ရန်ကုန် နို၀င်ဘာ ၇ရက်
Edulink Myanmar Study Abroad VIP Centre @ RVi Campus 2 ဖွင့်ပွဲအခမ်းအနားကို နို၀င်ဘာလ ၇ရက်က ရန်ကုန်မြို့ရှိ ကမာရွတ်မြို့နယ်၊ ချင်းတွင်းလမ်းရှိ အဆိုပါ အဆောက်အအုံခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည် ။
Edulink Myanmar သည်၂၀၁၂ခုနှစ်မှ စတင်ကာ မြန်မာနိုင်ငံတွင် နိုင်ငံခြားပညာရေး၀န်ဆောင်မှုနှင့် အင်္ဂံလိပ်စာ သင်တန်းဖွင့်လှစ် သင်ကြားနေသော ပညာရေးစင်တာတစ်ခုဖြစ်ပြီး Edulink Myanmar Study Abroad VIP Centre သည် RVi INSTITUTE နှင့်ပူးပေါင်းကာ RVi Camp 2 ကိုဖွင့်လှစ်ခြင်းဖြစ်သည်။
Edulink Myanmar အနေဖြင့် RVi INSTITUTE နှင့် ပူးပေါင်းရသည့် ရည်ရွယ်ချက်ကို Edulink Myanmar ၏ Executive Director Nang Tom Kham က ရည်ရွယ်ချက်ကတော့ RVi INSTITUTE ကကျောင်းသား ကျောင်းသူတွေ စင်္ကံပူပညာရေးသာမကပဲ တခြားနိုင်ငံတွေက ထိပ်တန်းပညာရေး လမ်းကြောင်းတွေကို ရွေးချယ်တက်ရောက်နိုင်ဖို့ ဖြစ်ပါတယ်။ Edulink ကျောင်းသားတွေအတွက် RVi INSTITUTE (Centre for Professional Development )က Internships Programme တွေသာမက အျခား Management Skills သင်တန်းတွေ ပို့ချနိုင်ဖို့ ၊ Edulink ရဲ့သင်တန်းတွေ ဖြစ်တဲ့ University Pathfinder Program ကေနဒါ ၁၂ တန်း OSSD နဲ့ အခြားသင်တန်းတွေလည်း RVi INSTITUTE မွာ အကောင်းဆုံး အဆင့်မြင့် Facilities နဲ့ မိဘနဲ့ ကျောင်းသားတွေအတွက် တစ်နေရာတည်းမှာပဲ ပြီးပြည့်စုံတဲ့ ပညာရေး၀န်ဆောင်မှုတွေ ရရှိနိုင်ဖို့ ရည်ရွယ်ဖွင့်လှစ်ထားပါတယ်ဟုပြောသည်။
Edulink Myanmar တွင် တက်ရောက်နိုင်သော သင်တန်းများနှင့် နိုင်ငံခြားပညာရေး ၀န်ဆောင်မှု လုပ်ငန်းများမှာ အင်္ဂံလိပ်ဆရာများ သင်ကြားသော အင်္ဂံလိပ်စာသင်တန်း၊ Company ၀န်ထမ်းများအတွက် သင်ကြားသော အင်္ဂံိလိပ်စာသင်တန်း၊ ကနေဒါန်ိုင်ငံမှ William Academy ကျောင်းနှင့် ပူုးပေါင်း၍ ကေနဒါ ၁၂တန်း OSSD ၊ GED သင်တန်း၊ London Universities at Bangkok Centre နှင့် ပူးပေါင်း၍ UK Business Foundation ၊ London Universities at Bangkok Centre နှင့် ပူးပေါင်း၍ UK Bachelor of Business Administration ၊ University Pathfinder Program (UPP) နိုင်ငံခြား ကျောင်း၀င်ခွင့် ပြည့်မီရန် ပြင်ဆင်ပေးသော သင်တန်း၊ နိုင်ငံခြားပညာရေး၀န်ဆောင်မှု (အင်္ဂံလန်၊ ကေနဒါ၊ သြစတြေးလျ၊ နယူးဇီလန် အစရှိသဖြင့် တက်ရောက်နိုင်ကြောင်းသိရသည်။
RVi INSTITUTE Centre of Higher Education တွင် တက်ရောက်နိုင်သော သင်တန်းများနှင့် ပညာရေး၀န်ဆောင်မှုများမှာ College Preparatory Programme (Polytechnic Admission Programme ) ၊ BCA Preparatory Programme ၊ SIM GEs Management foundation studies Prgramme ( Singapore Institute of Management ၏ စီးပွားရေးပညာရပ် အခြေခံသင်တန်း)၊
SIM GEs Information Technology foundation Studies Prgramme ( Singapore Instute of Management ၏ အိုင်တီနည်းပညာ ပညာရပ် အခြေခံသင်တန်း)၊Singapore Universities Adminssion and Visa Services တို့ဖြစ်hသည်။