နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့်ဖြေရှင်းရန် အရေးတကြီးလိုအပ်နေပြီဟု NCA ရေးထိုးထားသောတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ပြော

၂၀၂၃၊ ဖေဖော်ဝါရီ ၁၄

နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းသည့်နည်းလမ်းဖြင့် ဝိုင်းဝန်းအဖြေရှာရန်အရေး တကြီး လိုအပ်နေပြီ ဖြစ်ကြောင်း တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် လက်မှတ်ရေးထိုးထားသော တိုင်း ရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများက သဘောထား ထုတ်ပြန်ခဲ့သည်။
NCA ရေးထိုးထားသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ ဦးဆောင်မှုကော်မတီ(PPST-LC) ၏ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း များ ၏" (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ ဂုဏ်ပြုသဝဏ်လွှာ" တွင် ယင်းသို့ ဖော်ပြထားခြင်း ဖြစ်သည်။
ပြည်ထောင်စုနေ့အခါသမယသည် ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးနှင့်အတူ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီး တည်ဆောက် နိုင်ရေးအတွက် သက်ဆိုင်သူ (Stakeholders) များအနေဖြင့် ပင်လုံစာချုပ်၏အနှစ်သာရများကို အခြေခံကာ နိုင်ငံရေးပြဿနာကို နိုင်ငံရေး နည်းဖြင့် ဖြေရှင်းသည့်နည်းလမ်းဖြင့် ဝိုင်းဝန်းအဖြေရှာရန်အရေး တကြီး လိုအပ်နေပြီ ဖြစ်ကြောင်း မီးမောင်းထိုးပြသည့်နေ့လည်း ဖြစ်ကြောင်း " ပြည်ထောင်စုနေ့ ဂုဏ်ပြုသဝဏ်လွှာ" တွင်ထည့် သွင်းဖော်ပြထားခြင်း ဖြစ် သည်။
PPSTအနေဖြင့် NCA၏ အနှစ်သာရ (၃) ချက်ဖြစ်သည့် “နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရေး၊ သက်ဆိုင်သူများအား လုံးပါဝင်သည့် အဓိပ္ပါယ်ပြည့်ဝသည့် နိုင်ငံရေးဆွေးနွေးပွဲများ ဖြစ်မြောက်ရေး၊ အရပ်သားများကိုအကာအကွယ်ပေးရေး” တို့ကို မယိမ်းမယိုင် ဆက်လက်ကိုင်ဆွဲပြီး လက်ရှိတိုင်းပြည်အကြပ်အတည်းကို ဖြေရှင်းနိုင်ရေးတွက် မဆုတ်မနစ် အားထုတ်ကြိုးပမ်းသွားမည်ဟု သံန္နိဌာန်ပြု ကြောင်း “(၇၆) နှစ်မြောက် ပြည် ထောင်စုနေ့ဂုဏ်ပြုသဝဏ်လွှာတွင် ဖော်ပြထားသည်

Total Views ~ 171

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43333

© 2022 - 2025 News. All Rights Reserved.