ရန်ကုန်၊ သြဂုတ် ၂၈
Employment Permit System EPS စနစ်ဖြင့် ၂၀၂၂ ခုနှစ် EPS-TOPIK စာမေးပွဲကို စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်း ဖြေဆိုအောင်မြင်ပြီး အလုပ်လျှောက် လွှာသက်တမ်းကျန်ရှိပြီး အလုပ်ရှင်နှင့် မိတ်ဆက်မခံရသေးသူများ သစ်တောလုပ်ငန်းသို့ ပြောင်းရွှေ့လျှောက်ထားနိုင်ကြောင်း အစိုးရပြည်ပအလုပ်အကိုင် အေဂျင်စီမှ ထုတ်ပြန်ကြေညာထားသည်။
လုပ်ငန်းပြောင်းရွှေ့လျှောက်ထား လိုသူများသည် သြဂုတ် ၂၇ ရက် နံနက် ၉ နာရီမှ မွန်းလွဲ ၃ နာရီအတွင်း POEA ရုံးသို့ ကာယကံရှင်ကိုယ်တိုင် လာရောက်လျှောက် ထားနိုင်ပြီးရုံးသို့ လာရောက်လျှောက်ထားရာတွင် နိုင်ငံကူးလက်မှတ် (မူရင်းနှင့်မိတ္တူ) စာမေးပွဲဖြေဆိုခွင့်အမှတ်စဉ် တင်ပြရမည် ဖြစ်ကြောင်း သိရသည်။
ထုတ်ပြန်ချက်တွင် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းမှ သစ်တောလုပ်ငန်းသို့ ပြောင်းရွှေ့ခြင်းသည် အလုပ်အကိုင်ရရှိမည်ဟု အာမမခံပါကြောင်းနှင့် EPS စနစ်အရ အလုပ်ရှင်စိတ်ကြိုက်ရွေး ချယ်ခြင်းသာဖြစ်ကြောင်းနှင့် သစ်တောလုပ်ငန်းအတွက် တန်းစီဇယား လုံလောက်ပါက မူလလုပ်ငန်း ဖြစ်သည့် စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းသို့ ပြန်လည်ပြောင်းရွှေ့ခွင့်ပြုကြောင်းလည်း အစိုးရပြည်ပအလုပ်အကိုင် အေဂျင်စီမှ အသိပေးထားသည်။
ထုတ်ပြန်ချက်တွင် HRD- Korea မှ ပေးပို့လာသည့် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းမှ သစ်တောလုပ်ငန်းသို့ ပြောင်းရွှေ့ လုပ်ကိုင်ခွင့်ရရှိသူ ၁၃၆၆ ဦး၏ အမည်စာ ရင်းနှင့် စာမေးပွဲ ခုံအမှတ်ကိုလည်း ပူးတွဲကြေညာထားကြောင်း တွေ့ရှိရသည်။
ထူးမြတ်