ရန်ကုန် ၊ မတ် ၂၇
NUG နှင့် ၎င်းတိုလက်ဝေခံPDF တို၏ အကြမ်းဖက်တိုက်ခိုက်မှုများ လုံးဝရပ်ဆိုင်းအောင်ဆောင်ရွက်သွားမည်ဟုနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ် မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာ သရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိင်က ပြောကြားလိုက်သည်။
၂၀၂၃ ခုနှစ် မတ်လ ၂၇ ရက်တွင် ကျရောက်သော ၊ (၇၈)နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားတွင် ပြောကြားသည့်မိန့်ခွန်းတွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
" အကြမ်းဖက်အားပေးနိုင်ငံအချိုနဲ့ နိုင်ငံတကာအဖွဲအစည်းများမှ တာဝန်ရှိသူတချိုက နိုင်ငံတည်ငြိမ်မှုပျက်ပြားအောင်ပြုလုပ်ပြီး ပြစ်မှုကျူးလွန်တဲ့ CRPH ၊ NUG နဲ့ ၎င်းတိုလက်ဝေခံ PDF အဖွဲတွေရဲ့အကြမ်းဖက်မှုတွေကို မဖော်ပြဘဲ အစိုးရအပေါ် ပြစ်တင်ဝေဖန်
နေတာဟာ အလွန်ပဲလွဲမှားနေတယ်။ NUG နဲ့ ၎င်းတိုလက်ဝေခံPDF တိုရဲ့ အကြမ်းဖက်တိုက်ခိုက်မှုများ လုံးဝရပ်ဆိုင်းအောင်ဆောင်ရွက်သွားဖို လိုအပ်တယ်။ တပ်မတော်နဲ့ နိုင်ငံတော်အစိုးရအနေနဲ့ နိုင်ငံကိုဖျက်ဆီးနေတဲ့ ပြည်သူကိုသတ်နေတဲ့ ဒီအကြမ်းဖက်အဖွဲကို ထိရောက်စွာ တုံပြန်ဆောင်ရွက်သွားရမှာပဲ ဖြစ်တယ်" ဟု ဗိုလ်ချုပ်မှူးကြီး သတိုးမဟာ သရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိင်က ထည့်သွင်းပြောကြားလိုက်သည်။
တပ်မတော်အနေဖြင့် ပြည်ထောင်စုတစ်ဝန်းလုံးတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးမှု အပြည့်အဝရရှိရန်အလေးထား လုပ်ဆောင်သွားမည်ဖြစ်ပြီး NUG နှင့် အကြမ်းဖက်အဖွဲအစည်းများ၊၎င်းတိုကို ပံ့ပိုးနေသည့် EAO အဖွဲအစည်းအချိုကို ပြတ်ပြတ်သားသား အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။
"တိုတပ်မတော်အနေနဲ့ အစိုးရက ချမှတ်ထားတဲ့ ရှေ့လုပ်ငန်းစဉ် (၅) ရပ်နဲ့အညီ “နိုင်ငံတစ်ဝန်းရှိ ပြည်သူများရဲ့လူမှုစီးပွားဘဝလုံခြုံရေးအတွက် ပြည်ထောင်စုတစ်ဝန်းလုံးတည်ငြိမ်အေးချမ်းရေးနဲ့ တရားဥပဒေစိုးမိုးမှု အပြည့်အဝရရှိရန်အလေးထား လုပ်ဆောင်သွားမှာပဲ” ဖြစ်တယ်။ အဲလိုလုပ်ဆောင်ရာမှာ NUG နဲ့ အကြမ်းဖက်အဖွဲအစည်းတွေ၊ ၎င်းတိုကို ပံ့ပိုးနေတဲ့ EAO အဖွဲအစည်းအချိုကို ပြတ်ပြတ်သားသား အရေးယူဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ပြောကြားလိုပါတယ်" ဟူ၍ဗိုလ်ချုပ်မှူးကြီး သတိုးမဟာ သရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိင်က ထည့်သွင်းပြောကြားလိုက်သည်။
ထိုကြောင့်ဒုတိယအကြိမ် အရေးပေါ်သက်တမ်းကာလတွင် အရေးကြီးသည့် မြိုနယ်များကို စစ်အုပ်ချုပ်ရေးအမိန့်များ တိုးမြှင့်သတ်မှတ်ပြီး ထိန်းချုပ်ဆောင်ရွက်လျက်ရှိကြောင်း၊ထိုသို ဆောင်ရွက်ခြင်းမှာ ပြည်သူများကို ထိန်းချုပ်ကန့်သတ်ခြင်းမဟုတ်ဘဲ ဒေသခံပြည်သူလူထုအကျိုးစီးပွားကို ထိခိုက်ပျက်စီးအောင် ဆောင်ရွက်နေကြတဲ့အ ကြမ်းဖက်သမားများရဲ့ လုပ်ဆောင်ချက်တွေကို ထိရောက်စွာထိန်းချုပ်နိုင်ရန် ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာ သရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိင်က ပြောကြားခဲ့သည်။