Breaking

NCA-S EAO (၅)ဖွဲ့မှသည် EAO များအားလုံး စုံညီစွာပါဝင်နိုင်ရေးနှင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသော ပြည်ထောင်စုတည် ဆောက်ရေး တပေါင်းတစည်းတည်းဆွေးနွေးနိုင်ရန် ကြိုးပမ်းသွားမည်ဟု ထုတ်ပြန်

ရန်ကုန် ၊ ဩဂုတ် ၃၁

တစ်နိုင်လုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသော NCA-S EAO (၅)ဖွဲ့မှသည် EAO များအားလုံး စုံညီစွာပါဝင်နိုင်ရေးနှင့် ဒီမိုကရေစီနှင့်ဖက်ဒရယ် စနစ်ကိုအခြေခံသော ပြည်ထောင်စုတည်ဆောက်ရေးဆိုင်ရာကိစ္စရပ်များကိုတပေါင်းတစည်းတည်းဆွေးနွေးနိုင်ရေးကြိုးပမ်းအကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း PPST အဖွဲ့ဝင် EAO (၅)က ထုတ်ပြန်ကြေငြာခဲ့သည်။

နိုင်ငံတော်အဆင့်ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့်EAO (၅) ဖွဲ့၏ ဆွေးနွေးရေးကိုယ်စားလှယ်အဖွဲ့တို့ နေပြည်တော်တွင် (၃) ရက်တာ ဆွေးနွေးပွဲအပြီး ဩဂုတ် ၃၁ ရက်နေ့ ထုတ်ပြန်သည့် ကြေငြာချက်တွင် ယင်းသို့ဖော်ပြထားခြင်း ဖြစ်သည်။

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီအတွင်းရေးမှူး၏ ဖိတ်ကြားချက်အရ မိမိတို့ NCA-S EAO (၅)ဖွဲ့ဖြစ်သော ALP, DKBA,KNU/KNLA PC, LDU နှင့် PNLO ကိုယ်စားလှယ်တို့သည် နေပြည်တော်သို့ ဩဂုတ် ၂၈ ရက်နေ့တွင်ရောက်ရှိပြီး ဆွေးနွေးရေးကိုယ် စားလှယ်အဖွဲ့ကို ဖွဲ့စည်းခဲ့ကြကြောင်း၊ယင်းသို့ ဖွဲ့စည်းပြီးနောက် (၂၈) ရက်နေ့ ညနေတွင် NSPNC အ တွင်းရေးမှူးနှင့်တွေ့ဆုံပြီးဆွေးနွေးပွဲအစီအစဉ်များကို နှစ်ဖက်ညှိနှိုင်းသတ်မှတ်နိုင်ခဲ့ကြောင်း သိရသည်။

ညှိနှိုင်းရရှိသော အစီအစဉ်ကို အစည်းအဝေးပထမရက်ဩဂုတ် ၂၉ ရက်နေ့တွင် ထပ်မံအတည်ပြုပြီးနောက် အစည်းအဝေးကိုစတင်ခဲ့ရာ နိုင်ငံတော်ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ခေါင်းဆောင်များဘက်က ကိစ္စရပ် (၄)ခုကို တင်သွင်းပြီးနောက် အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ ကိစ္စရပ်များတွင် UPDJC နိုင်ငံရေးပါတီများအစုအဖွဲ့နှင့် လေ့လာဆန်းစစ်ရေးအဖွဲ့တို့က အဆိုပြုထားသော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြင်ဆင်လိုသည့် ပုဒ်မများ၊ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပနိုင်ရေးကိစ္စများနှင့်EAO ဒေသများတွင်လူသား ချင်းစာနာထောက် ထားမှုအကူအညီများ ပေးအပ်နိုင်ရေး ကိစ္စရပ်များပါဝင်ကြောင်း သိရသည်။

ဒုတိယနေ့ ဩဂုတ် ၃၀ရက်နေ့တွင် NCA-S EAO (၅)ဖွဲ့ဘက်မှလူသားချင်းစာနာမှုဆိုင်ရာအကူအညီများ ရရှိရေးအတွက် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ညှိနှိုင်းအကောင်အထည်ဖော်ရာတွင် NCA-S EAOကိုယ်စားလှယ်များပါဝင်ခွင့်ရရှိရေး၊ဖက်ဒရယ်ပြည်ထောင်စုတည် ဆောက်ရာတွင် EAO များလက်တွေ့ကျကျပါဝင်နိုင်ရေး၊လက်ရှိပြည်တွင်းနိုင်ငံရေးနယ်ပယ်တွင် EAO များ၏ အ ခန်းကဏ္ဍကို မြှင့်တင်နိုင်ရေး၊ EAO များအချင်းချင်းတွေ့ဆုံဆွေးနွေးခွင့်ရရှိရေးနှင့် လာမည့် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၁၅)ရက်နေ့တွင် ကျရောက်မည့် (၈) နှစ်မြောက် NCA လက်မှတ်ရေးထိုးခြင်းနှစ်ပတ်လည်အခမ်းအနားကို နိုင်ငံရေး အဓိပ္ပာယ်ပြည့်ဝစွာ ကျင်းပနိုင်ရေး စသည့်အချက်များ ပါဝင်ကြောင်း ထုတ်ပြန်ခဲ့သည်။

ထို့အပြင် သတ်မှတ်အတည်ပြုထားသော အချက်များကို အပြန်အလှန် ညှိနှိုင်းဆွေးနွေးကြပြီးနောက် NCA၏ အရေးပါမှုအခန်းကဏ္ဍများကိုလည်း သေ ချာဆွေးနွေးသုံးသပ်ခဲ့ကြပြီး NCA သည် တရားဝင်တည်ရှိနေခြင်း၊ NCA ၏အနှစ်သာရ (၃) ချက်ကို လက်တွေ့ကျကျအကောင်အထည်ဖော်ရန် လိုအပ်နေခြင်း စသည့် အချက်အလက်များကို အပြန် အလှန်ဆွေးနွေး ညှိနှိုင်းနိုင်ခဲ့ကြကြောင်း သိရသည်။

တတိယနေ့ သြဂုတ် ၃၁ ရက်နေ့တွင် ညှိနှိုင်းရရှိသောအခြေခံသဘောတူညီချက် (၄)ချက်နှင့်ရှေ့ဆက် ဆောင်ရွက်ရမည့်ဘုံသဘော တူညီချက်မှတ်တမ်း(၅) ချက်ကိုနှစ်ဖက်ခေါင်းဆောင်များက အတည်ပြုလက်မှတ်ရေးထိုးနိုင်ခဲ့ကြကြောင်း သိရသည်။

ယင်းအပြင် မကြာမီက ပြင်ဆင်တိုးချဲ့ဖွဲ့စည်းခဲ့သော နိုင်ငံတော်၏ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့တွင် ဥက္ကဌ(၂)ဦး၊ အတွင်းရေးမှူး (၂)ဦး အပါအဝင် နိုင်ငံတော်ကောင် စီဝင်များ တိုးမြင့်ပါဝင်လာခြင်းသည်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဘက်မှ “ဆွေးနွေးညှိနှိုင်းအဖြေရှာရေးမူ” အပေါ်ပိုမိုအလေးအနက်ထားလာသည်ဟု ရှုမြင်ပါကြောင်း

နှင့် မိမိတို့ NCA-S EAO (၅)ဖွဲ့မှသည် NCA လက် မှတ်ရေးထိုးခဲ့ကြသော EAO များအားလုံး စုံညီစွာပါဝင်နိုင်ရေးနှင့် ဒီမိုကရေစီနှင့်ဖက်ဒရယ် စနစ်ကိုအခြေခံသော ပြည်ထောင်စုတည်ဆောက်ရေးဆိုင်ရာကိစ္စရပ်များ ကိုတပေါင်းတစည်းတည်းဆွေးနွေးနိုင်ရေးကြိုးပမ်း အ ကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်းထုတ်ပြန် ကြေငြာခဲ့သည်။

Total Views ~ 208

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

45389

© 2022 - 2025 News. All Rights Reserved.