၂၀၂၃ မေ ၅
မေလ (၆) ရက်တွင် နေပြည်တော်၌ ကျင်းပမည့် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု(အကယ်ဒမီ) ချီးမြှင့်ပွဲတွင် ထူးချွန်ဆုရရှိနိုင်ခြေရှိသည့် ရုပ်ရှင်သရုပ်ဆောင်များအား ခန့်မှန်းလျက်ရှိရာတွင် ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်အတွက် အမျိုး သားဇာတ်ဆောင်ဆုကို အကယ်ဒမီ လူမင်းမှ ရရှိနိုင်ကြောင်း ခန့်မှန်းလျက်ရှိသည်။
အကယ်ဒမီ လူမင်းသည် ၂၀၁၉ ခုနှစ်အတွက် အမျိုးသားဇာတ်ဆောင်ဆုကို ၎င်းကိုယ်တိုင် ဒါရိုက်တာအဖြစ် ရိုက်ကူးထားသည့် ” နို့ဘီလူး ” ဇာတ်ကားဖြင့် ရနိုင်ချေရှိကြောင်း ခန့်မှန်းနေကြခြင်းလည်း ဖြစ်သည်။
” နို့ဘီလူး” ဇာတ်ကားသည် ပန်းချီရွှေအေးကို၏ဇာတ်လမ်းကို အခြေခံ၍ ထပ်ဆင့်အကယ်ဒမီ ငြိမ်းမင်းမှ စကားလုံးနှင့် ဇာတ်ညွှန်း တည်းဖြတ်ထားပြီး အောင်သိီရ်ိ ရုပ်ရှင်ထုတ်လုပ်ရေးက စီစဉ်ရိုက်ကူးထုတ်လုပ်ထားသည့် ဇာတ်ကားကောင်း တစ်ကားလည်း ဖြစ်သည်။
လူမင်းသည် အဆိုပါ ဇာတ်ကားတွင် ဆိုးသွမ်းပြီး အကြောက်တရားကင်းမဲ့သည့် လူမိုက်ကြီးအဖြစ်မှ အေးချမ်းသည့် မိဘမေတ္တာကို နားလည်လာပြီး မိဘကျေးဇူးဆပ်သူအဖြစ် ကျရာဇာတ်ရုပ်တွင် ပီပြင်စွာ သရုပ်နိုင်ခဲ့ခြင်းတို့ကြောင့် ယခုကဲ့သို့ အကယ်ဒမီ ရရှိနိုင်ချေ ရှိသည့် စာရင်းတွင် တစ်ပြေးနေခြင်းလည်း ဖြစ်သည်။
အဆိုပါ ရုပ်ရှင်ဇာတ်ကားတွင် ဒါရိုက်တာ အဖြစ် လူမင်း၊ သရုပ်ဆောင်များအဖြစ် လူမင်း၊ ဇေရဲထက်၊ ရွှေမှုံရတီ၊ အကယ်ဒမီ ဒေါ်မြတ်မွန်တို့က အဓိကပါဝင်သရုပ်ဆောင်ထားပြီး အကယ်ဒမီ အောင်ခိုင်၊ အကယ်ဒမီဇော််ဦး၊ ဇော်မှိုင်း၊ ဟိန်းစိုး၊ ဇေယျာအောင်၊ ကိုပေါက်၊ စမ်းစမ်း၀င်း၊ သိင်္ဂီထွန်း အပါအဝင် ဝါရင့်အနုပညာရှင်များစွာ ပါဝင်အားဖြည့်ထားသည်ကို တွေ့ရသည်။