နေပြည်တော်၊ နိုဝင်ဘာ ၂၀
၂၀၂၄ - ၂၀၂၅ ပညာသင်နှစ်တွင်Naypyitaw State Polytechnic University ကို စတင်ဖွင့်လှစ်မည်ဖြစ်ကြောင်း သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန အဆင့်မြင့်သိပ္ပံနှင့် နည်းပညာဦးစီးဌာနမှ သိရသည်။
ယင်းသို့ Naypyitaw State Polytechnic University ဖြစ်၍ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း၊ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်းနှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်တို့သည် နိုဝင်ဘာ ၁၈ ရက်က Polytechnic University ဖွင့်လှစ်နိုင်ရေး သင်ထောက်ကူပစ္စည်းများ စီစဉ်ထားရှိမှုများကို သွားရောက်ကြည့်ရှု စစ်ဆေးခဲ့သည်။
ပြည်ထောင်စုဝန်ကြီးများသည် Naypyitaw State Polytechnic University ခန်းများ၊ Theatre စာသင်ခန်းများ၊ ICT နည်းပညာများကို အသုံးပြု၍ LMS. စနစ်ဖြင့် သင်ကြားသင်ယူမှုဆောင်ရွက်နိုင်မည့် အခြေအနေ၊ အလုပ်ရုံနှင့် ဘာသာရပ်ဌာနအလိုက် သင်ထောက်ကူပစ္စည်းများစီစဉ်ထားရှိမှုကို လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ကြပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။ နဒီ