Breaking

EAO ခုနစ်ဖွဲ့က ဗိုလ်ချုပ်ကြီးယွက်စစ် ဦးဆောင်သည့် 7 EAO Alliance  ဦးဆောင်အဖွဲ့ ဖွဲ့စည်း

၂၀၂၄ ၊ မတ် ၂၀
    တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်  ခုနစ်ဖွဲ့၏ မျက်နှာစုံညီ အစည်းအဝေးမှ ချမှတ်သော နိုင်ငံရေးလုပ်ငန်းစဉ် အစီအစဉ်များ အကောင်အထည်ဖော်ရန်အတွက် ဗိုလ်ချုပ်ကြီးယွက်စစ် ဦးဆောင်သည့် 7 EAO Alliance   ၏ ဦးဆောင်အဖွဲ့ကို ဖွဲ့စည်းလိုက်ကြောင်း မတ်လ ၁၈ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။
    NCA လက်မှတ်ထိုးထားသည့် လက်နက်ကိုင် ၁၀ ဖွဲ့အနက် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)၊ လားဟူဒီမိုကရက်တစ် အစည်း အရုံး (LDU)၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်(DKBA)၊ ကရင်အမျိုးသားအစည်းအရုံး/ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်-ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC) တို့ မျက်နှာစုံညီအစည်းအဝေးကို ထိုင်းနိုင်ငံချင်း မိုင်မြို့တွင် ၂၀၂၄ ခုနှစ် မတ်လ ၁၇ ရက်မှ ၁၈ ရက်အထိ ကျင်းပခဲ့ပြီးနောက် ယင်းသို့ ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
    အဆိုပါ ဤမျက်နှာစုံညီအစည်း အဝေးကြီးမှ ချမှတ်ထားသောနိုင်ငံရေးလုပ်ငန်းစဉ်အစီ အစဉ်များကို အကောင်အထည် ဖော်ရန်အတွက် အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီးယွက်စစ်နှင့် ဒုတိယ အဖွဲ့ခေါင်းဆောင်နိုင်အောင်မင်းတို့ ဦးဆောင်သော 7 EAO Alliance ၏ဦးဆောင်အဖွဲ့ကို ဖွဲ့စည်းတာဝန် ပေးအပ်နိုင်ခဲ့ပြီး အထွေထွေအတွင်းရေးမှူးအဖြစ် ဗိုလ်မှူးကြီးစိုင်းငင်း၊ တွဲဖက်အတွင်း ရေးမှူးအဖြစ် ဗိုလ်မှူးကြီးစောကျော်ညွန့်၊ အဖွဲ့ဝင်များအဖြစ် နိုင်အောင်မငေး၊ ဗိုလ်မှူးချုပ် စောစိန်ဝင်း၊ ကျာယာကုပ်၊ ဗိုလ်မှူးကြီး ခိုင်ကျော်လှိုင်၊ PNLO မှ တစ်ဦး၊ ဦးမျိုးဝင်းတို့ကို တာဝန်ပေးခဲ့သည်။
    7 EAO Alliance သည် လျင်မြန်စွာဖြစ်ပေါ်ပြောင်းလဲနေသော နိုင်ငံရေး၊ စစ် ရေးအခြေအနေများကို အကျေအလည် ဆွေးနွေးပြီးနောက် အောက်ပါ နိုင်ငံရေးသဘောထားများကို ချမှတ်နိုင်ခဲ့ကြောင်းသိရပြီး "မိမိတို့ 7 EAO ALLIANCE အနေဖြင့် လက်ရှိနိုင်ငံရေး အကျပ်အ တည်းကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းကာ ကျော်လွှားနိုင်ရေးအတွက် သက်ဆိုင်ရာ အင်အားစုများနှင့် ဆွေးနွေးညှိနှိုင်းပြီး ဖက်ဒရယ်ဒီ မိုကရေစီ ပြည်ထောင်စုတည်ဆောက်နိုင်သည့်အထိ ဆက်လက်ပြီး ကြိုးပမ်းအားထုတ်သွားမည်"ဟု ထုတ်ပြန်ခဲ့သည်။
    ထို့အပြင် မိမိတို့၏ အန္တိမရည်မှန်းချက်မှာ ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်များ အပြည့်အဝရှိသော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ထူထောင်သွား ရန်ဖြစ်ပြီး မျှော်မှန်းချက်မှာ ဖက်ဒရယ်ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်မှတစ်ဆင့် ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေး တည်ဆောက်သွားမည်ဟု အသိပေးဖော်ပြထားသည်။
    7 EAO ALLIANCE သည် အားလုံးပါဝင်သော တွေ့ဆုံဆွေးနွေးရေးမှတစ်ဆင့် ငြိမ်းချမ်းရေးဆိုင်ရာ ရလဒ်များဖော် ထုတ်နိုင်ရန် လူထု၏ သဘောထားများ ဖော်ထုတ်နိုင်သော အခင်းအကျင်းများ ဖန်တီးခြင်း၊ သက်ဆိုင်သည့် အဖွဲ့အစည်းများ အနေဖြင့် ပြည်သူလူထုအား ကာကွယ်ရန် တာဝန်ရှိမှုကို သိရှိစေခြင်း၊ အဓိပ္ပာယ်ပြည့်ဝ၍ နိုင်ငံရေး အပြောင်းအလဲများ တိုးတက်ဖြစ် ပေါ်လာစေရန် သက်ဆိုင်သူများအားလုံးနှင့် နိုင်ငံရေးဆွေးနွေးပွဲများကို စဉ်ဆက်မပြတ် ကျင်းပခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်သလို ရည်မှန်းချက်များအနေဖြင့် အဓိပ္ပာယ် ပြည့်ဝသော နိုင်ငံရေးအပြောင်းအလဲများ တိုးတက် ဖြစ်ပေါ်လာစေရန်၊ နိုင်ငံရေးဆွေး နွေးပွဲများကို သက်ဆိုင်သူများအားလုံးနှင့် စဉ်ဆက်မပြတ်ကျင်းပသွားရန်၊ လက်ရှိပဋိပက္ခကို ဖြေရှင်းရာတွင် ငြိမ်းချမ်းစွာ အဖြေရှာလိုသော အင်အားစုများ၏ သဘောထားများ ဖော်ထုတ်နိုင်ရေးအတွက် အခင်းအကျင်းနှင့် နည်းလမ်းများ ဖော်ဆောင်သွားရန်နှင့် ပြည်သူလူထုအား ကာကွယ်စောင့်ရှောက်ရေးနှင့် သက်ဆိုင်သည့် အဖွဲ့အစည်း များအနေဖြင့် ပြည်သူလူထုအား ကာကွယ်ရန် တာဝန်ရှိခြင်းကို သိရှိစေရေး တိုးမြှင့်ဆောင်ရွက် သွားမည်ဟုလည်း ထုတ်ပြန်ခဲ့သည်။

Total Views ~ 213

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

45390

© 2022 - 2025 News. All Rights Reserved.