Breaking

UEC က မှတ်ပုံတင် ခွင့်ပြုပေးခဲ့သည့် နိုင်ငံရေးပါတီပေါင်း ၄၆ ပါတီအထိ ရှိလာ

ရန်ကုန်၊ ဧပြီ ၁၀
    ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်(UEC)မှ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေနှင့်အညီ မှတ်ပုံတင်ခွင့်ပြုပေးခဲ့သည့် ပါတီပေါင်းမှာ ဧပြီ ၇ ရက်အထိ ၄၆ ပါတီအထိ ရှိလာပြီဖြစ်ကြောင်း UEC ၏ သတင်းထုတ်ပြန်ချက်များအရ သိရသည်။
    ထိုသို့ UEC မှ မှတ်ပုံတင်ခွင့်ပြုပေးခဲ့သည့် နိုင်ငံရေးပါတီများမှာ (၁) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ (၂) မြန်မာပြည်သူ့ ဒီမိုကရက်တစ်ပါတီ(MPD)၊ (၃) ဒီမိုကရေစီပါတီသစ်(ကချင်)၊ (၄) ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ၊ (၅) တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ၊ (၆) ရခိုင့် ဦးဆောင်ပါ တီ(AFP)၊ (၇) တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ  (T.N.D.P)၊ (၈) ရှမ်းနီ(တိုင်းလျန်) သွေးစည်းညီ ညွတ်ရေးပါတီ (S.S.P)၊ (၉) ရခိုင်ပြည်နယ် အမျိုးသားအင်အားစုပါတီ၊ (၁၀)ပအိုဝ်း အမျိုးသားအဖွဲ့ချုပ်(PNO)ပါတီ၊ (၁၁)လီဆူ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ)၊ (၁၂) ခမီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ (၁၃) အာခါအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ (၁၄) အင်းအမျိုးသားအဖွဲ့ ချုပ်ပါတီ (Inn National League Party)၊ (၁၅) ကိုးကန့်ဒီမိုကရေစီနှင့် ညီညွတ်ရေးပါတီ (KKDUP)၊ (၁၆)ကရင်အမျိုးသားဒီမို ကရက်တစ်ပါတီ(KNDP)၊ (၁၇)ကရင်ပြည်သူ့ပါတီ(KPP)၊ (၁၈)နာဂအမျိုးသားပါတီ (NNP)၊ (၁၉) ဓနုတိုင်းရင်းသား လူမျိုးများ ဒီမိုကရေစီပါတီ၊ (၂၀)ပြည်သူ့ရှေ့ဆောင် ပါတီ(People’s Pioneer Party)၊ (၂၁)အမျိုး သားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ(DNP)၊ (၂၂) အမျိုးသားနိုင်ငံရေး မဟာ မိတ်များအဖွဲ့ ချုပ်ပါတီ၊ (၂၃)ဖက်ဒရယ်ဒီမိုကရက်တစ်ပါတီ၊ (၂၄)ပြည်သူ့အလုပ်သမားပါတီ၊ (၂၅) မြန်မာနိုင်ငံတောင်သူ လယ်သမားဖွံ့ဖြိုးတိုး တက်ရေးပါတီ၊ (၂၆)ရှမ်းနှင့် တိုင်းရင်းသားများ ဒီမိုကရက်တီပါတီ (ကျားဖြူပါတီ)၊ (၂၇) ဒီမိုကရက်တစ်ပါတီ၊ (၂၈) ဒီမိုကရက်တစ် အင်အားစု လေဘာပါတီ၊ (၂၉)အမျိုးသမီးပါတီ(မွန်)၊ (၃၀)မြိုတိုင်းရင်းသားဖွံ့ဖြိုးရေး ပါတီ၊ (၃၁)အမျိုးသားဒီမိုကရေစီပါတီသစ်၊ (၃၂) အမျိုးသားအကျိုးစီးပွားတိုးတက်ရေး ပါတီ(NIDP)၊ (၃၃)'ဝ'အမျိုးသားပါတီ၊ (၃၄) ခူမီးအမျိုးသား ပါတီ၊ (၃၅)အမျိုးသားနိုင်ငံ ရေးအားမာန်သစ်ပါတီ၊ (၃၆)ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ၊ (၃၇)ပြည်ထောင်စုငြိမ်းချမ်းရေးနှင့် ညီညွတ်ရေးပါတီ၊ (၃၈) မြန်မာနိုင်ငံတောင်သူ လယ်သမား၊ အလုပ်သမားပြည်သူ့ပါတီ၊ (၃၉)ခေတ်သစ်ပြည်သူ့ပါတီ၊ (၄၀)လေဘာပါတီ (Labour Party)၊ (၄၁)အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ(NDF)၊ (၄၂) ၈၈ မျိုးဆက် ကျောင်းသားလူငယ်များ (ပြည်ထောင်စု မြန်မာနိုင်ငံ)ပါတီ၊ (၄၃)ပြည်ထောင်စုမြန်မာ နိုင်ငံအမျိုးသားနိုင်ငံရေး အဖွဲ့ချုပ်ပါတီ၊ (၄၄) လူထုပါတီ(The Party for People)၊  (၄၅) ပြည်သူ့ပါတီ(People’s Party)၊ (၄၆)မွန်တိုးတက်ရေးပါတီတို့ ဖြစ်သည်။
    အဆိုပါ နိုင်ငံရေးပါတီများအနက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ၊ ပြည်သူ့ရှေ့ဆောင်ပါတီ(PPP)၊ အမျိုးသား နိုင်ငံရေးဒီမိုကရက်တစ်ပါတီ (DNP)၊ မြန်မာနိုင်ငံတောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုက ရက်တစ်ပါတီ(ကျားဖြူပါတီ)၊ အမျိုးသားဒီမို ကရေစီအင်အားစုပါတီ(NDF)၊ အမျိုးသမီးပါတီ(မွန်)၊ ပြည်သူ့ပါတီ စသည့် ပါတီကိုးပါတီမှာ ပြည်ထောင်စု တစ်ဝန်းလုံးတွင် စည်းရုံးမည့်ပါတီများအဖြစ် မှတ်ပုံတင်ထား ခြင်းဖြစ်ကြောင်း သိရသည်။

Total Views ~ 214

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

45389

© 2022 - 2025 News. All Rights Reserved.