ကန့်ဘလူမြို့နယ်၌ အကြမ်းဖက်အုပ်စု PDF အဖွဲ ထောင်ထားသည့် လက်လုပ်မိုင်းများ ပေါက်ကွဲ မှုကြောင့် အမျိုးသား ၄ ဦး၊ အမျိုးသမီး ၁ ဦးဒဏ်ရာရရှိ

၂၀၂၃ ၊ ဖေဖော်ဝါရီ ၂၆

ယမန်နေ့ (ဖေဖော်ဝါရီ ၂၅) နံနက် ၉နာရီအချိန် ကန့်ဘလူခရိုင် ကန့်ဘလူမြိုနယ်ပြည်သူ့ဆေးရုံသို မိုင်းစထိမှန်ဒဏ်ရာ များဖြင့် အမျိုးသား ၃ ဦး ရောက်ရှိနေကြောင်း သတင်းအရ သက်ဆိုင်ရာ ဦးစီးအဖွဲက သွားရောက်စစ်ဆေးရာ လွမ်းချို(၂၈)နှစ် ညောင်ဇင် (အနောက်)ကျေးရွာ ကန့်ဘလူမြိုနယ်နေသူတွင် ယာခြေကျင်းဝတ်ကျိုးဒဏ်ရာ၊ ဝဲခြေသလုံး မိုင်းစ ထိမှန်ဒဏ်ရာ ၁ ချက်(စုစုပေါင်းဒဏ်ရာ ၂ ချက်)(စိုးရိမ်ရ)နှင့် တစ်ရွာတည်းနေ ကျော်မြိုင်(၄၀)နှစ် တွင် ဝဲ/ယာလက်ဖျံ မိုင်းစထိမှန်ဒဏ်ရာ၊ ဝဲခြေသလုံး မိုင်းစထိမှန် ဒဏ်ရာ ၁ ချက်(စုစုပေါင်းဒဏ်ရာ ၃ ချက်) (မစိုးရိမ်ရ)နှင့် တက်စိန်(၂၈)နှစ်တွင် ဝဲ/ယာခြေကျင်းဝတ် မိုင်းစထိမှန်ဒဏ်ရာ(မစိုးရိမ်ရ) ရရှိထားသည်ကို တွေ့ရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်အား စိစစ်ရာ ယင်းနေ့ နံနက်၈နာရီတွင် ၎င်းတို ၃ ဦးသည် နမစ(ထန်းကုန်း)၏ တောင်ဘက် ၆ မိုင်ခန့်၊ ညောင်ဇင် (အနောက် )ကျေးရွာ၏တောင်ဘက် ၁ ဖာလုံခန့်အကွာ မြေကွက်လပ်၌ ခွေးသေ ၁ ကောင်အား မြေမြှုပ်ရန် မြေကျင်းတူးနေစဉ် အကြမ်းဖက်အုပ်စု PDF အဖွဲ ထောင်ထားသည့် လက်လုပ်မိုင်း ၁ လုံးအား တူးမိပေါက်ကွဲပြီး ၎င်းနေရာအနီးမှ လက်လုပ်တိုက်မိုင်း ၂ လုံး ထပ်မံပေါက်ကွဲခဲ့၍ ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အလားတူ ယင်းနေ့ နံနက် ၁၀ နာရီတွင် ကန့်ဘလူမြိုနယ်ပြည်သူ့ဆေးရုံသို မိုင်းစထိမှန်ဒဏ်ရာ များဖြင့် အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၁ ဦး ရောက်ရှိနေကြောင်း သတင်းအရ ဦးစီးအဖွဲက သွားရောက်စစ်ဆေးရာ ဇော်မှတ်(၂၅)နှစ် ဂွေးကုန်း ကျေးရွာ ကန့်ဘလူမြိုနယ်နေသူတွင် ယာလက်ဖျံ မိုင်းစထိမှန်ဒဏ်ရာ ၁ ချက်၊ ယာခြေသလုံး မိုင်းစ ထိမှန်ဒဏ်ရာ ၁ ချက်(စုစုပေါင်းဒဏ်ရာ ၂ ချက်)(မစိုးရိမ်ရ)နှင့် ၎င်း၏ဇနီးဖြစ်သူ မစုစုဇင်(၂၄)နှစ် တွင် ယာတင်ပါး မိုင်းစထိမှန်ဒဏ်ရာ ၁ ချက် (မစိုးရိမ်ရ)ရရှိထား သည်ကို တွေ့ရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်အား စိစစ်ရာ ယင်းနေ့ နံနက် ၉ နာရီတွင် ၎င်းတို ၂ ဦးသည် ဂွေးကုန်းကျေးရွာမှ ထန်းကုန်းကျေးရွာဘက်သို ဆိုင်ကယ်ဖြင့် ဈေးရောင်းသွားစဉ် နမစ(ထန်းကုန်း)၏ တောင်ဘက် ၆ မိုင်ခန့်၊ ညောင်ဇင်(အနောက်)ကျေးရွာ၏ အနောက်ဘက် ၂ ဖာလုံခန့်အကွာ အရောက်၌ လမ်း၏ယာဘက်ခြမ်းမှ အကြမ်းဖက်အုပ်စု PDF အဖွဲ ထောင်ထားသည့် လက်လုပ်မိုင်း ၁ လုံးအား နင်းမိပေါက်ကွဲခဲ့သဖြင့် ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Total Views ~ 216

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43333

© 2022 - 2025 News. All Rights Reserved.