃ အောက်တိုဘာ ၁ ရက်တွင် ဖွင့်လှစ်မည့် (၅၅) ကြိမ်မြောက် ကျပ် ၁၀၀၀ တန် အွန်လိုင်းသိန်းဆုထီအတွက် ‘က’ အက္ခရာမှ ‘ည’ အက္ခရာအထိ တိုးမြှင့်ရောင်းချပေးခြင်းဖြစ်သည်။

(၅၄) ကြိမ်မြောက် ကျပ် ၁၀၀၀တန် အောင်ဘာလေသိန်းဆု ထီလက်မှတ်များကို ‘က’ အက္ခရာမှ အစဉ်လိုက် ‘စ’ အက္ခရာအထိ  အက္ခရာခြောက်လုံးနှင့် အောင်ဘာလေအွန်လိုင်းသိန်းဆု ထီလက်မှတ်များကို ‘ဆ’ အက္ခရာမှ အစဉ်လိုက် ‘ဌ’ အက္ခရာအထိ အက္ခရာခြောက်လုံး စုစုပေါင်း အက္ခရာ ၁၂ လုံး ရောင်းချခဲ့ရကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန  ပြည်တွင်းအခွန်များဦးစီးဌာန အောင်ဘာလေ သိန်းဆုဌာနခွဲမှ သတင်းထုတ်ပြန်ခဲ့သည်။

ထီလက်မှတ်များရောင်းချရငွေမှာ ကျပ်သန်း ၅၂၉၃ ဒသမ ၁၈၈ ဖြစ်ပြီး ရောင်းချရငွေ၏ ရာခိုင်နှုန်း ၇၀ ခွဲဝေချီးမြှင့်ပေးမည့် ထီဆုငွေမှာ ကျပ်သန်း ၃၇၀၅ ဒသမ ၂၃၁ ဖြစ်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာန အောင်ဘာလေသိန်းဆုဌာနခွဲမှ သတင်းထုတ်ပြန်ခဲ့သည်။

Total Views ~ 218

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

45390

© 2022 - 2025 News. All Rights Reserved.