Breaking

ဥမင်လိုဏ်ခေါင်းပြိုကျမှုကြောင့် ပိတ်မိနေသည့် အိန္ဒိယအလုပ်သမား ၄၀ ဦးစလုံး ဘေးကင်း

၂၀၂၃ နိုဝင်ဘာ ၁၃

အိန္ဒိယနိုင်ငံ၌ ဆောက်လက်စဥမင် လိုဏ်ခေါင်း ပြိုကျမှုကြောင့် ပိတ်မိနေသည့်အလုပ်သမား ၄၀ ဦးနှင့် ဆက်သွယ်လို့ရခဲ့ပြီဖြစ်ကြောင်း ကယ်ဆယ်ရေးလုပ်ငန်းတွင်ပါဝင်သူများကပြောကြားခဲ့သည်။

"ပိတ်မိနေသူအလုပ်သမားအားလုံးနဲ့အဆက်သွယ်ရပါပြီ၊အားလုံးလဲဘေးကင်းပါတယ်" ဟုတာဝန်ရှိသူတစ်ဦးကပြောကြားခဲ့ပြီး လက်ရှိအချိန်တွင် ၎င်းတို့အား အစားအစာနှင့်ရေများပို့ဆောင်ပေးထားကြောင်းလည်းသိရသည်။

ယခုမတော်တဆမှုသည် တနင်္ဂနွေနေ့နံနက်အစောပိုင်းကဖြစ်ပွားခဲ့ပြီး ၂၄ နာရီကျော်ပိတ်မိနေသည့်အဆိုပါအလုပ်သမားများအတွက် အောက်ဆီဂျင်ရရှိရန်လေပိုက်ဖြင့်ထိုးသွင်းပေးခဲ့ကာ အစားအသောက်များကိုမူ ရေပိုက်မှတစ်ဆင့် ပို့ဆောင်ပေးခဲ့သည်ဟုသိရသည်။

အဆိုပါဥမင်လိုဏ်ခေါင်းသည် ဝန်ကြီးချုပ်မိုဒီ၏ ဆာဒမ်လမ်း စီမံကိန်း၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး နိုင်ငံတွင်းအကျော်ကြားဆုံး ဟိန္ဒူဘုရားကျောင်းများအပါအဝင် တရုတ်နိုင်ငံနှင့်နယ်နိမိတ်ချင်းထိစပ်နေသောဒေသအချို့အတွက် ချိတ်ဆက်မှုတိုးတက်စေရန် ရည်ရွယ်သော စီမံကိန်း တစ်ခုလည်းဖြစ်‌ကြောင်းသိရသည်။

ကြီးမားသောအခြေခံအဆောက်အဦဆောက်လုပ်ရေးလုပ်ငန်းများအတွင်း မတော်တဆဖြစ်ရပ်များသည် အိန္ဒိယ၌မကြာခဏ‌ဖြစ်လေ့ရှိသောကိစ္စလည်းဖြစ်သည်။

Total Views ~ 237

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

45389

© 2022 - 2025 News. All Rights Reserved.