Breaking

လျှပ်စစ်ကား( EV )ကဏ္ဍဖွံ့ ဖြိုးတိုးတက်ရေး  ၂၀၅၀ ပြည့်နှစ်အထိ မူဝါဒများ ချမှတ်ဆောင်ရွက်နေ

ရန်ကုန်၊ ဇန်နဝါရီ ၂၃
    လျှပ်စစ်သုံးယာဉ် (Electric Vehi-cle, EV)ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ဦးဆောင်ကော်မတီမှ ၂၀၅၀ ပြည့်နှစ်အထိ မူဝါဒများကို ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျက ပြောသည်။
    ကမ္ဘာကြီး ရေရှည်တည်တံ့မှုကို စိန်ခေါ်မှုများ တွေ့ကြုံလာရပြီဖြစ်ရာ နိုင်ငံတကာတွင် လေထုလွှာအတွင်းသို့ ဖန်လုံအိမ်အာနိသင်ဓာတ်ငွေ့များကို ထုတ်လွှတ်မှု လျှော့ချနိုင်ရေးအတွက် ပါရီ သဘောတူညီချက်ဖြင့် ၂၀၅၀ ပြည့်နှစ်၌ ကာဗွန်ထုတ်လွှတ်မှုကင်းစင်ရေးကို ဦးတည်ဆောင်ရွက် လျက်ရှိကြောင်း၊ မိမိတို့နိုင်ငံတွင်လည်း အခြားနိုင်ငံများနည်းတူ EV ကဏ္ဍဖွံ့ဖြိုးတိုး တက်ရေးအတွက် ဦးဆောင်ကော်မတီမှ ၂၀၅၀ ပြည့်နှစ်အထိ မူဝါဒများကို ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုဝန်ကြီးဒေါက်တာ အောင်ဇေယျက ပြောသည်။
    သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနသည် နိုင်ငံတော်တွင် လျှပ်စစ်သုံးယာဉ် (Electric Vehicle, EV) သုံးစွဲ သည့် ပြည်သူများအတွက် နည်းပညာ ပြန့်ပွားရေးဆိုင်ရာ အသိပညာပေးမှုများကို ဆက်စပ်ဌာန/ အဖွဲ့အစည်းများနှင့် ပူးပေါင်းမြှင့်တင်ဆောင် ရွက်လျက်ရှိကြောင်းသိရပြီး ဇန်နဝါရီ ၁၈ ရက်က နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဆရာအတတ်သင်ကောလိပ်(ဘယ်လင်း)တွင် ကျင်းပသည့် EV အန္တရာယ်ကင်း ရှင်းရေးအသိပညာပေးနှင့် နည်းပညာပြန့် ပွားရေးဟောပြောပွဲ အခမ်းအနား တက်ရောက်စဉ် ၎င်းက အထက်ပါအတိုင်း ပြော ကြားခဲ့သည်။
    ထို့အပြင် EV နည်းပညာသင်တန်းများကို အရည်အသွေးပြည့်မီစွာ ဖွင့်လှစ်ကာ ကျွမ်းကျင်သူများကို မွေးထုတ်လျက်ရှိပြီး တက္ကသိုလ်/သိပ္ပံများတွင်လည်း လေ့ကျင့်သင်ကြားပေးရန် စီစဉ်ဆောင်ရွက်နေကာ EV သုတေသနများလည်း ဆောင်ရွက်နေကြောင်း၊ လျှပ်စစ်သုံးယာဉ် ဘက်ထရီစွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှုဆိုင်ရာမူဝါဒ(မူကြမ်း)ကိုလည်း ရေးဆွဲလျက်ရှိပြီး EV သုံးစွဲမှုမှရရှိမည့် အကျိုးကျေးဇူးများနှင့် သုံးစွဲသူများက ဘေးအန္တရာယ်ကင်းရှင်းစွာ သတ်မှတ်စံနှုန်း၊ ညွှန်ကြားချက်များနှင့်အညီ အသုံးပြုနိုင်ရေး အသိပညာပေးရန် လိုအပ်ကြောင်း၊ ထို့ကြောင့် EV ဆိုင်ရာ အသိပညာပေးနှင့် နည်းပညာပြန့်ပွားရေး အစီအစဉ်များကို ထိရောက်ပီပြင်စွာ ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျက ပြောကြား ခဲ့သည်။          

Total Views ~ 173

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43967

© 2022 - 2025 News. All Rights Reserved.