ရန်ကုန်၊နိုဝင်ဘာ ၆
OPPO Myanmar AEDမှ ရေဘေးသင့်ပြည်သူများ ပြန်လည်ထူထောင်ရေးအတွက် ငွေကျပ် သိန်း ၃၀၀ ကျော်တန်ဖိုးရှိ အိပ်ရာများကို လှူဒါန်းခဲ့ကြောင်းသိရသည်။
OPPO Myanmar AED အနေဖြင့် ကျပ်သိန်း ၃၀၀ကျော် တန်ဖိုးရှိ အိပ်ရာများကို မန္တလေးတိုင်းဒေသကြီး စဉ့်ကိုင်မြို့နှင့် ရှမ်းပြည်နယ် တာချီလိတ်မြို့တို့ကို ကိုယ်တိုင်ကိုယ်ကျ သွားရောက်လှူဒါန်းခဲ့သည်။ ကမ္ဘာ့ထိပ်တန်းစမတ်ဖုန်း အမှတ်တံဆိပ် OPPO သည် မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် ရေဘေးအခြေအနေများအတွက် ငွေကျပ်သိန်း ၄၀၀ ကျော်တန်ဖိုးရှိ ပစ္စည်းများထဲမှ သိန်း ၁၀၀ ကျော် တန်ဖိုးရှိ စောင်တွေကို ရှမ်းပြည်နယ် တောင်ပိုင်းတွင်ရှိသည့် ကလော ၊ အင်းလေး၊ ဆင်တောင်ရွာနှင့် ပလောင်တောင်ရွာတို့တွင် နေထိုင်ကြသည့် ပြည်သူများကို ပေးအပ်လှူဒါန်းခဲ့ကြောင်းသိရသည်။
OPPO Myanmar AED သည် မြန်မာပြည်သူများအတွက် လိုအပ်မည့်အကူအညီများကို နေရာဒေသအလိုက် ဆက်လက်ကူညီထောက်ပံ့သွားမဖြစ်ကြောင်းသိရသည်။