၂၀၂၅ ၊ စက်တင်ဘာ ၅
တိုင်းပြည်တစ်ပြည်အတွက် သဘာဝသယံဇာတဆိုတာ အလွန်သိမ်မွေ့သလို၊ အလွန်လည်း နက်နဲပါတယ်။ စကားအကုန်ပြောရရင် ဘာနဲ့ခပ်ဆင်ဆင် တူသလဲဆိုရင် 'မရှိမကောင်း ရှိမကောင်း၊ မရောင်းလည်းခက် ရောင်းလည်းခက်'ဆိုတာမျိုး။ မကြာသေးခင်လေးက ဖြစ်သွားလိုက်တာ စာဖတ်သူ မိတ်ဆွေများ သတိထားမိလိုက်မယ် ထင်ပါတယ်။ KIA က ပုဂ္ဂိုလ်တစ်ယောက်က မြန်မာနိုင်ငံမှာ အများအပြား ထွက်တယ်လို့ပြောတဲ့ Rare Earth Elements တွေကို US ကိုရောင်းဖို့ မြန်မာနိုင်ငံမှာ စီးပွားရေး လုပ်ခဲ့ဖူးသူ တစ်ယောက်ကို ကြားခံထားပြီး ဈေးကွက်သွားရှာတယ်လို့ မီဒီယာတစ်ခုက တင်လိုက်ပါ တယ်။ ဖြစ်ချင်တော့ ကိုရွှေကျီးက ထန်းသီးသုံးလုံးကို တစ်ပြိုင်နက်တည်း နင်းမိသွားပုံရပါတယ်။
ပထမထန်းသီးကတော့ ထရမ့်ရဲ့ Tariff War ကိစ္စမှာ White House က Protocol အတိုင်း Executive Order အရ နိုင်ငံတိုင်းကိုရေးတဲ့ 'ရုံးစာ' မြန်မာနိုင်ငံကိုမှ (သီးခြားပို့တာမဟုတ်တဲ့) ပထမထန်းသီး။ ဒုတိယထန်းသီးက မြန်မာ့စီးပွားရေးလုပ်ငန်းရှင်တွေထဲက SDN (Specially Designated Nationals) လို့ ထုံးတို့ပြီး တစ်ဦးစီကို 'အထူးရွေးချယ်သတ်မှတ်ထားတဲ့ နိုင်ငံသား'(လို့ပဲ ငပိန်းတွေ နားလည်နိုင်တဲ့ စကားနဲ့ပြောရရင်)သတ် မှတ်ခံရသူ(ခရိုနီတွေ) Sanction လုပ်ခံရတော့ အဲဒီစီးပွားရေးသမားတွေက SDN စာရင်းကနေ ပယ်ဖျက်ခံရအောင် ငွေအမြောက် အမြားပေးပြီး ကိုယ်ပိုင် Lobby တွေ တစ်ဦးချင်းငှားပြီး လုပ်ခိုင်းရပါတယ်။ သူတို့သုံး ဦးကို SDN List က (စာရင်းပယ်ဖျက်ပေးတာ Deregister လို့ ခေါ်ပါတယ်)။ တတိယတန်းသီးကတော့ KIA ရဲ့ REE ကို US သွားပြီး ဈေးဗန်းခင်းတဲ့ကိစ္စပေါ့။ ကိုရွှေကျီးကလည်းဗျာ တစ်ပြိုင်နက်တည်း ထန်းသီးသုံးလုံး သွားနင်းလိုက်တော့ ငပိန်းတွေရွာလည်ပြီး Analysis တွေ Deduction တွေ ဆွဲလိုက်တာ ဒေါ်နယ်လ်ထရမ့်တောင် နဂိုကမှ အီရန်ဓာတ်ပေါင်းဖို ပျက်စီးမှုသုံးသပ်ချက် အဖြေမထွက်ခင်မှာ National lntelligence Agency က Analyst တွေ၊ မြန်မာငပိန်းတွေ 'ဖောရှော' လုပ်လိုက်တာရယ်၊ မြန်မာ့မီဒီညာလောကရဲ့ 'ဖြစ်ချင်တာကို ကြံဖန်ပြီး သတင်းလုပ်ရေးတတ်တဲ့ အကျင့်ကြောင့် Overtime ဆင်းကုန်ရတယ်'လို့ ဆိုပါတယ်။
ငပိန်းတွေသုံးသပ်တာက US က မြန်မာ့ REE (Rare Earth Elements) တွေ လိုချင်တာကြောင့် ခရိုနီစီးပွားရေးသမားသုံးယောက်ကို လွှတ်ပေးလိုက်တယ်။ မြန်မာအစိုးရဆီက REE တွေ ဝယ်လို့ရအောင် လော ကွတ်လုပ်ပြီး မကြာခင် မြန်မာအပေါ်ချထားတဲ့ Sanctions တွေဖြုတ်တော့မယ်၊ နယ်စပ်မှာ သောင်းကျန်းသူတွေဆီက REE တွေ ဝယ်နေတဲ့ တာကောကြီး ဘဝပျက်ပြီး အစိုးရချင်း ဆက်ဆံရေးပျက်ရင် ရွေးကောက်ပွဲ ကိုပါ ထိခိုက်နိုင်တယ် စသည်ဖြင့် 'လေသေနတ်' ပစ်ပါတော့တယ်။ ပြောချင်တာက မြန်မာက REE ကြောင့် US နဲ့ ဆက်ဆံရေးတွေ ကောင်းလာနိုင်တယ်ဆိုတဲ့ တောင်စဉ်ရေမရ သုံးသပ်ချက်တွေ ထွက်လာတာ အံ့သြတာပါ။ ဘယ်အချက်အလက်တွေကို အခြေခံပြီးပြောတာမှန်းကို မသိတာပါ။
လက်ရှိအခြေအနေမှာ မြေရှားကို ဘယ်သူတွေကထုတ်ပြီး ဘယ်ကိုရောင်းနေတယ်။ အဲဒီနယ်တွေမှာ ဘာတွေဖြစ်နေတယ်ဆိုတာကို ပြည်သူတွေက သိပုံမရပါဘူး။ လက်လှမ်းမီသလောက် လိုက်ရှာကြည့် လိုက်တော့ Statista ရဲ့ ဖော်ပြချက်အရ မြန်မာရဲ့ (Rare Earth Oxide) REO ထုတ်လုပ်မှုဟာ ၂၀၂၃ မှာ မက်ထရစ်တန် ၃၈၀၀၀ ရှိပြီး ကမ္ဘာမှာ စတုတ္ထအများဆုံး တင်ပို့သူဖြစ်ကြောင်း ဖော်ပြထားပါတယ်။ တန်ကြေး အရှိဆုံးက မြေရှားမှာ Terbium နဲ့ Dysprosium က တန်ဖိုးရှိပြီး ကချင်ပြည်နယ် ပန်ဝါပတ်ဝန်းကျင်မှာ ထွက်ပါတယ်။ ၂၀၂၃ မှာ မက်ထရစ်တန် ၄၂၀၀၀ ထွက်ပါတယ်။ တရုတ်ပြည်ကို နယ်စပ်ဖြတ်ကျော်ပြီး ထုတ်တာပါ။ Global Witness ရဲ့ ကိန်းဂဏန်းတွေအရ ၂၀၂၁ မှာ မက်ထရစ်တန် ၁၉၅၀၀ ဖြစ်ပြီးတော့ ၂၀၂၃ မှာ မက် ထရစ်တန် ၄၁၇၀၀ (နှစ်ဆလောက် တက်လာပါတယ်။ တိုက်ပွဲကာလ ဖြစ်ကြောင်းကို သတိပြုပါ) CNBC ရဲ့ ကိန်းဂဏန်းချင်းလည်း တူပါတယ်။
၂၀၂၃ မှာတော့ Heinrich Boll Foundation ရဲ့ သုံးသပ်ခန့်မှန်းချက်အရ မြန်မာက Terbium နဲ့ Dysprosium တွေကို တရုတ်ပြည် နယ်စပ်လမ်းက တင်ပို့မှုဟာ ကမ္ဘာ့ထွက်ရှိမှုရဲ့ ရာခိုင်နှုန်း ၆၀ ဖြစ်တယ်လို့ဆိုပါတယ်။ တရုတ်ပြည်ရဲ့ အထွက်နှုန်းထက်တောင်များကြောင်း သိရပါတယ်။ Afamas lntelligence စာရင်းအရ ကတော့ ၂၀၂၃ မြန်မာ့ REO(Rare Earth Oxide) အထွက်နှုန်းဟာ ကမ္ဘာ့အထွက်နှုန်းရဲ့ ရာခိုင်နှုန်း ၂၀ သာရှိခဲ့ပြီး Terbium နဲ့ Dysprosium က ၅၇ ရာခိုင်နှုန်း ပါဝင်ပါတယ်။ ISP - Myammar ကတော့ ငွေတန်ဖိုးနဲ့ ဖော်ပြရာမှာ ၂၀၁၇ - ၂၄ ကာလတစ်လျှောက် REE Exports ဟာ လေးဘီလီယံဖြစ်ပြီး ၃ ဒသမ ၆ ဘီလီယံ ဟာ ၁၀၂၇ စစ်ဆင်ရေးကာလ ၂၀၂၁/၂၄ အတွင်းမှာ တင်ပို့တာ ဖြစ်ပါတယ်။ ၂၀၂၃ ခုနှစ် တစ်ခုတည်းမှာကို ၁ ဒသမ ၄ ဘီလီယံ တင်ပို့ထားပါတယ်။ အခြားသတင်း အခြေအမြစ်အရ ၂၀၂၃ မှာ တရုတ်က ကမ္ဘာအရပ်ရပ်က REE တင်သွင်းမှုဟာ USD ၉၀၀ ဖြစ် ပါတယ်။ RFA က တရုတ်ပြည်က REE တင်သွင်းမှုဟာ ၂၀၂၁မှာ ဒေါ်လာ ၈၁၁ မီလီယံ၊ ၂၀၂၂ မှာ ဒေါ်လာ ၆၁၅ မီလီယံနဲ့ ၂၀၂၃ မှာ ဒေါ်လာ ၇၃၃ မီလီယံဖြစ်ကြောင်း အသီးသီး ဖော်ပြထားပါတယ်။
REE အကြောင်း စတင်ခဲ့တာဟာ ၂၀၁၃ နှစ် လောက်ကတည်းက ဖြစ်ခဲ့ပေမယ့် ၂၀၁၆ မှာပိုလူပြော များလာကြပါတယ်။ အကြမ်းဖျင်းအားဖြင့်တော့ REE ဟာ သတ္တုတိုင်းနဲ့ တွဲဖက်တွေ့ရှိရတတ်တယ်လို့ ဆိုပါတယ်။ သာမန်သတ္တုတွေလို ထုကြီးထည်ကြီးနဲ့ တွေ့ရလေ့မရှိပါဘူး။ မြေကြီးထဲမှာ အထပ်တွေ(Crust) အသွင် နဲ့ရှိနေတာကြောင့် နယ်စပ်တစ်လျှောက်တရုတ်ဘက်မှာ (Refine) သန့်စင်စက်တွေနဲ့ ခွဲထုတ်ရပါ တယ်။ မြေရှားအမျိုးပေါင်း ၁၇ မျိုးလောက်ရှိပေမယ့် သံလိုက်ဓာတ်ပါတာမျိုးမှ တန်းဝင်တာ ဖြစ်ပါတယ်။ စောစောကပြောတဲ့နှစ်မျိုး Terbium နဲ့ Dysprosium တို့သာ ပိုအသုံးများပါတယ်။ EV တွေ၊ တယ်လီဖုန်း၊ ဆေးဘက်၊ ကာကွယ်ရေး၊ ပစ္စည်းတွေထုတ်လုပ်ရာနဲ့ Wind Turbine တွေ၊ High Tech and Clean Energy အတွက်ပါ သုံးတာမို့ New Oil of the 21st Century လို့တောင် တင်စားခေါ်ဝေါ်ကြပါတယ်။ အကြမ်းဖျင်း မြန်မာ နိုင်ငံမြောက်ပိုင်း တရုတ်ပြည် နယ်စပ်ဒေသတွေမှာ အများဆုံး တွေ့ရပါတယ်။
မြန်မာနိုင်ငံမှာတော့ လက်ရှိ မြောက်ပိုင်းက EAO တွေက သူတို့နယ်မြေတွေထဲမှာ တရုတ်ပညာရှင်တွေနဲ့ စက်ကြီးတွေသုံးပြီး အကြီးအကျယ် ထုတ်နေပါတယ်။ မြေရှားသတ္တုရှိနိုင်တဲ့နေရာတွေမှာ Ammonium Sulphate / Ammoniun Nitrate တွေနဲ့ insitu leaching (Ion Absorption Process) ဆိုတဲ့နည်းနဲ့ ထုတ်ပါတယ်။ တောင်စောင်းတွေကို အပေါက်တွေဖောက်ပြီး အမိုးနီးယားဓာတ်ပေါင်းတွေ လောင်းချပါတယ်။ ပိုက်တွေ သွယ်ပြီး တောင်ခြေမှာ (Collection Ponds)အရည်စစ်ကန် အဝိုင်းကြီးတွေနဲ့စု၊ အနည်ထိုင်အောင် လုပ်ပါတယ်။ ပြီးတော့မှ (Oxalic Acid) နဲ့ REE ကို ပြန်ဖမ်းရပါတယ်။ အဲဒီနောက် (Semi Finished Product) အနေနဲ့ ထုတ်ပါတယ်။ ဒီနည်းဟာ ဈေးသက်သာပြီး ပတ်ဝန်းကျင်ကို အလွန်ညစ်ညမ်းစေပါတယ်။ မိုးတွင်းမှာ မိုးရေနဲ့ရေဆိုးတွေဟာ ချောင်းတွေ၊ မြစ်တွေထဲအထိ စီးဝင်ကုန်ပါတယ်။ ပတ်ဝန်းကျင်သာမက မြစ်ခြေ ညစ်ညမ်းမှု (Downstream Pollution)ပါ ဖြစ်စေတဲ့နည်း ဖြစ်ပါတယ်။ မျောက်အားလုံး ဒီအကျိုးစီးပွားနဲ့ ရှင်သန်နေတာပါ။
REE နဲ့ ကျိတ်ပြီး စီးပွားဖြစ်နေတာက အထူးဒေသ(၁)ကနေ စလိုက်တာပါ။ ဒါကို KIA ကသိတော့ အဲဒီနယ်ထဲ ဝင်တိုက်ပြီး သိမ်းယူလိုက်ပါတယ်။ တစ်စတစ်စ REE တန်ကြေးရှိတော့ ကျန်တဲ့လူတွေလည်း စီးပွားဖြစ် Mommercial Scale လိုက်ထုတ်ပါတယ်။ လူကြားကောင်းအောင် အော်တော့ တော်လှန်ရေးပေါ့။ အခုနောက်ဆုံး ပူပူနွေးနွေးထွက်လာတဲ့ လိုင်းပေါ်က သတင်းအရ လက်နက်ကိုင်အဖွဲ့ခေါင်းဆောင်တွေ ဟာရှန်ဟိုင်းမှာတောင် ဒေါ်လာသန်းချီ တန်တဲ့ အိမ်တောင် မဟုတ် Mansion လို့ ခေါ်ရမည့် အိမ်ကြီးရခိုင်တွေနဲ့ ယွမ်သိန်းသန်းနဲ့ချီတဲ့ ငွေစာရင်းနဲ့ တော်လှန်ရေးအသီး အပွင့်တွေ ခံစားနေကြပါပြီ။ ဒါကိုသိလို့ တရုတ်အစိုးရက မကြာသေးခင်ကပဲ ဝက်အူကျပ်ပေးလိုက်တော့ 'နှစ် ၄၀ မှ အကျပ်တည်းဆုံး အခြေအ နေနဲ့ ကြုံရပါတယ်'ဆိုတာ ကမ္ဘာကို ပြောတိုင်လေး Drama ရိုက်ပြလိုက်ပါတယ်။ ဟုတ်ပါတယ်။ အရင်လို နေချင်သလိုမနေရတော့ ကျပ်တည်းတယ်လို့ အမှန်အတိုင်းပြောတာ နားထောင်ရတာပါ။
ဒီတော့ မူလ ခြေဆင်းလေးအတိုင်း ပြန်ကောက်ရရင် 'သယံဇာတ'ဆိုတာ 'မရှိမကောင်း ရှိ မကောင်း၊ မရောင်းလည်းခက် ရောင်းလည်းခက်'ဆိုတာ REE ကို ဆိုလိုတာပါ။ သိုက်သွားတူးတဲ့ သိုက်ဆရာ မပိုင်လို့ကတော့ ]မြေပြင်ရေထင်၊ လက်ပစ်ကူးရမည့် ဇာတ်လမ်း}ပါ။ အိမ်နီး ချင်းတွေ ပြဿနာဖြစ်အောင် လုပ်တာ ဝိသမလောဘသား စီးပွားရေးသမားနဲ့ အကျင့်ပျက် ဝန်ထမ်းဆိုတာ 'လက်တွေ့ခံစားရတဲ့ ပြည်သူ'ပဲ သိပါတယ်၊။ တရုတ်ဘက်မှာရော၊ မြန်မာဘက်မှာပါ အခု ကြိမ်မီးအုံးသလို တငွေ့ငွေ့ လောင်နေတာ (နာမဝိသေသန မတပ်ကောင်းတဲ့ နှစ်နေရာ) ဇာတ်ဆောင်တွေက လုံခြုံရေးတာဝန်ယူ ရတဲ့လူတွေ၊ ဗဟိုနဲ့ဝေးနေတော့ ထင်တိုင်းကြဲကြတာ ဇာတ်ပေါင်းတော့ ထွက်လာတဲ့အက္ခရာ က (၁၀၂၇) ဖြစ်ပါတယ်။ ပြဿနာကြီးကြီး ဖြစ်လိုက်ရင် ကြည့်လိုက် Extractive lndustries တွေက စတာချည်းပါပဲ။ အမည်ခံ တော်လှန်ရေးသမားတွေကလည်း လူအထင်ကြီးအောင်အော်တော့ 'မူဝါဒကို တော်လှန်မယ်'တဲ့။ တကယ်လုပ်တော့ 'မြေကို ဒိုဇာနဲ့ သွားလှန်တာ}။
မြန်မာကို သဘာဝက မြေထဲရော၊ ရေထဲမှာ ပေးထားတဲ့ သယံဇာတတွေဟာ အများကြီးပါ။ ကျွန် တော်တို့ စနစ်တကျ စီမံခန့်ခွဲတတ်ဖို့ပဲ လိုတာပါ။ နိုင်ငံတော်အတွက် ဝင်ငွေတွေများ၊ အခွင့်အလမ်းတွေ များသလို (Dutch Disease) အပြစ်ဖြစ်ပြီး သယံဇာတကျိန်စာ (Resiurce Curse) သင့်သွားမှာလည်း စိုးရပါတယ်။ အခု REE ကိစ္စဟာ (Strategic Mineral) ဖြစ်တဲ့အတွက် အလွန်သိမ်မွေ့ပါတယ်။ ကိုင်တာတွယ်တာ အမှား မခံပါဘူး။ Geopolitical Implication အလွန်ကြီးတဲ့အတွက် ဒီအချက်ကို ထိပ်တန်းတင် စဉ်းစားရမှာပါ။ အခုဟာက တိုင်းရင်းသားတွေနယ်ထဲမှာ ဖြစ်နေတာပါ။ တစ်ချိန်မှာ ဗဟိုအစိုးရက မလွဲမသွေ ကိုင်တွယ်ရမှာပါ။ ကိုယ့်တာဝန် လုံးလုံးလျားလျားဖြစ်မှာပါ။ စိတ်ဝင်စားသူတွေမေးလို့ ဖြေရတဲ့အချိန်မှာ အမြဲ ဒီခံယူချက်အတိုင်းပဲ ပြောပါတယ်။ ကျွန်တော်တို့ဟာ အခုပေါ်လာတဲ့ သယံဇာတစစ်အေးတိုက်ပွဲ (Resource Cold War)မှာ နယ်ရုပ်ကလေး Pawn အဖြစ် ခံလို့မရပါဘူး။ မြန်မာဟာ ဒီ Strate-gic Global Logistic Supply Chain ကြီးမှာ Responsible Supplier တာဝန်သိတဲ့ ပါဝင် ဖြည့်ဆည်းပေးသူ တစ်ဦးအနေနဲ့ ပတ်ဝန်းကျင်နဲ့ အထူးသဖြင့်တော့ အချုပ်အခြာအာဏာ (Soverignity)ကို အထိအရှမခံဘဲ သိက္ခာရှိရှိ ပါးနပ်စွာ ကိုင်တွယ်နိုင်ဖို့ပဲ လိုပါတယ်။
ဒီသယံဇာတတွေဟာ ခံယူချက် ပြည့်ဝတဲ့ မဟာတော်လှန်ရေး ခံယူချက်နဲ့အညီဆိုရင် တစ်ချိန်မှာ ဖက်ဒရယ် မျှေ၀အကျိုးခွဲဝေရေးမူနဲ့ သွားမှဖြစ်မှာပါ။ ဒီတော့ (Post Election Scenerio) မှာ ဘက်စုံ Holistic REE Policy Framework တစ်ရပ်ပေါ်ပေါက်လာဖို့တော့ တတ်သိနားလည်သူတွေက Governance and Legal Framework / Environmental Protection/Social Res-ponsibility /:Economic Policy / lnternational Stand-ards and Partnerships / Security and Geopolitical Strategy စတဲ့အချက်တွေ ပါဝင်အောင် Rare Earths Extraction and Export Policy တစ်ရပ် ရေးဆွဲအ ကောင်အထည်ဖော်နိုင်ပါစေလို့သာ ဆန္ဒပြုအပ်ပါတယ်။ (ဖိုးခွား)
(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၃၃ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )