Breaking

အမျိုးသားအကျိုးစီးပွားအပေါ် ဘက်ပေါင်းစုံမှ နှောင့်ယှက်ဖျက်ဆီးခဲ့သော်လည်း ရင်ဆိုင်ကျော်လွှား နိုင်ခဲ့ဟုဆို

၂၀၂၄၊ မတ် ၁၂
    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ တာဝန်ယူဆောင်ရွက်နေစဉ် ကာလအတွင်း ရငွေပိုင်းနှင့် သုံးငွေပိုင်းများတွင် မိမိတို့နိုင်ငံ၏ အမျိုးသားအကျိုးစီးပွားအပေါ် ဘက်ပေါင်းစုံမှ နှောင့်ယှက်ဖျက်ဆီးမှု စသည့်အခက်အခဲများ၊ စိန်ခေါ်မှုများနှင့် ကြုံတွေ့ခဲ့ရသော်လည်း ဝန်ကြီးဌာနအဖွဲ့အစည်းများ၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ အစိုးရအဖွဲ့များအားလုံးမှ ယင်းအခက်အခဲများကို ရင်ဆိုင်ကျော် လွှားကာ ရည်မှန်းချက်များကို အောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့သည့်အပေါ် အစိုးရအနေဖြင့် မှတ်တမ်းတင် အသိအမှတ်ပြုကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက  ပြောသည်။
    ၂၀၂၄-၂၅ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ ရသုံးမှန်းခြေငွေစာရင်းများ တင်ပြခြင်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို မတ်လ ၁၁ ရက်က နေပြည်တော်ရှိ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ကျင်းပရာ ဘဏ္ဍာရေးဆိုင်ရာ ကော်မရှင်ဒုတိယဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ် ချုပ် ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက်အမှာစကား ပြောကြားရာတွင် အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့သည်။
    ၂၀၂၃-၂၄ လိုငွေနှင့် GDP အချိုးသည် ၅ ဒသမ ၆၅ ရာခိုင်နှုန်းဖြစ်ပြီး ယခု ၂၀၂၄-၂၅ တွင် လိုငွေနှင့် GDP အချိုးသည် သုည ဒသမ ၀၂ ရာခိုင်နှုန်း တွေ့ရပြီး ကွာခြားမှုများကို စိစစ်ရာတွင် တွေ့ရှိရသည့် အကြောင်းအရင်းများမှာ နိုင်ငံခြားငွေနှင့် မြန်မာငွေ လဲလှယ်နှုန်း ကွာဟချက်များ၊ ပင် ပန်းကြမ်းတမ်းမှုနှင့် သက်စွန့်ဆံဖျားစရိတ်၊ သင်တန်းသား ထောက်ပံ့စရိတ်၊ ပြည်သူ့စစ် မှုထမ်းဥပဒေအရ သုံးစွဲရမည့်စရိတ်၊ နိုင်ငံတော်၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံတော်၏ အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လျာထားမှုများ ကြောင့် ၂၀၂၃-၂၄ ထက် သုည ဒသမ ၀၂ ရာခိုင်နှုန်း တိုးလာရခြင်းဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီး ချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောသည်။
    ပြည်ထောင်စုအဆင့်စိစစ်ရာတွင် မူလအခြေအနေလိုငွေနှင့် GDP အချိုး သည် ၈ ဒသမ ၈၆ ရာခိုင်နှုန်းဖြစ်ပါကြောင်း၊ မူဘောင်နှင့် လုပ်ငန်းဆောင်ရွက်နိုင်မှု၊ အ ကျိုးဖြစ်ထွန်းမှုအပေါ် အဆင့်ဆင့်စိ စစ်ပြီး နောက်ဆုံးအနေအထားအဖြစ် ပြန်လည်စိစစ်သည့်အခါ ၂၀၂၄-၂၅ ၏ လိုငွေနှင့် GDP အချိုးသည် ၅ ဒသမ ၆၇ ရာခိုင်နှုန်းရှိသဖြင့် ပျမ်းမျှ ၅ ရာခိုင်နှုန်း ကျော်လွန်နေကြောင်း သိရသည်။ နိုင်ငံတော်၏ ဝင်ငွေအ များဆုံးရှာပေးနိုင်သည့် ဝန်ကြီးဌာနများအနေဖြင့် မိမိဌာနမှ ပေးအပ်ထားသည့် မူလရည်မှန်း ချက်များကို အပြည့်အဝရရှိအောင်နှင့် ကျော်လွန်အောင် ကြိုးစားဆောင်ရွက်ပေးကြရန်လိုကြောင်း၊ အလားတူ လူမှုရေးအသုံးစရိတ်၊ ဌာနများအလိုက် သုံးစွဲရသည့် အသုံးစရိတ်များကို သုံးစွဲရာတွင် မလိုအပ်ဘဲ များပြားစွာ လေလွင့်ဆုံးရှုံးမှုများမရှိအောင် သုံးစွဲပေးနိုင်ရန်လိုကြောင်း၊ ဝင်ငွေရှာပေးနိုင် သည့် ဝန်ကြီးဌာနများကလည်း မိမိတို့၏ ဝန်ကြီးဌာနများအလိုက် သတ်မှတ်ပေးထားသည့် လျာထား ဘတ်ဂျက်၊ ရည်မှန်းချက်ပြည့်ဝအောင် မည်သို့ပင်အခက်အခဲနှင့် စိန်ခေါ် မှုများရှိပါစေ ဆောင်ရွက်ပေး ကြရန် ပြောကြားသည်။
    ဆက်လက်၍ ဝန်ကြီးဌာနများအနေဖြင့် ရရှိသည့်ဘတ်ဂျက်ကို အကျိုးရှိထိ ရောက်အောင် သုံးစွဲကြရန်လိုကြောင်း၊ ဘတ်ဂျက်များ စိစစ်သည့်အခါ လိုငွေနှင့် GDP အချိုးကိုကြည့်၍ ငွေကြေးဖောင်း ပွမှုကို ထိန်းသိမ်းနိုင်ရေးဘောင် သတ်မှတ်လျက်ခွဲ ဝေချမှတ်ပေးခြင်း ဖြစ်ကြောင်း၊ ရသင့်ရထိုက်သည့် ရငွေကို အကောင်အထည်ဖော်ရာတွင် အခက်အခဲများနှင့် စိန်ခေါ်မှုများလည်း ရှိမည်ဖြစ်ပါကြောင်း၊ အဆိုပါအခက်အခဲများနှင့် စိန်ခေါ်မှုများကို မည်သို့ကျော်လွှားမည်၊ ကိုယ်ရရှိသည့် ဘတ်ဂျက်ဖြင့် မည်သို့ကုန် အောင်သုံးမည်၊ ပေးထားသည့်ဘတ်ဂျက်ကို ထိထိရောက်ရောက် ကုန်အောင်သုံးနိုင်မှသာ လျှင် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုအတွက် အဘက်ဘက်က အထောက်အကူပြုလာမည် ဖြစ်ကြောင်း၊ အထူးသဖြင့် ကုန်ထုတ်လုပ်မှုများ တိုးတက်ထုတ်လုပ်နိုင်မှသာ ပြည်တွင်း ပြည်ပတင်ပို့သုံးစွဲနိုင်မှုမှ တစ်ဆင့် နိုင်ငံတော် GDP လည်း တိုးတက်လာမည်ဖြစ်ကြောင်းဖြည့်စွက် ပြောကြားခဲ့သည်။

Total Views ~ 194

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43955

© 2022 - 2025 News. All Rights Reserved.