ဆီစက်လုပ်ငန်းရှင်များအား နိုင်ငံ့စီးပွား မြှင့်တင်ရေး ရန်ပုံငွေမှ ကျပ်သန်းပေါင်း ၄၀၀၀ ကျော် ထုတ်ချေးပေးထား

ရန်ကုန်၊ နိုဝင်ဘာ ၁၃
    ဆီစက်လုပ်ငန်းရှင်များအား နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေမှ ကျပ်သန်း ပေါင်း ၄၀၀၀ ကျော် ထုတ်ချေးပေးထားကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးမင်းထွဋ်က ပြောကြားခဲ့သည်။
    စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး၊ အစည်းအဝေးခန်းမတွင် နိုဝင်ဘာ ၇ ရက်က ကျင်းပခဲ့သည် ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေးချေးငွေစီမံခန့်ခွဲမှု လုပ်ငန်းအဖွဲ့၏ (၃/၂၀၂၄-၂၀၂၅) ကြိမ်မြောက် အစည်းအဝေးတွင်  ဒုတိယဝန်ကြီးက ယင်းသို့ ထည့်သွင်းပြောကြားခဲ့သည်။
    ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေးချေးငွေ စတင်ထုတ်ချေးသည့် ၂၀၂၃ ခုနှစ် ဇူလိုင်လမှစပြီး ယနေ့အထိ Participating Financial Institutions (PFI) ဘဏ်နှစ်ဘဏ်ဖြစ်သော မြန်မာ့စီးပွားရေးဘဏ်နှင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်တို့မှ နေပြည်တော် ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီး / ပြည်နယ်ကိုးခုမှ ဆီစက်လုပ်ငန်းရှင် ၃၄ ဦးကို ချေးငွေကျပ် ၄၁၉၃ သန်း ထုတ်ချေးပေးခဲ့ပြီးဖြစ်ကြောင်း ဒုတိယဝန်ကြီး ဦးမင်းထွဋ်က ပြောကြားခဲ့သည်။
    ထို့အပြင် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်သော ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေးချေးငွေကို စဉ်ဆက်မပြတ် ထုတ်ချေးရေးအတွက် Participating Finan-cial Institutions (PFI) ဘဏ်များအဖြစ် မြန်မာ့စီးပွားရေးဘဏ်နှင့် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်တို့အပြင် ပြင်ပပုဂ္ဂလိကဘဏ်များ ပါဝင်ဆောင်ရွက်ရေး၊ ချေးငွေနှုန်းထား တိုးမြှင့်သတ်မှတ်ရေးတို့အတွက် အစည်းအဝေး တက်ရောက်လာသူများမှ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ရန် စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးမင်းထွဋ်က ပြောကြားခဲ့သည်။ နဒီ

Total Views ~ 156

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43558

© 2022 - 2025 News. All Rights Reserved.