Breaking

၂၀၂၅-၂၆ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ ပဲမျိုးစုံတန်ချိန် ၁ ဒသမ ၈၃ သန်းအထိ တင်ပို့မည်ဖြစ်ပြီး ကန်ဒေါ်လာ ၁ ဒသမ ၄၈ ဘီလီယံ ရရှိရန် လျာထား

ရန်ကုန်၊ ဇွန် ၁၀
    ၂၀၂၅-၂၆ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ ပဲမျိုးစုံတန်ချိန် ၁ ဒသမ ၈၃ သန်း အထိ တင်ပို့သွားမည်ဖြစ်ပြီး အမေရိကန် ဒေါ်လာ ၁ ဒသမ ၄၈ ဘီလီယံရရှိရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ပဲမျိုးစုံ၊ ပြောင်းနဲ့ နှမ်းကုန်သည်များ အသင်းမှ သိရသည်။ 
    မြန်မာနိုင်ငံ ပဲမျိုးစုံ၊ ပြောင်းနဲ့နှမ်း ကုန်သည်များအသင်းမှ တာဝန်ရှိသူတစ်ဦးက "ကျွန်တော်တို့အနေနဲ့ အခုလာမယ့် ဘဏ္ဍာနှစ်မှာ ပြည်ပကိုပဲ မျိုးစုံတင်ပို့မှုမှာ တန်ချိန်အနေနဲ့ ၁ ဒသမ ၈၃ တင်ပို့သွားဖို့ မျှော်မှန်းထားတယ်။ အဓိကတော့ အိန္ဒိယကို တင်ပို့တာပါ။ ကျန်နိုင်ငံတွေလည်း တင်ပို့နေတယ်။ အမျိုးအစား ၂၀ လောက်တင်ပို့ နေပါတယ်"ဟု ပြောကြားခဲ့သည်။ 
    ၂၀၂၅-၂၆ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ ပဲမျိုးစုံတန်ချိန် ၁ ဒသမ ၈၃ သန်း တင်ပို့မည်ဖြစ်ပြီး ပို့ကုန်ဝင်ငွေ အမေရိကန် ဒေါ်လာ ၁ ဒသမ ၄၈ ဘီလီယံဖိုး တင်ပို့နိုင်ရန် လျာထားခြင်းဖြစ်သည်။
    ယခုဘဏ္ဍာနှစ် ဧပြီလမှ မေလအထိ နှစ်လအတွင်း ပြည်ပကို ပဲမျိုးစုံတန်ချိန် လေးသိန်းကျော် တင်ပို့ထားပြီးဖြစ်ပြီး ပြည်ပသို့ နိုင်ငံတကာဈေးကွက်ဝင် ပဲမျိုးစုံတင်ပို့ရာတွင် ဈေးကွက်အသစ်ထက် လက်ရှိတင်ပို့နေသည့် ဈေးကွက်များကို ပိုမိုတိုးချဲ့နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ 
    ပြီးခဲ့သည့် ဘဏ္ဍာနှစ်က ပြည်ပ ကို ပဲမျိုးစုံတန်ချိန် ၂ ဒသမ ၁၄ သန်း တင်ပို့ နိုင်ခဲ့ရာမှ ဝင်ငွေ အမေရိကန်ဒေါ်လာ ၁ ဒသမ ၈၂ ဘီလီယံရရှိခဲ့ပြီး ပြည်ပကို ပဲမျိုးစုံ တင်ပို့ရာတွင် ပင်လယ်ရေကြောင်းမှ အဓိက တင်ပို့နေခြင်းဖြစ်သည်။ 
    မြန်မာနိုင်ငံမှ ပဲမျိုးစုံကို အိန္ဒိယနိုင်ငံသို့ အများဆုံး တင်ပို့နေခြင်းဖြစ်ပြီး တရုတ်နှင့် ဥရောပသ မဂ္ဂနိုင်ငံများသို့လည်း တင်ပို့ကာ လက်ရှိတွင် ပြည်ပသို့ မတ်ပဲ၊ ပဲ တီစိမ်း၊ ပဲစင်းငုံ၊ ပဲယင်းနှင့် ထောပတ်ပဲ စသည့် ပဲအမျိုးအစားပေါင်း ၂၀ လောက် တင်ပို့လျက်ရှိကြောင်း သိရသည်။

သက်မှူး

Total Views ~ 22

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

45208

© 2022 - 2025 News. All Rights Reserved.