၂၀၀၂၃ မတ် ၁၀
လူငယ်လူရွယ်များနှင့်ကျောင်းသား၊ ကျောင်းသူများသည် လူသားအရင်း အမြစ်၏ အဓိကမဏ္ဍိုင် တစ်ခုဖြစ်ပြီး နိုင်ငံ့အနာဂတ်အတွက် အလွန်အရေးပါသည့် မျိုးဆက်သစ်ကြယ်ပွင့်လေးများဖြစ်သည်။ သိုဖြစ်၍ တိုင်းပြည် ဖွံဖြိုးတိုးတက်မှုနှင့် တည်ငြိမ်အေးချမ်းနေမှုကို မလိုလားသည့် အကြမ်းဖက် အုပ်စုများသည် နိုင်ငံ၏ မျိုးဆက်သစ်လူငယ်များကို လမ်းမှားရောက်စေပြီး လူညွန့်တုံးစေရန်အတွက် လူငယ် လူရွယ်များနှင့် ကျောင်းသား၊ ကျောင်းသူများကို အဓိကပစ်မှတ်ထားကာ မူးယစ် ဆေးဝါးဖြန့်ဖြူး ရောင်းချမှုများ ပြုလုပ်လာကြသည်။ လူငယ်ထုအတွင်း မူးယစ်ဆေးဝါး သုံးစွဲမှုများကြောင့် မိသားစုတွင် စီးပွားရေး၊ လူမှုရေး အခက်အခဲများဖြစ်ပေါ်စေပြီး နိုင်ငံ၏ဖွံဖြိုးတိုးတက်မှုကို ထိခိုက်လာနိုင်ပါသည်။ သိုဖြစ်၍ နိုင်ငံတော်အစိုးရ အနေဖြင့် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးနှင့် ထိန်းချုပ်ရေးဆိုင်ရာ မူဝါဒများချမှတ်ကာ အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်သတ်မှတ်၍ တားဆီးကာကွယ် တိုက်ဖျက်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိသည်။
